Thursday, October 20, 2016

ခရီးသည်များ အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ရေယာဉ်တိမ်းမှောက်မှု ထိရောက်စွာ အရေးယူဆောင်ရွက်ရေး

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်မှာ ချစ်တွင်းမြစ်အတွင်း ဟုမ္မလင်းမြို့နဲ့ မုံရွာမြို့သွား အောင်စိုးမိုးကျော်ရေယာဉ် ကျောက်ဆောင်တစ်ခုကို ကွေ့ရှောင်ရင်းက နစ်မြုပ်ခဲ့ပါတယ်။ သဘောင်္စီးခရီးသည် ၇၀ ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်မတန် ထိတ်လန့်ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်ပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီသတင်းကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေလည်း ၀မ်းနည်းကြေကွဲကြရပါတယ်။ ရေနစ်ကွယ်လွန်သွားကြရတဲ့ ကာယကံရှင်များရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေအဖို့လည်း...

Wednesday, October 19, 2016

ထိုင်းအိမ်ရှေ့စံမင်းသား နန်းခံပါက မိဖုရား ဘယ်သူဖြစ်မည်ကို မသိကြသေးဟု ဆို

အသက် ၆၄ နှစ်ရှိ ထိုင်းအိမ်ရှေ့မင်းသား ၀ဇီရာလောင်ကွန်း၏ ရှုပ်ထွေးသော အချစ်ဇာတ်လမ်းများနှင့် ပတ်သက်၍ လူသိ ရှင်ကြား ပြောကြားခြင်း မရှိသော်လည်း ဝေဖန်သူများကမူ အိမ်ရှေ့ မင်းသား၏ ချစ်သူများစွာနှင့် ဇာတ်လမ်းများမှာ တော်ဝင်အချစ် ဇာတ်လမ်း မျှသာ မဟုတ်ဘဲ နိုင်ငံကို ဦးဆောင်ရန် သင့်တော်သည့် စရိုက်လက္ခဏာ ရှိမရှိ ဆိုသော မေးခွန်းများ ပေါ်ပေါက်စေမည်ဟု ထိုင်းနိုင်ငံရေး လေ့လာသူများက ဆိုသည...

Tuesday, October 18, 2016

အစိုးရကိုင်တွယ်နေတဲ့ မောင်တောအရေး

ဒီတကြိမ် ရခိုင်ပြည်နယ်၊ မောင်တောဘက် ပြဿနာတက်တော့ အစိုးရက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းတာ တွေ့ရသလို သတင်းထုတ်ပြန်တာလည်း မြန်တယ်။ အကျိုးဆက်က အကြမ်းဖက်တိုက်ခိုက်မှု ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်ခဲ့ပြီး ခုချိန်ထိ တခြား အရေးဘက် ကူးစက်မသွားဘူး။ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ မောင်တောအရေး သတင်းစာရှင်းလင်းပွဲကလည်း အစိုးရ ကိုင်တွယ်လုပ်ဆောင်နေပုံတွေ ပိုပြီး သိလာရတယ...

Monday, October 17, 2016

ချင်းတွင်းမြစ်ထဲမှာ... သူတို့ ချင်းတွင်းမြစ်ထဲမှာ

(၁) ‘‘အဲဒီနေ့က ကျွန်မကိုယ်တိုင် က လေးတွေနဲ့အတူ အမြန်ယာဉ်ဆိပ် ကို လိုက်ပို့ကြတာ။ သီတင်းကျွတ် အခါ ကျောင်းပိတ်ရက်ဆိုတော့ ကျွန်မတို့ အထက်ချင်းတွင်းတစ် ကြောမှာ တာဝန်ကျတဲ့ဆရာမ တွေအားလုံးလိုလို အိမ်ပြန်ကြ တာလေ။  မုံရွာ၊ စစ်ကိုင်းနဲ့ တခြား မြို့နယ်တွေကနေလာပြီး တာဝန် ထမ်းဆောင်ကြရသူတွေပေါ့။ ခု တော့သူတို့တတွေ သူတို့အိမ်ကို လည်း မရောက်နိုင်ကြတော့ဘူး။ သူတို့ စာသင်ပြနေတဲ့ သူတို့ရဲ့ တပည့်လေးတွေရှိတဲ့ စာသင် ကျောင်းတွေဆီကိုလည်း ပြန်မ လာနိုင်ကြတော့ဘူး။ ချင်းတွင်း...

ပြည်သူချစ်တဲ့ ထိုင်းဘုရင်မင်းမြတ် ကံအကုန်နဲ့ အနာဂတ်ထိုင်းနိုင်ငံအရေး

ထိုင်းပြည်သူလူထု တရပ်လုံးက လေးစားကြည်ညို တန်ဖိုးထား အလေးအမြတ်ထားခဲ့တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်တဲ့ ဘူမိဘောအဒူလျာဒက်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်မှာ နတ်ရွာစံ သွားခဲ့ပြီ ဖြစ်ပါတယ်။ နတ်ရွာစံချိန်မှာ အသက် ၈၈ နှစ်ရှိပြီ ဖြစ်ပါတယ...

Wednesday, October 12, 2016

ထိုင်းဘုရင် ကံတော်ကုန်မည့်နေ့

ဘုရင်ဘူမိဘော ကျန်းမာရေးအတွက် ဆုတောင်းနေသော ထိုင်းပြည်သူများ (Athit Perawongmetha/reuters) ထိုင်းနိုင်ငံသည် နိုင်ငံတစ်သက် တွင်တစ်ခါ ကြုံရမည့်ဖြစ်ရပ်တစ် ခုတွက် ပြင်ဆင်နေကြသည်။ ဘုရင်နတ်ရွာစံ ကံတော်ကုန်တော့မည့်အရေးဖြစ်သည်။ ထိုင်းပြည်သူလူထု လွန်စွာ မြတ်နိုးလေးစားကြသော ထိုင်းဘုရင် ဘူမိဘောသည် ဆီရာရာတ်ဆေးရုံကြီး၌ နတ်ရွာစံရန် အလွန် နီးကပ်နေပြီး နိုင်ငံ၏ ဦးသျှောင် အဖြစ် သူ၏တာဝန်များကို မထမ်းဆောင်နိုင်တော့ဟုဆိုသည်။...

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခြင်းက မြန်မာအတွက် ဘာထူးလာမလဲ (အမေရိကန်သံအမတ်နှင့် သီးသန့်အင်တာဗျူး)

(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel á€”ဲ့ မဇ္ဈိမရဲ့ Managing Director ဦးစိုးမြင့်တို့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းကြီးကြီးမားမား ရှိနေတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ပိုထွက်လာမယ်လို့လည်း Scot Marciel á€€ ပြောပါတယ်။ ဤအင်တာဗျူးကို စီးပွားရေးနဲ့ ပတ်သက်တဲ့အပိုင်းတွေကို ထုတ်နုတ်တင်ပြထားတာဖြစ်ပြီး...

Tuesday, October 11, 2016

လူအများ ကန့်ကွက်မှု ရှိနေသော်လည်း ကန်တော်ကြီး အတွင်းရှိ ယခင်ငါးပြတိုက်ဟောင်း နေရာတွင် ပြုလုပ်မည့် မိုးပျံပူဖောင်း စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်က ခွင့်ပြုပေးခဲ့

ကန်တော်ကြီး အတွင်းရှိ မိုးပျံပူဖောင်း စီမံကိန်း ပြုလုပ်မည့် နေရာအား တွေ့ရစဉ် လူအများ ကန့်ကွက်မှုများ ရှိနေသော်လည်း ယခင်ကန်တော်ကြီး ငါးပြတိုက်ဟောင်း နေရာတွင် ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဆိုသည့် Hydrogen Ballon မိုးပျံပူဖောင်း စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသ...

Monday, October 10, 2016

မြစ်ဆုံမှာ ပေးခဲ့တဲ့ ကတိတွေ မမေ့ကြပါနဲ့

မြစ်ဆုံ စီမံကိန်း ဆိုင်းဘုတ်ကို တွေ့ရစဉ် မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းထားတာ ၅ နှစ်ရှိပြီဖြစ်ပေမယ့် ဒေသခံ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဦးမုန်ရာကတော့ စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းစေချင်တာကြောင့် ယနေ့ထိ မကျေနပ်နိုင်သေးဘူးလို့ ပြောပါတယ်။ စီမံကိန်းစတင်ချိန်က ပြောင်းရွှေ့မရလို့ ထားခဲ့ရတဲ့ သူ့ရဲ့ လယ်တွေ၊ ကျွဲတွေနဲ့ ဝါးရုံပင်တွေကို ပြန်လိုချင်တယ်လို့ မကြာခဏ မြည်တွန်တောက်တီးနေပါတ...

Saturday, October 8, 2016

ပြည်သူ့ဘက်တော်သား လူ့အခွင့်အရေးကော်မရှင် အလိုရှိသည်

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလူငယ်တစုက စက်တင်ဘာ ၂၁ရက်နေ့ နေ့လည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ) မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး အရင်က လူတွေ သိပ်မသိခဲ့ကြပါဘူး။ ဒါပေမယ့် အင်းဝအပ်ချုပ်ဆိုင် အိမ်တွင်းအလုပ်သမား မိန်းကလေးငယ်နှစ်ယောက်ကို နှိပ်စက်ညှင်းပမ်းမှုအပေါ် ကော်မရှင်က ၀င်ရောက်ဖြေရှင်းခဲ့ရာမှာ နည်းလမ်းမမှန်လို့ လူဝေဖန်ခံရပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေရဲ့...

Friday, October 7, 2016

ဖိလစ်ပိုင် သမ္မတကို အမေရိကန် ကြိုးစား လျစ်လျူရှုနေရ

စက်တင်ဘာ ၃၀ ရက်နေ့က ဒါဗာအို နိုင်ငံတကာ လေဆိပ်တွင် တွေ့ရသော ဖိလစ်ပိုင် သမ္မတ ဒူတာတေး (ဓာတ်ပုံ - Reuters) ယခုအခါ အမေရိကန် အရာရှိများမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ ရန်လိုသော စကားများကို လျစ်လျူရှုရန် အကောင်းဆုံးကြိုးစားပြီး သူသည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လျှော့ချရန် စကားများကို လက်တွေ့ အကောင်အထည် မဖော်သေးသဖြင့် စိတ်သက်သာရာ ရနေကြသည်။ အမေရိကန် အနေဖြင့် သမ္မတသစ်ကို ထပ်မံ ဒေါသပေါက်ကွဲမှု ဖြစ်စေရန် အခြေအနေမျိုး မပြုလုပ်မိရန်...

Thursday, October 6, 2016

ဝနဲ့ မိုင်းလား တကယ်ပြေလည်မှာလား

UWSA ၏ စစ်ရေးပြအခမ်းအနားတခု (ဓာတ်ပုံ – SHAN) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲ အင်အားအကြီးဆုံးအဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ အနီးကပ်ဆုံး ညီနောင်မဟာမိတ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့အကြားမှာ စက်တင်ဘာလကုန်ရက်ပိုင်းက အများမျော်လင့်မထားတဲ့ စစ်ဘက်ဆိုင်ရာ ပြဿနာ တရပ်ဖြစ်ပွားခဲ့ပါတယ်...

အစိုးရသစ် ခေါင်းခဲစရာ လူကုန်ကူးမှုပြဿနာ

လူကုန်ကူးရာတွင် အသုံးပြုသော သင်္ဘောတစီးကို ၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးရမိရာ ကုလသမဂ္ဂ အရာရှိများ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters) ပြီးခဲ့တဲ့ စက်တင်ဘာလ က အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့တဲ့ GSP- (Generalized System of Preference) အကျိုးခံစားခွင့်ကို ပြန်လည်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတ...

“ရွှေကို စုဆောင်းမှု အတွက် ရင်းနှီးမြှုပ်နှံမှု တခုအနေနဲ့သာဝယ်ပါ”

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးအောင်ဆန်းဝင်း ( ဓာတ်ပုံ- မြတ်ပြည့်ဖြိုး/ ဧရာဝတီ) ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ပထမပတ် အတွင်းမှာ ဒီနှစ်အတွက် စံချိန်တင်ရွှေဈေး ဖြစ်တဲ့ ၈၉၉၈၀၀ ကျပ် အထိ ဖြစ်သွားခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးအတက်အကျက ဘာတွေပေါ် မူတည် ပြောင်းလဲနေတာလဲဆိုတာ သိရှိဖို့အတွက် အောင်သမာဓိ ရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ တာဝန်ရှိသူတဦးဖြစ်သလို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်က ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်တဲ့...

Wednesday, October 5, 2016

မီးဖိုချောင်သန့်ရှင်းဖို့ သင့်မှာ ရှိထားသင့်တဲ့ အကျင့် (၇) ခု

မီးဖိုချောင်ပစ္စည်းတွေ နေရာချမှုကလည်း အရေးကြီးပါတယ်။ play ၁ - ပေါင်းမရှင်းနဲ့ အားလုံးချက်ပြုတ်ပြီးမှ ပေါင်းရှင်းတာမျိုး မလုပ်ပါနဲ့။ ချက်ရင်းပြုတ်ရင်း တွေ့တဲ့အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ရင်း ရှင်းသွားပ...

Sunday, October 2, 2016

မနက်စောစောမှာ ကော်ဖီလုံးဝ မသောက်သင့်တဲ့ အကြောင်းရင်း

ကျန်းမာရေးအရ ကော်ဖီလုံးဝ မသောက်သင့်တဲ့ အချိန်တွေ ရှိပါတယ်။ play မနက်ခင်းမှာ ကော်ဖီသောက်တာဟာ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ကြောင်း သုတေသီတွေက ထောက်ပြလိုက်ပြန်ပါတယ်။ အထူးသဖြင့် မနက်အစောပိုင်း(အိပ်ရာထပြီးကာစ) အချိန်မှာ ကော်ဖီ မသောက်သင့်ဘူးလို့ ဆိုပါတယ...

ဒူတာတီ ဘယ်သူလဲ

ယခုမနက် မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြောင်းကို ဆွေးနွေးပါမယ်။ မူးယစ်ဆေးဝါးကို ဘယ်လိုနှိမ်နင်းရမယ်ဆိုတာကို ဆွေးနွေးမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုမနှိမ်နင်းရဘူးဆိုတာကို ဆွေးနွေးမှာပါ။ ကိုင်စွဲရမယ့် အခြေခံမူက တစ်ခုတည်းဖြစ်ပါတယ်။ ဒူတာတီနောက်ကိုမလိုက်ဖို့...

အခွန်ကောက်ခံမှုဖြင့် တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်ရေးကို အလေးပေး လုပ်ဆောင်သင့်

မြန်မာနိုင်ငံ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုံးစုံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြည်သူ များ အနေဖြင့် လက်ရှိအစိုးရကို ယုံကြည်ကိုးစားစွာဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံ တိုးတက် ဖွံ့ဖြိုးရန် အတွက် ဆောင်ရွက်နိုင်ရန်လိုအပ် သောဘဏ္ဍာငွေ များ ရရှိအောင် ရသင့်ရထိုက်သည့် အခွန်များကို ထိထိရောက်ရောက်ကောက်ခံနိုင် ရန်မှာ အရေးကြီးသော လိုအပ်ချက် တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း အခွန်ထမ်း များ အတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်အောင် စိစစ်ကြပ်မတ်...

ခိုးကူးခွေပပျောက်ရေး ရက်တစ်ရာစီမံချက်နှင့် ပြည်သူ့အသံ

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ ထွက်ပေါ်လာသည့် အကောင်အထည်ဖော်ရန် အချက်ရှစ်ချက်အနက် တစ်ခုအပါအ၀င်ဖြစ်သော ခိုးကူးခွေပပျောက်ရေး ပညာပေးရက်တစ်ရာစီမံချက်ကို အောက်တိုဘာ ၁ ရက်တွင် စတင်နေပြီဖြစ်ပြီး ပညာပေးကာလအရေးယူမှုမရှိသေးသော်လည်း ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ရာ မြို့နယ်အသီးသီးတွင် နိုင်ငံခြားဇာတ်ကား အများစုသာရောင်းချလေ့ရှိသည့် လမ်းဘေးအခွေဆိုင်လေးများမှာ ယင်းစီမံချက်မတိုင်မီ စက်တင်ဘာလကုန်ပိုင်းကပင် ပိတ်သိမ်းထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားဇာတ်ကားများ၊...

အဲယားကွန်း နှင့် အိပ်စက်လျှင်

တစ်နေ့သော နံနက် စောစောတွင် ရန်ကုန်မြို့မှ စာရေးသူ၏ မိတ်ဆွေလည်းဖြစ် အလင်းသစ် စာပေနှင့် စာအုပ်တိုက် ပိုင်ရှင်လည်း ဖြစ်သူ ဦးဉာဏ်အောင် ထံမှ ဖုန်းဆက်လာသည်။ သူသည် ကျန်းမာရေးကို အထူး ဂရုစိုက်သူ á€ťá€–စယပြဎး အနေအထိုင်ရော ၊ အစားအသောက် ပါ ဆင်ခြင်သူလည်း ဖြစ်သည်။ မန္တလေးသို့ သူ၏ ကုန်သွယ်ရေးနှင့် သက်ဆိုင်သော သင်တန်း ပို့ချရန် ရောက်ရှိသော အခါတွင်လည်း စာရေးသူ၏ မုဒြာအကြောပြင် ဆေးခန်းသို့ အမြဲမပြတ် ၀င်လာပြီး သူ့ ကျန်းမာရေး အခြေအနေကို တင်ပြလေ့ ရှိသူဖြစ်သည်။ တစ်နေ့...

ဒါတွေဖြစ်နေပြီဆိုရင် အချိုလျှော့စားပါ

ဒီအချက်တွေ ခံစားနေရပြီဆိုရင် အချိုလျှော့စားဖို့ လိုအပ်နေပါပြီ။ play ၁။ ဦးနှောက်ထိုင်းမှို...

စီးပွားရေးနှေးကွေးလေးလံမှု ပြယုဂ်ဖြစ်နေသော ဒေါ်လာဈေးမြင့်တက်မှု

|| ၀သန် ||မြန်မာနိုင်ငံ၏ ငွေလဲနှုန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့ ပြင်ပဈေးကွက် တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၂၆၀ ကျပ်ရှိကြောင်း သိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၁,၂၆၅ ကျပ် အထိ ပြင်ပပေါက်ဈေး တွင် ရှိလာခဲ့သည်။ အဆိုပါနှုန်းထားမှာ သမ္မတ ဦးသိန်းစိန် လက်ထက်က တစ်ဒေါ်လာ ၁,၃၀၀ ကျပ် အထိ ဖြစ်ခဲ့ပြီးနောက် ပိုင်းတွင် မြင့်တက်လာခဲ့ခြင်း á€ťá€–စယသညယ။ တစ်ဆက်တည်းတွင် အစိုးရသစ်လက်ထက် စီးပွားရေးနှေးကွေး လေးလံ မှုနောက်တွင် ယခု ဒေါ်လာဈေးတက်မှုနှင့် ကမ္ဘာ့ရွှေဈေး...