Wednesday, November 6, 2013

ဘေးထွက်ဆိုးကျိုးများလာသည့် ဖေ့ဘွတ်ကမ္ဘာနှင့် သူတို့စကား


ပြည်တွင်း၌ အင်တာနက်ဖေ့ဘွတ်သုံးစွဲမှု မြင့်မားလာသည်နှင့်အမျှ အကောင့်အမျိုးမျိုးဖွင့်ပြီး ပဋိပက္ခဖြစ်စေနိုင်သည့် သွေးထိုးလှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများသာမက တစ်ဦးနှင့် တစ်ဦး အမုန်းပွားစေမည့် စာများရေးသားနေခြင်းသည်လည်း အသိအမြင်အန္တရာယ်တစ်ခုဖြစ်လာခဲ့သည်။

ဖေ့ဘွတ်ကွန်ရက်ဟူသည် ကမ္ဘာနှင့်တစ်ဝန်းကျယ်ပြန့်စွာချိတ်ဆက်ထားသော လူမှုနက်ဝပ်တစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့်နည်းပညာသင်ယူလေ့လာမှု၊ ဗဟုသု တ ရှာဖွေဆည်းပူးမှုတို့အတွက် ရတနာသိုက်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ ထိုကဲ့သို့ အမုန်းပွားစေသည့် သီးခြားအနက်လည်း ထွက်ပါသေးသည်။ အထူးသဖြင့် တစ်စုံတစ်ရာစစ်ဆေးမှု၊ အရေးယူမှုမရှိဘဲ မည်သည်ကိုမဆို လွတ်လပ်စွာရေးသား ပြောဆိုတင်ပြနိုင်မှုကြောင့်လည်း ဘေးထွက်ဆိုးကျိုးများဖြစ်လာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် တင်လိုက်သည့် စာသားနှင့် ဓာတ်ပုံများသည် ဖေ့ဘွတ်ပေါ်တွင် စက္ကန့်အလိုက်၊ မိနစ်အလိုက် လူပေါင်းများစွာထံသို့ တစ်ပြိုင်နက်တည်း ပျံ့နှံ့ သွားစေနိုင်သောကြောင့်ပင်။ အဆိုပါအခြေအနေများ ဖြစ်လာသောအခါ ဖေ့ဘွတ်မှနေ၍ ယခုအခါ ထိုအမုန်းပွားစာများဖန်တီးရေး သားနေသူများနှင့် စာမျက်နှာ များအား စောင့်ကြည့်ပိတ်သိမ်းရန် မြန်မာ စာတတ်ကျွမ်းသူတစ်ဦးကို ခန့်အပ်ထားပြီဖြစ်သည်။ ယင်းအတွက် ပြည်တွင်းမှ အင်တာနက်ဖေ့ဘွတ် သုံးစွဲနေသူများ ၏ သေ ဘာထားအမြင်ကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဦးဇော်မင်းဦး
(မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အတွင်းရေးမှူး)
အရင်တုန်းက ဖေ့စ်ဘွတ်ဆိုတဲ့အပေါ်မှာ အမုန်းပွားဖွယ် စကားတွေမရှိခဲ့ဘူး။ နောက်ဖေ့စ်ဘွတ်ကလည်း ပေါ်လစီမရှိဘူး။ နောက်ပြီးဖေ့စ်ဘွတ်ပေါ်မှာ လူစုံရှိတယ်။ အထူးသဖြင့်ကလေးတွေပါရှိ တယ်။ ခုဖေ့စ်ဘွတ်ဝင်လာတဲ့အခါမှာ လူ ငယ်တွေများတယ်။ လူကြီးတွေ ဒါ ၁၈ နှစ်အထက်ဆိုရင် သူ့ဦးနှောက်နဲ့သူ မှန် တယ်မှားတယ် ဆုံးဖြတ်နိုင်တယ်။ ဒါပေ မဲ့ ဒီမှာက ၁၂ နှစ်အောက်ဆို ဖေ့စ်ဘွတ် စသုံးနေပြီ။ အဲဒီအခါမှာ ၁၂ နှစ် အရွယ် ကလေးတွေက သူများတွေပြောတဲ့ဟာ မှာ မှန်တယ်လို့ ထင်သွားနိုင်တယ်။ အဲဒီ တော့ ဖေ့စ်ဘွတ်လည်းပါတယ်။ နောက် ဒါနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း တွေရော အကုန်ဝိုင်းသုံးသပ်ပြီးေ တာ့ ဖေ့စ်ဘွတ်ကို ပြော တဲ့အခါ မှာ ဖေ့စ်ဘွတ်ကထည့်တာ ပါ။ မြန်မာပြည်အတွက်တစ်ခုတည်း အထူး မဟုတ်ပါဘူး။ တချို့က မြန်မာပြည်အ တွက် စပါယ်ရှယ်လုပ်တယ် ထင်တယ်။ အဲဒါက မဟုတ် ပါဘူး။

ဖေ့စ်ဘွတ်ပေါ်မှာ ရေးကြသားကြတဲ့အခါမှာ တချို့က ကိုယ့် အမြင်နဲ့ ကိုယ်ပြောတယ်ဆိုပေမယ့် ဟုတ်ချင်မှလည်း ဟုတ်မှာ။ အမှန်တရား လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါကို ဖတ် ကြည့်ပြီး အမှန်လို့ထင်သွားနိုင်တယ်။ ဒါ ကြောင့် တချို့ကလေးတွေအတွက် ဒီလို စောင့်ကြည့်ပြီး ဖြုတ်ချတာတို့ ဘာတို့ လုပ်မယ်ဆိုတာ ကောင်းပါ တယ်။ကျွန်တော့် အမြင်ပြောရရင် ခုခက် တာက ဖေ့စ်ဘွတ်တို့ အင်တာနက်တို့ဆို တာ ခုမှစပြီးဖွင့်ပေးတယ်။ သုံးရတယ်။ စကားလုံးအနေနဲ့ ပြောရရင် အသစ်။ နောက်ခုန ကပြောတဲ့အ ထဲမှာ ကလေး တွေက တကယ်ကို ထိတွေ့ခံစားခဲ့ရတဲ့ လူမျိုးထက် ဒီဖေ့စ်ဘွတ်တို့ အင်တာ နက်တို့ သုံးတဲ့သူမျိုးကို နည်းနည်းအထင် ကြီးတယ်။

ဖေ့စ်ဘွတ် အင်တာနက်သုံး တယ်ဆိုတာ သုံးနိုင်တဲ့သူပဲ။ နိုင်ငံခြား ရောက်နေတဲ့သူတွေလည်းပါတယ်။ အဲဒီ တော့ ဒီထဲကပြောနေတဲ့ဟာတွေက အ မှန်ပဲလို့ဆို တာ မျိုး တော်တော်များများမှာ ရှိနေတယ်။ တချို့တွေဆို ဖေ့စ်ဘွတ်မှာ ဒါလေးတွေခေတ်စားတယ်ဆိုပြီး ဖော်ပြ တာမျိုးလည်းရှိတာပဲ။ အဲဒီတော့ သဘော က ဒါဘာ ကိုပြနေ တာလည်းဆိုရင် ဖေ့စ် ဘွတ်ရဲ့ အကျိုးသက်ရောက်မှုက ကျွန် တော်တို့ တိုင်းပြည်မှာ တော်တော်ရှိတယ်။ တော်တော်ကြီးတယ်။ တခြားနေရာဒေသ ကိုတော့ မပြောနိုင် ဘူး။ ကျွန်တော်တို့ဆီ မှာတော့ကြီးတယ်။ ဖေ့စ်ဘွတ်မှာဘာပြော တယ်၊ ဖေ့စ်ဘွတ်မှာ ဘယ်သတင်းကဘယ် လိုဖြစ်တာဆိုတာမျိုး ဒါက အကျိုး သက် ရောက် မှု တော်ေ တ်ာကြီးတဲ့ အကျိုးသက် ရောက်မှု။ ကျွန်တော်တို့က ခုမှစသုံးခါစ ဖြစ်တာကြောင့် ခုနပြောသလို လူငယ်တွေ စိတ်ထဲမှာ ဒါက ဟုတ်တယ်။ မှန်တယ် လို့ တော်ေ တ်ာများ များ ထင်နေသေးတယ်။ နောက်တော့ သူ့ဟာနဲ့သူ ညီသွားမှာပါ။ ပြောရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ဖေ့စ်ဘွတ် ရဲ့ အကျိုးသက်ရောက်မှုက ရှိနေပါတယ်။

ကိုကိုရဲ
(Ubuntu Myanmar LoCo Team)
တခြားဘာသာစကားတွေအတွက်ကျတော့ machine detection ရှိတယ်။ ဒါပေမဲ့ မြန်မာအတွက် အဲဒီစနစ်သုံးလို့ မရတော့ ရီပို့တွေတက်လို့ရှိရင် သူတို့က ကြည့်လို့ မရဘူး။ အဲဒီအတွက် မြန်မာစာတတ်တဲ့ ဝန်ထမ်းကိုခန့်တယ်လို့ ပြောသံကြားတယ်။ အဲဒီတော့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ နွယ်တာတွေရေးရင် သူတို့က စိစစ် လို့ရသွားပြီ။ တစ်ခါတလေ ပုံတွေက ရိုးရိုးပုံတွေဖြစ်နေပြီး စာကမှ အမုန်းပွားဖွယ်ဖြစ်နေရင် ဘယ်လိုမှ ရီပို့လုပ်လို့မရဘူး။ အဲဒီတော့ အဲဒါမျိုးတွေဆိုရင် ခုလို ဝန်ထမ်း ခန့် ထားတော့ စိစစ်လို့ရသွားတာပေါ့။ အင်္ဂလိပ်စာမှာတောင် ရီပို့ပေးလို့မရအောင် လုပ်လို့ရတယ်။ ရေးလို့ရတယ်။ သံတူကြောင်းကွဲ တွေနဲ့ပေါ့။ အဲဒီတော့ ဝန် ထမ်းနဲ့ဆို တာ ကောင်းပါတယ်။
တခြားနိုင်ငံတွေမှာတော့ ဖေ့စ်ဘွတ်တစ်ခုတည်းမဟုတ်ဘူး။ တခြားတွစ်တာတို့ ဘာတို့သုံးကြတယ်။ ကျွန်တော်တို့ဆီမှာက ဒီဖေ့စ်ဘွတ်ကိုပဲ သတင်းထုတ်ပြန် တဲ့ မီဒီ ယာတွေရော အသုံးပြုသူတွေရော အားလုံးက သုံးကြတယ်။ ကျန်တဲ့ ဆိုရှယ်မီဒီယာတွေလည်း သိပ်မသုံးဘူးဆိုတော့ ဒီပေါ်မှာက တော်တော်များတယ်။ သတင်း ပြန့် တာ လည်း အရမ်းမြန်တယ်။ ဖြန့်လိုက် ရင်တစ်နေ့မဟုတ်ဘူး အချိန်ပိုင်းနဲ့ ပြန့် တာ။ အဲဒီတော့ သတင်းထုတ်ပြန်ချင်တဲ့ သူလည်းသုံးတယ်။ ခုနပြောသလို ဖွချင် တဲ့သူ လည်း သုံးတယ်။ ဟုတ်တာမဟုတ် တာအပထား၊ ဖွချင်ပြီဆိုတာနဲ့ သုံး တယ်။ အဲဒါမျိုးကျရင် ရီပို့လုပ်တဲ့ ပုံနဲ့ တိုက်စစ်မယ့်ပုံက များနေမယ်ဆို သူတို့ ကကျော်သွားမယ်။ အဲဒီေ တာ့ စက်နဲ့စစ် တာထက်စာရင် လူနဲ့စစ်တော့ ပိုမြင်တာ ပေါ့။ ဖေ့စ်ဘွတ်က တကယ်တော့ ထိခိုက် နိုင်ပါတယ်။

ကိုအာကာဗိုလ်
(၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က တော့ကြိုဆိုတယ်။ ဒီဖေ့စ်ဘွတ်ဆိုတာ လူ တိုင်းသုံးနေကြတာဆိုတော့ ဘာသာရေး၊ လူမျိုးရေးတွေရေးလာတာများရင် အဆင် မပြေဘူး။ အဲဒီတော့ ဖေ့စ်ဘွတ်ဘက်ကပဲ လုပ်လုပ် ဒီဘက်က တာဝန်ရှိတဲ့သူကပဲ လုပ်လုပ်ကောင်းပါတယ်။ နည်းပညာပိုင်း တွေမှာ ဒီကအားနည်းတဲ့အတွက် သူတို့ ဘက်က ခုလို မျိုးလုပ်ပေးလိုက်တယ်ဆို တာသင့်တော်ပါတယ်။ ကျွန်တော်တို့ဘာ သာစကားက အွန်လိုင်းမှာဆို အခက်အခဲ ရှိတယ်။ ရှာဖွေရေးပိုင်းမှာရော၊ ရှာမရ တာတွေ အစစ အရာရာ အခက်အခဲရှိတယ်။

ပြီးခဲ့တဲ့လပိုင်းတွေကဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေမှာ ဒီလူမှုစာမျက်နှာတွေရဲ့ ထိခိုက် မှုက တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်ဗျ။ ဖေ့စ်ဘွတ်က အသုံးပြုသူအချင်းချင်းပဲသိ ပြီး ဖေ့စ် ဘွတ်ပေါ်မှာပဲ ပြီးသွားမယ့် ကိစ္စ မျိုးတော့မဟုတ်တော့ပါဘူး။ အဖွဲ့အစည်း တွေ၊ အသုံးပြုသူတွေက ကိုယ့်ရဲ့ မိုဘိုင်း ဖုန်းတွေနဲ့သွားလေရာ အသုံးပြုလာနိုင် တယ်။ အဲဒီအတွက် ကောလာဟလတွေ လည်း လျင်မြန်စွာပျံ့နိုင်တယ်။ တကယ်လို့ ဖုန်းဆက်ပြောမယ်ဆိုရင်တောင် ဒီလောက် လွယ်မှာ မဟုတ်ဘူး။ ဘာလို့ လဲဆိုေ တာ့ ဖေ့စ်ဘွတ်က သက်သေသာဓကနဲ့ ဓာတ် ပုံနဲ့စတာမျိုးတွေဖြစ်နေနဲ့အခါကျတော့ ယုံကြည်ကြတာလည်းပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်က အပြင်လော ကအတွက် အ ကျိုးသက်ရောက်မှုရှိတယ်ဆိုတာတစ်စိတ် တစ်ပိုင်းတော့ ဟုတ်တယ်ဗျ။ ဟုတ်တယ် ဆိုတာလည်း ကျိန်းသေတယ်။ ကျိန်းသေ တယ်ဆိုတာကတော့ အားလုံးပြောနေတဲ့ အရာတွေကို ဖေ့စ်ဘွတ်က ကန့်သတ်မှာ မဟုတ်ဘူး။ ကန့်သတ်ရလောက်အောင် လည်း သူတို့မှာ စည်းမျဉ်းတွေရှိပြီးသား။လူနည်းစုတစ်စုကနေ ဘာသာရေး လူမျိုး ရေးနွယ်တဲ့ပုံစံမျိုးလုပ်တာ ကျွန်တော်တို့ နိုင်ငံမှာမှ မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာ လည်း ရှိတယ်။ ဒါကြောင့် ကိုယ့်ဘက်က ဘာမှထူးထူးခြားခြား အမှားအ ယွင်းမ ရှိဘူး ဆိုရင် ဒါကို စိုးရိမ်စရာမလိုပါဘူး။ လွတ် လွတ်လပ်လပ်သတင်းကို ဖလှယ်နိုင်တယ် လို့ မြင်ပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ တာဝန်ယူမှု ကတော့ရှိဖို့ လို တယ်။ ဒီလူမှုကွန်ရက်စာမျက်နှာကို သုံးပြီဆိုလို့ရှိ ရင်တတ်နိုင်သမျှ ဖြစ်သင့်တာကတော့ ကိုယ့်တကယ့်ဓာတ်ပုံကိုအသုံးပြုပြီး သုံးသင့် တယ်။ နောက်ကိုယ့်ကို ဆက်သွယ် လို့ရမယ့် email လောက်တော့ တင်ထားသင့်တယ်။ အဲဒီ လိုမျိုးလုပ်ပြီး လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့ ထင်မြင်ချက်တွေကိုချပြရင် ပို ကောင်းတယ်။

မြင့်မြတ်အောင် (Fb.Rino Chocalate)
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ မန္တလေး
ဖေ့စ်ဘွတ်ပေါ်က ဘာသာရေး၊ လူ မျိုးရေးတွေ ရေးသားမှုတွေအပြင်မှာ သက်ရောက်မှု ရှိ၊ မရှိဆိုတာ ဆန်းစစ် သုံးသပ်တဲ့အပေါ်မူတည်ပါတယ်။ အခြေ အနေကို နား လည်ပြီး ဥာဏ်ရှိရှိ ဆုံးဖြတ် သုံးသပ်ဖို့ပဲလိုတယ်လို့ ထင်ပါတယ်။ Hate Speech ရေးနေတဲ့အပေါ် ဝန်ထမ်းတစ်ဦးထားပြီး စောင့်ကြည့်တဲ့ အပေါ်ဆိုရင် သူတစ်ပါးကို ထိခိုက်တာ ဘာမှ မကောင်းပါဘူး။ ဖေ့စ်ဘွတ်ရဲ့ ရည် ရွယ်ချက်ကလည်း အဓိက မိတ်ဆွေတိုးပွားလာဖို့၊ Information တွေ အမြန်ဆုံး မျှဝေဖို့နဲ့ ကောင်းဖို့ ရည်ရွယ် ထား တာလေ။ အမုန်းတွေပွားဖို့ တည်ထောင်ထားတာမှ မဟုတ်တာ။ အခုမှ တွင်တွင်ကျယ်ကျယ် သုံးရတာဆိုလည်း ကိုယ့်ဘာသာတွင်တွင် ကျယ်ကျယ်သုံးပေါ့။ သူတစ်ပါးကို မထိ ခိုက်ဘဲလည်း သုံးလို့ ရပါတယ်။ဝန်ထမ်းခန့်ပြီး စောင့်ကြည့်တဲ့အ ပေါ် ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်သုံးရတာ စိတ်ချမ်းသာတာပေါ့။ ကောင်း ဖို့ရည် ရွယ်ထားတဲ့အတွက် ကောင်း တဲ့ဘက်၊ ကောင်းတဲ့အမြင်နဲ့ပဲ အသုံးချ စေချင်ပါတယ်။

ထက်ဝေ (ကျောင်းသား၊ ရောက်တတ်ရာရာပေ့ခ်ျ ထောင်ထားသူတစ်ဦး – မန္တလေး)
တကယ်တော့ဖေ့စ်ဘွတ်ပေါ်မှာ ပေ့ခ်ျ ထောင်တယ်ဆိုတာ ကိုယ်တစ်ယောက် တည်းအတွက်ကိုကြည့်လို့ မရပါဘူး။ ဖေ့စ် ဘွတ်ရဲ့ သဘောသဘာဝကိုက Socialသုံး တာဖြစ်တဲ့အတွက် မိမိတစ်ယောက် တည်းအတွက်ကိုလည်း ကြည့်လို့မရပါ ဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ ပေ့ခ်ျကလည်း အမျိုးမျိုးရှိပါတယ်။ သတင်းပေးတဲ့ပေ့ခ်ျ လည်းရှိတယ်။ ရယ်ရွှင်စရာ၊ ရယ်မော စရာ၊ ဟာသပေ့ခ်ျတွေလည်း ရှိတယ်။ ဘာသာရေး၊ လူမှုရေး ပေ့ခ်ျတွေလည်း ရှိတယ်။ အားကစားအကြောင်း၊ ကားအ ကြောင်း ပေ့ခ်ျတွေ လည်းရှိ တယ်။ ကျွန် တော်တို့ လူငယ်အခေါ်အဝေါ်ကတော့ လေတိုက်တဲ့ ပေ့ခ်ျခေါ်တာပေါ့ (တစ် နည်းအားဖြင့် Troll လုပ်တဲ့ပေ့ခ်ျ) ပေါ့ ဗျာ။ သတင်းပေး တဲ့ ပေ့ခ်ျဆိုရင်လည်း သတင်းအမှားတွေ မပေးမိအောင် သတိ ပြုသင့်ပါတယ်။

ဟိုတစ်လောကဆိုရင် ခဏခဏ သတင်းအမှားတွေ ထွက်ထွက်လာတယ် ဗျ။ ဘာသာရေးပဋိပက္ခနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ တင်လာတဲ့ သတင်း အမှားတွေ အတွက်ကျတော့ လူတွေ အတွက် နစ်နာစရာတွေ အများကြီးရှိနိုင် ပါတယ်။ လူတစ်ယောက်ရဲ့ အမှားအ တွက်နဲ့ပေါ့ဗျာ။ ဟာသပေ့ခ်ျတွေ၊ ရယ် မောစ ရာပေ့ခ်ျတွေမှာ ဆိုရင်လည်း ဒီလို ပါပဲ။ အဲဒီပေ့ခ်ျတွေမှာဆိုရင် တစ်ခါတ လေကျရင် သရော်စာလေးတွေပါတတ် တယ်။ အဲသရော်စာလေးတွေက လူတွေ အတွက် ရယ်မောစရာ လို့ဆိုပေမယ့် တစ် ဖက်လူအတွက်တော့ နစ်နာစရာ ထိခိုက် စရာတွေဖြစ်တတ်ပါတယ်။ သူဒီသရော် ထားတဲ့ စာလေးတွေက မှန်နေရင်လည်း တစ်ဖက်သားအတွက် ဘာမှမဖြစ်ဘူးပေါ့ ဗျာ။ နောက်ပြီး အခုကဘာသာရေးပေ့ခ်ျ တွေ အရမ်းကိုရှုပ်ထွေးနေတယ်။ ဘာသာ ရေးနှစ်ခု တိုက်ခိုက်ပုတ်ခတ်နေကြ တာ။ အရမ်းကို မြင်မကောင်း၊ ရှုမကောင်းတွေ့ နေရတယ်။

ဘာသာဝင်တချို့ကလည်း ပေ့ခ်ျတွေထောင်ပြီး တခြားဘာသာ မကောင်းကြောင်း တိုက်ခိုက်ကြတယ်။ ရိုင်းပြတဲ့ စာသားတွေနဲ့တပ်ပြီး  ပုံတော် တွေမှာ ကွန်ပျူတာနဲ့ Photo Edit တွေ လုပ်ပြီး ဝါဒဖြန့်ကြတယ်။ ကိုယ့်ဘာသာ ဝင်တွေလည်းထိုနည်းတူပါဘဲ။ တခြား ဘာသာမကောင်းကြောင်း ပေ့ခ်ျတွေထောင် ပြီး ပုတ်ခတ်တိုက် ခိုက်ကြ တယ်။ ကျွန်တော် လည်းအစက တခြားဘာသာဝင်တွေ ထောင်ထားတဲ့ ပေ့ခ်ျတွေကို ကြည့်ပြီး ဒေါသဖြစ်မိတယ်။ စိတ်တိုမိတယ်ပေါ့ ဗျာ။ နောက်ပိုင်းကျတော့ ကိုယ့် ဘာသာ ဝင်တွေကပါ ပေ့ခ်ျတွေထောင်ပြီး ပုတ် ခတ် တိုက်ခတ်ကြတာ တွေ့ရလာတယ်။ နောက်ပိုင်းကျတော့ ဘာသာနှစ်ခုကြား က ပေ့ခ်ျတွေပွစိတက်လာပြီး ထိန်းမနိုင် သိမ်းမရ မြင်မကောင်း၊ ရှုမကောင်း ဗရုတ်သုတ်ခကို ဖြစ်လာကြတယ်။ အဲဒီ ကိစ္စနှစ်ခုရဲ့ အဓိက အကြောင်းအရင်း ကတော့ ပြေလည်အောင်ဖြေရှင်းနိုင်မယ့် အဖြေကို လူတွေက မရှာချင်ကြဘဲ ပြဿ နာတွေပဲ လူတွေကထပ်ပြီး ရှာဖွေနေကြ တယ်လေ။

ကျွန်တော်ကတော့ Hate Speech ရေးနေတဲ့အပေါ် ဝန်ထမ်းတစ် ဦးထားပြီး စောင့်ကြည့် ဖို့ ခန့်အပ်ထား တယ်ဆိုတဲ့ ကိစ္စရပ်ကို ကျွန်တော်က တော့ ထောက်ခံတယ်။ ဘာလို့လဲဆို တော့ အခုဟာက Hate Speech  တော် တော်များ များက ရုပ်ပျက်ဆင်းပျက် ဖြစ် ပြီး အလွန့်ကို ရိုင်းပြတဲ့ အပြုအမူတွေပါ လာတယ်။ ထားလိုက်ပါ မာမား ရယ် လူ စိတ်မရှိတဲ့ လူတွေကို။ ကျွန်တော် က တော့ ထောက် ခံတယ်ဗျာ။ ဘာလို့လဲဆို တော့ လူတော်တော်များများ ပစ်စလက် ခတ်ဆန်လာကြတယ်။ ရိုင်းပြတဲ့ အမူ အရာ တွေ စာသားတွေလည်း ပါလာကြတယ်။ လူတွေက အရင်တုန်းကအစိုးရက ပိတ် ပင်ထားတုန်းကကျတော့ တောင်ပြော မြောက်ပြောပြောတယ်။ အခု နည်း နည်း လေးလည်း ဖွင့်ပေးလိုက် လွှတ်ပေးလိုက် ရော အထိန်းအကွပ်မဲ့ချင်လာတယ်။ အရင်တုန်းကဆို လူတွေက ပါးစပ်တောင် ကျယ်ကျယ်ဟရဲကြတာ မဟုတ်ဘူး။ အခု ကျတော့ နည်းနည်းလေးလည်း ဖွင့်ပေး လိုက်ရော ဟောင်ဖွာဟောင်ဖွာ လုပ်လာ ကြတယ်။ စည်းကမ်းမရှိချင်ကြတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ကို လူအများအမြင် သင့်တော်၏ မသင့် တော်၏ကို မစဉ်းစားတော့ဘူး။ ကိုယ်တင် ချင်တဲ့ စာသားတွေ လျှောက်တင်ရိုင်းပြ တဲ့ ပုံတွေကိုလည်း တင်ကြတယ်။ အဲဒီအ တွက် ထိန်းကွပ်မှုတစ်ခု လိုအပ်လာပြီ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့ဗျာ။ အခု ခန့်အပ်လိုက်တဲ့ ဝန်ထမ်းကလည်း တည် ကြည်ဖြောင့်မတ်ပြီး ရိုးသားဖို့တော့လိုတာ ပေါ့ဗျာ။ ဒီပုတ်ထဲက ဒီပဲ၊ ဒုံရင်းက ဒုံရင်း ဖြစ်နေရင်တော့ ပိုဆိုးလာပြီး လွှတ်ထားဖို့ပဲ အကြောင်း ရှိတော့တယ်။ အဲဒါကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ။ အရင်အစိုးရလို ပြန်ပိတ်လိုက်မယ်ဆိုရင် တော့ မကောင်းဘူးပေါ့ဗျာ။ အရင်လိုပဲ ဆွံ့အနားမကြား ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ပြန်ဖြစ်သွားမှာပေါ့ဗျာ။ အခုဟာက ဘယ်လိုဖြစ် နေလဲဆိုတော့ အခုဝန်ထမ်းခန့်အပ်တဲ့ ကိစ္စရပ်ကလည်း တစ်ခုရှိတာက ဘေးက ထိန်းကျောင်းပေး မယ့် လူကြီးကလည်းကလေးကို ထိန်း ကျောင်း တတ်ဖို့ တော့ လိုတယ်ဗျ။ မထိန်း ကျောင်းတတ်ရင်လည်း အလကားဘဲ။

Freddy
Speech ရေးတဲ့အပေါ်မှာ စောင့် ကြည့်ဖို့ ထားမယ်ဆိုတဲ့ဟာက မဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ Internet Governance Forum  မှာ ပြောသွားသလိုပေါ့။ မြန်မာ စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်တဲ့ သူကိုခန့်မယ်။ အဲဒီမှာ မြန် မာနိုင်ငံသားကိုပဲ ခန့်မယ်ဆိုတာ မရှိဘူး။ အဲဒီတော့ တခြားနိုင်ငံသား တစ်ယောက် ယောက်ကို ခန့်တယ်ဆိုပါတော့ဗျာ။ အဲ ဒီမှာပါဠိတွေပါဋ်ဆင့်တွေရဲ့အနက်အဓိပ္ပာယ် ကိုနားမလည်ရင်တော့ ခန့်ထားလည်း ဘာ မှ ဖြစ်လာမှာမဟုတ်ပါဘူး။ အားလုံးရဲ့ ပေ့ခ်ျကို အချိန်ပြည့်မကြည့်ဘဲနဲ့ သက် ဆိုင်တဲ့သူရဲ့ ပေ့ခ်ျကိုပဲ သေချာအဓိက ထားကြည့်ရင်တော့ကောင်းတာပေါ့။ အဲ ဒီလို မဟုတ်ဘဲနဲ့ အရာရာကို လိုက်ကြည့် နေမယ်ဆို ရင်ေ တာ့ သိပ်အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းမှာကိုယ့် Personality နဲ့ ကိုယ်လေ။

ထူးအောင် (ပေ့ခ်ျတည်ထောင်သူတစ်ဦး)
Myanmar Website Facebookpage
ဝန်ထမ်းတစ်ဦးနဲ့တော့ မလုံလောက်ဘူးထင်တယ်။ ဖေ့စ်ဘွတ်ကို အသုံးပြုပြီး Hate Speech  ရေးသားတာတွေကို ဖေ့စ်ဘွတ် နားလည်တတ်ကျွမ်းတဲ့သူ ၁ဝ ယောက်ေ ကျာ်ေ လာက်တော့ ထားပြီး စောင့်ကြည့်စေချင်ပါတယ်။ မြန်မာနိုင်ငံ မှာက ဖေ့စ်ဘွတ်အသုံးပြုသူ တစ်သန်း ကျော်တယ်လေ။ အခုလို ဖေ့စ် ဘွတ်က စောင့်ကြည့် သူထား တယ်ဆိုတာ ကောင်း ပါတယ်။လက်တွေ့အပြင်မှာတော့ အများကြီး သက်ရောက်မှုရှိမယ်မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အပြင်မှာကိုယ့် သာသာ ကိုယ့်လူ မျိုးအေးအေးေ ဆးဆေး နေကြတာပဲ။ ဒါ ပေမဲ့ အပြင်မှာသူတစ်ပါးကို ရန်စကျူး ကျော်တိုက်ခိုက်မယ်ဆိုရင်တော့ ဆိုးကျိုး တွေ ဖြစ်လာနို င်ပါတယ်။ ဖေ့စ်ဘွတ်မှာ က Free Account  ဖွင့်လို့ရတာဆိုတော့ အကောင့်ဖွင့်ပြီး ဝင်သုံးကြတာ။ တကယ် တော့ ဘာသာရေး၊ လူမျိုးရေးတွေ ဆက် နွှယ်တဲ့ရေးသားတဲ့ ပထမဆုံးလူတွေက အပြစ်ရှိတာပါ။ သူတို့ ကနေ တစ်ယောက် ပြီး တစ်ယောက်သိလာကြပြီး ကိုယ့်လူမျိုး မခံ သူ့လူမျိုးမခံစတင်တိုက်ခိုက်လာကြ တော့တာပဲ။

သုတလင်း၊ ခိုင်နွယ်ဦး

Popular Myanmar News Journal

0 comments:

Post a Comment