Wednesday, October 12, 2016

ထိုင်းဘုရင် ကံတော်ကုန်မည့်နေ့


ဘုရင်ဘူမိဘော ကျန်းမာရေးအတွက် ဆုတောင်းနေသော ထိုင်းပြည်သူများ (Athit Perawongmetha/reuters)
ထိုင်းနိုင်ငံသည် နိုင်ငံတစ်သက် တွင်တစ်ခါ ကြုံရမည့်ဖြစ်ရပ်တစ် ခုတွက် ပြင်ဆင်နေကြသည်။ ဘုရင်နတ်ရွာစံ ကံတော်ကုန်တော့မည့်အရေးဖြစ်သည်။
ထိုင်းပြည်သူလူထု လွန်စွာ မြတ်နိုးလေးစားကြသော ထိုင်းဘုရင် ဘူမိဘောသည် ဆီရာရာတ်ဆေးရုံကြီး၌ နတ်ရွာစံရန် အလွန် နီးကပ်နေပြီး နိုင်ငံ၏ ဦးသျှောင် အဖြစ် သူ၏တာဝန်များကို မထမ်းဆောင်နိုင်တော့ဟုဆိုသည်။
အိမ်ရှေ့စံမင်းသား မဟာ ဗာဂျီရာလောင်ကွန်၊ မင်းသမီး သီ ရိဒုံ၊ မင်းသမီး ဥဘောရတ်ထနာရာဂျာကန်ရာနှင့် မင်းသမီးချူလာ ဘွန်ဝါလီလတ်ခ် အပါအဝင် ဘု ရင့်မိသားစုများသည် ထိုင်းအစိုးရ အဖွဲ့နှင့်အတူ ဘုရင်၏ ခုတင် ဘေးမှာ ရောက်ရှိနေကြသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ယနေ့ နေ့လယ်ပိုင်းတွင် အရေး ကြီးသော အစိုးရတာဝန်များကို ပယ်ဖျက်ပြီး ဘန်ကောက်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လာ၏။
ထိုင်းဘုရင်၏ အသည်းအ သန်အခြေအနေကို နန်းတော်က တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက် အရ ထိုင်းဘုရင့်၏ဦးနှောက်သွေး ကြောထဲမှ အရည်များကို သွေးစစ်စက်ဖြင့် သန့်စင်နေရပြီး ကုသစဉ် အတွင်း သွေးပေါင်ချိန်ကျဆင်း နေသည်ဟု သိရသည်။ သူသည် ၂၀၀၇ ကတည်းကစပြီး အကြိမ်ကြိမ် လေဖြတ်ခဲ့သည်။
ဘုရင်၏နာမကျန်းမှုနှင့်ပတ် သက်၍ ထိုင်းဘုရင့်နန်းတော်က သတင်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ သို့သော် ပြီး ခဲ့သည့်လများမှစ၍ ထိုင်းဘုရင်၏ ကျန်းမာရေးသတင်းကို ပို၍ထုတ်ပြန်လာပြီး ပို၍အသေးစိတ် ဖော်ပြလာသည်။
နောက်ဆုံးတွင် သမားတော် များက ဘုရင်သည် နိုင်ငံ့တာဝန် များကို ထမ်းဆောင်နိုင်ခြင်းမရှိ တော့ကြောင်း တရားဝင်ကြေညာ ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း နိုင်ငံ တော် သီးသန့်အကြံပေးကောင်စီ ၏အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလမ်နွမ်ဒါကို ထိုင်းနိုင်ငံ လတ်တလောအကြီးအကဲအဖြစ် နေရာပေးခဲ့သည်။
ထိုင်းနိုင်ငံကို ဆက်ခံမည့်သူ
၁၉၇၂ ခုနှစ်တွင် ဘုရင်ဘူမိဘောက သူ၏ သားတော်ကြီး မဟာဗာဂျီရာလောင်ကွန်ကို အိမ် ရှေ့မင်းအရာပေးပြီး ထိုင်းထီးနန်း အတွက် လျာထားခဲ့သည်။
အဆိုပါ ကြေညာချက်ကို ယခုအထိ လူသိထင်ရှား ပယ်ဖျက်မှု မရှိသေးပေ။ သို့ရာတွင် ထိုင်းထီးနန်းဥပဒေအရ ဘုရင် အနေဖြင့် သူ၏နန်းလျာကို မရွေးချယ်ခဲ့ဘဲ နေရာလစ်လပ်နေပါက ထိုင်းနိုင်ငံတော် သီးသန့်အကြံပေးကောင်စီက ထီးနန်းဆက်ခံမည့်သူကို နိုင်ငံတော်အစည်းအဝေးသို့ တင်နိုင်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံတော်ကောင်စီက ဗာဂျီယာလောင်ကွန်မဟုတ်ဘဲ မင်းသမီးတစ်ပါးကို အဆိုတင်သွင်းနိုင်သည်။
ထိုင်းမင်းသား ဗာဂျီယာ လောင်ကွန်နှင့် ထိုင်းနိုင်ငံတော် သီးသန့်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီးဖရမ်တို့က တစ် ယောက်နှင့်တစ်ယောက် မနီးစပ် လှ။ ပြီးခဲ့သည့် ၁၈ လအတွင်း ထိုင်းမင်းသားကို ဆန့်ကျင်သူများ မှာ အရေးယူသုတ်သင်ခြင်းခံရ သည်။ မင်းသားနှင့်နီးစပ်သူများ နှင့် သူ၏ မိဖုရားဟောင်းဘက်က ဆွေမျိုးများမှာ ထောင်သွင်းအ ကျဉ်းချခံရသည်။ တချို့မှာလည်း ထူးဆန်းသော အကြောင်းများနှင့် သေဆုံးမှုများရှိခဲ့သည်။ ထိုင်း အစိုးရအတွင်းမှာပင် မင်းသားကို ထောက်ခံသူများရှိသကဲ့သို့ မနှစ် မြို့သူများလည်းရှိနေသည်။
ဘုရင်နတ်ရွာစံမှု၏ သက်ရောက်မှု
ထိုင်းနိုင်ငံသည် ၁၉၄၆ က ထိုင်းဘုရင် အာနန္ဒာမဟီဒေါလ် နတ်ရွာစံမှုနှင့် ကြုံခဲ့ဖူးသည်။ ထိုင်းဘုရင်ဘူမိဘော နတ်ရွာစံပါက ဘယ်လိုသက်ရောက်မှုများရှိလာနိုင်ပါလဲ။
၂၀၀၈ က ထိုင်းဘုရင်၏ အစ်မတော် မင်းသမီးကြီး ကလျာ ဏီ ကွယ်လွန်စဉ်က ထိုင်းနိုင်ငံ တွင် ရက်တစ်ရာကို ၀မ်းနည်း ကြေကွဲသည့်ကာလအဖြစ် သတ် မှတ်ခဲ့သည်။ ရုပ်သံများကလည်း မင်းသမီး၏အကြောင်းကို ၁၅ ရက်မျှ ဆက်လက်ထုတ်လွှင့်ပြီး သာမန်ပြည်သူများကလည်း အ နက်ရောင်များ ၀တ်ဆင်ခဲ့သည်။
 အသုဘအခမ်းအနားကို ခြောက်ရက်ကျင်းပပြီး ထိုင်းဘတ် ငွေ သန်းသုံးရာ (အမေရိကန်ဒေါ် လာ ကိုးသန်း)ခန့် သုံးစွဲခဲ့သည်။
ထိုင်းဘုရင် နတ်ရွာစံမှုက သူနှင့်တော့ တူမည်မဟုတ်ပါ။ ၂၀၀၉ တွင် ထိုင်းဘုရင် ဆေးရုံ တက်သည့်အခါ ထိုင်းစတော့ အိတ်ချိန်းရှယ်ယာများ ကျဆင်းခဲ့  သည်။ လူတွေက သူနှင့်ပတ်သက် သည့် ကောလာဟလများကို ဖုန်း များဖြင့် မက်ဆေ့ခ်ျပို့ပြီး သတင်း တွေ ချဲ့ကားခဲ့ခြင်းကြောင့်ဖြစ် သည်။ ယခုလည်း ဘုရင့်သတင်း ကြောင့် စတော့ရှယ်ယာတွေစပြီး လှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။ အ သက်(၉၀)အောက် ထိုင်းလူမျိုး ၈၅ ရာခိုင်နှုန်းအတွက် ထိုင်းဘုရင်ဘူမိဘောသည် တစ်ပါးတည်းသော သူတို့ သိမှီသည့် ထိုင်းဘုရင်ဖြစ်သည်။
ယခုအခါ ထိုင်းဘုရင်၏ နတ်ရွာစံအခမ်းအနားကို မည်သို့ စီရင်လုပ်ကိုင်မည်ဆိုသော ကော လာဟလအမျိုးမျိုး ပျံ့နှံ့နေပါ သည်။ ပျော်ပွဲရွှင်ပွဲများကို ရက် ကိုးဆယ်ခန့် ပိတ်ရမည်ဆို၍ အ သေးစား စီးပွားရေးလုပ်ငန်းများ လည်း ယာယီရပ်ထားရမည်ဟု သတင်းများပြန့်နေသည်။ ထို့ ကြောင့် ထိုင်းဘတ်ငွေလည်း အ လျင်အမြန်ကျဆင်းဖို့ အလားအ လာရှိသည်ဟု ခန့်မှန်းနေကြ သည်။
(End Of Days: Thailand Prepares For King Bhumibol Adulyadej’s Death ကို ထားထားမြင့်က အကျဉ်းချုပ်ဘာသာ ပြန်ထားသည်။)
7Day

0 comments:

Post a Comment