Monday, October 17, 2016

ချင်းတွင်းမြစ်ထဲမှာ... သူတို့ ချင်းတွင်းမြစ်ထဲမှာ

(၁)
‘‘အဲဒီနေ့က ကျွန်မကိုယ်တိုင် က လေးတွေနဲ့အတူ အမြန်ယာဉ်ဆိပ် ကို လိုက်ပို့ကြတာ။ သီတင်းကျွတ် အခါ ကျောင်းပိတ်ရက်ဆိုတော့ ကျွန်မတို့ အထက်ချင်းတွင်းတစ် ကြောမှာ တာဝန်ကျတဲ့ဆရာမ တွေအားလုံးလိုလို အိမ်ပြန်ကြ တာလေ။  မုံရွာ၊ စစ်ကိုင်းနဲ့ တခြား မြို့နယ်တွေကနေလာပြီး တာဝန် ထမ်းဆောင်ကြရသူတွေပေါ့။ ခု တော့သူတို့တတွေ သူတို့အိမ်ကို လည်း မရောက်နိုင်ကြတော့ဘူး။ သူတို့ စာသင်ပြနေတဲ့ သူတို့ရဲ့ တပည့်လေးတွေရှိတဲ့ စာသင် ကျောင်းတွေဆီကိုလည်း ပြန်မ လာနိုင်ကြတော့ဘူး။ ချင်းတွင်း မြစ်ထဲမှာ သူတို့ ချင်းတွင်းမြစ်ထဲ မှာ...’’ တစ်ဖက်ဖုန်းပြောသူရဲ့အ သံက ငိုရှိုက်သံတွေနဲ့အတူ တိုး ၀င် နိမ့်ဆင်းငြိမ်သက် သွားပါ တယ်။ စာရေးသူလည်း အလိုက် သိစွာပဲ ဖုန်းချလိုက်ပါတယ်။ ဖောင်းပြင်မြို့နယ်ရှိ ရွာတစ်ရွာ မှာ ဆရာမအလုပ်လုပ်နေတဲ့ ဒေ သခံ တပည့်ဆရာမလေးဆီကို ဖုန်းဆက်နေမိတာပါ။ သူ့ရဲ့လုပ် ဖော်ကိုင်ဖက်တွေရယ်၊ သူနဲ့ဘ၀ တူဆရာမတွေအများကြီးလိုက်ပါ စီးနင်းသွားတဲ့ အမြန်ရေယာဉ်ကြီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်နစ်မြုပ်ခဲ့တာကြောင့် အလောင်းပြန်တွေ့သူတွေ၊ အခုထိပျောက်ဆုံးနေဆဲဖြစ်နေသူတွေနဲ့ ပတ်သက်ပြီး ချင်းတွင်းနယ်သူနယ်သားတွေရော၊ ကြားရသူတွေရောအထူးစိတ်မကောင်း ဖြစ်နေကြရပါတယ်။

ဒီတစ်ခါ သီတင်းကျွတ်အခါ က သူတို့အတွက် ပျော်စရာမ ကောင်းခဲ့ဘူး။ ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ပြီးဖြစ်သူတွေရဲ့ မိသား စုဝင်တွေ၊ ဆွေမျိုးရင်းနှီးသိကျွမ်း သူတွေ၊ ပြီးတော့ ချင်းတွင်းမြစ် ဘေးဝဲယာက စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံး မျက်ရည်စက်တွေနဲ့အတူ ကြေကွဲပူဆွေးစွာသီတင်းကျွတ်ကာလကိုကျော်ဖြတ်နေကြရပါတယ်။
(၂)
ချင်းတွင်းမြစ်ကြီးက နိုင်ငံအနေနဲ့ ရော၊ တိုင်းဒေသအနေနဲ့ရော အ စဉ်အလာကြီးမားပါတယ်။ ကူး သန်းသွားလာရေး၊ ကုန်စည်စီး ဆင်းမှု၊ စိုက်ပျိုးရေး၊ လူမှုဘ၀ဖွံ့ ဖြိုးမှုစတာတွေအတွက် အဘက် ဘက်က အသုံးဝင်လှပါတယ်။ ပြောရရင် မရှိမဖြစ်အရေးပါပါ တယ်။ မြစ်ချင်းတွင်းကို မှီပြီးအား ကိုးရပ်တည်နေသူတွေအများကြီး ရှိပါတယ်။ ဒီလိုပဲ မြစ်ချင်းတွင်းကို အသုံးချပြီး သစ်တွေ၊ သယံဇာတ တွေ၊ အရက်ဘီယာနဲ့ စက်သုံးဆီ ကအစ တရားမ၀င်ပစ္စည်းတွေအ ထိ ရောင်းဝယ်ဖောက်ကားကာ လောဘဖက်ပြီး ကျိကျိတက်ကိုယ် ကျိုးယက်နေသူတွေလည်းရှိနေ ပါတယ်။
ကိုယ့်အကျိုးအတွက် ချင်း တွင်းကို အသုံးချသူတွေကြောင့် ချင်းတွင်းမြစ်ရဲ့အလှတွေ၊ ဂုဏ် သတင်းတွေ ပျက်စီးထိခိုက်ရပါ တယ်။ မဖြစ်သင့်တာတွေဖြစ်၊ မ သေသင့်ဘဲသေကြရ။ ချင်းတွင်း မြစ်ဟာ သူတို့အတွက်တစ်သက် မမေ့စရာအဖြစ်ဆိုးတွေရဲ့ ရေလွှာ နေရာအဖြစ် မသတ်မှတ်သင့် သော်လည်း လက်ခံအတည်ပြု လိုက်ကြရပါတော့တယ်။
တစ်ခါလည်းမဟုတ်၊ တစ် ကြိမ်လည်းမဟုတ်။အဘက်ဘက် က ပေါ့ဆမှုတွေကြောင့် ဒီလိုရေ ယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့လို့နိုင် ငံသားအရင်းအမြစ်များစွာရာနဲ့ချီ ပြီး သေဆုံးခဲ့ကြရပြီးပါပြီ။ မုံရွာနဲ့ ခန္တီး၊ ခန္တီးနဲ့ မုံရွာကို အမြန်ရေ ယာဉ်ဂိတ်စဂိတ်ဆုံး သတ်မှတ် လျက်အထက်အောက်စုန်ဆန်၊ သွားချည်ပြန်ချည်ခရီးထွက်၊ ခရီး ဆက်နေကြသူတွေရဲ့ နှလုံးသား သွေးသားတွေကို ဒီတစ်ခါအဖြစ် ဆိုးက တုန်လှုပ်ချောက်ချားစေခဲ့ ပြန်ပါပြီ။
(၃)
ရေယာဉ်နဲ့ရေကြောင်းသွားလာမှု ဆိုင်ရာ ဥပဒေတွေ၊ စည်းကမ်း သတ်မှတ်ချက်တွေ၊ စိစစ်ကြီး ကြပ်မှုတွေ၊ တာဝန်ယူမှု၊ တာဝန် ခံမှု၊ တာဝန်သိမှုများအတွက် တာဝန်ရှိသူတွေကို မေးခန်းတွေ ထုတ်နေကြပါပြီ။ အမြန်ရေယာဉ် ပေါ်မှာ ရှိသင့်တဲ့ ခရီးသည်ဦးရေ ထက် တစ်ဆလောက်ပိုနေတာ ကြောင့် တချို့မတ်တတ်ရပ်ပြီးစီး ကြရတယ်တဲ့။ စက်ခန်းဘေးမှာ အိမ်သာဘေးမှာ၊ လူသွားလမ်း မှာ ခြေချစရာနေရာမကျန်အောင် ပြည့်ကျပ်နေခဲ့တယ်လို့ ဆိုပါ တယ်။
သီတင်းကျွတ်အမီ အိမ်ပြန် ကြသူတွေ၊ ခရီးသွားကြသူတွေ၊ မုံရွာမှာအဝေးသင်တက္ကသိုလ်စာ မေးပွဲဖြေဖို့ သွားရောက်ကြသူတွေ၊ ၀န်ထမ်းတွေ အားလုံးစုဆုံ ချိန်လည်းဖြစ်သွားတာမို့ ခရီး သည်က များနေရတာပါ။ ဘာပဲ ဖြစ်ဖြစ် စစ်ဆေးထိန်းကျောင်းမှု တွေ၊ စနစ်တွေသာအသက်ဝင်မှန် ကန်ခဲ့မယ်ဆိုရင် ဒီလိုအဖြစ်ဆိုး တွေကို ရှောင်လွှဲကျော်လွှားနိုင် ကြပါတယ်။ ဖြစ်ပြီဆိုမှ ၀ိုင်းကြ၀န်းကြ၊ ကြည့်ကြရှုကြ၊ အရေးယူဆောင်ရွက်ကြတာဟာ ဖြေရှင်းနည်းအမှန်မဟုတ်ပါဘူး။ လူသားတွေအစုလိုက်အပြုံလိုက် မသေသင့်ဘဲသေကြရတဲ့အဖြစ် ထက်ဆိုးတဲ့ ဖြစ်စဉ်ဆိုတာမရှိပါဘူး။
သီတင်းကျွတ်မှာအိမ်ကိုပြန် လာမယ်ဆိုလို့ စောင့်မျှော်နေကြ တဲ့မိသားစုဝင်တွေက အခုတော့ ချင်းတွင်းမြစ်ထဲမှာ ပြန်လာမယ် ဆိုသူရဲ့အလောင်းကို ရှာနေကြရ တယ်။ ကျောင်းတက်ပညာသင် စာမေးပွဲဖြေဖို့  မုံရွာမြေကိုသွားကြ သူတွေ ခုတော့ ချင်းတွင်းမြစ်ထဲ မှာ တစ်စစီ၊ တစ်ကွဲစီ၊ တစ်နေရာ စီ။
 သီတင်းကျွတ်ပြီးလို့ ကျောင်း ပြန်ဖွင့်ရင် အပြန်လက်ဆောင် တွေ မုန့်တွေဝယ်ခဲ့မယ်ဆိုတဲ့ ဆ ရာမလေးတွေ ခုတော့ချင်းတွင်း မြစ်ထဲမှာ။
‘‘အခုအထိ ဒီရေယာဉ်ဖြစ် စဉ်မှာ သေဆုံး၊ ပျောက်ဆုံးတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ သုံး ဆယ်ကျော်သွားပြီ’’တဲ့။ မုံရွာ ဒေသခံ သတင်းသမားမိတ်ဆွေက ပြောပြပါတယ်။ ကျောင်းပြန်ဖွင့် လို့ ခေါင်းလောင်းသံတွေမြည်တဲ့ အခါ အဲဒီဆရာ၊ ဆရာမတွေရဲ့ စာသင်ကျောင်းတွေမှာ ကလေး တွေ ပျော်နိုင်ကြပါဦးမလား။ ချင်း တွင်းမြစ်ထဲမှာ သွားပြီး ‘မင်္ဂလာပါ ဆရာမ’လို့ ဆို့နစ်စွာ ရေရွတ်ကြရ မှာလား။ အခုတော့ ချင်းတွင်းမြစ်ထဲမှာ။ သူတို့...ချင်းတွင်းမြစ်ထဲမှာ။။
7 Day

0 comments:

Post a Comment