Sunday, October 2, 2016

အခွန်ကောက်ခံမှုဖြင့် တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်ရေးကို အလေးပေး လုပ်ဆောင်သင့်

may-phyo-khin
may-phyo-khin

မြန်မာနိုင်ငံ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုံးစုံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြည်သူ များ အနေဖြင့် လက်ရှိအစိုးရကို ယုံကြည်ကိုးစားစွာဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံ တိုးတက် ဖွံ့ဖြိုးရန် အတွက် ဆောင်ရွက်နိုင်ရန်လိုအပ် သောဘဏ္ဍာငွေ များ ရရှိအောင် ရသင့်ရထိုက်သည့် အခွန်များကို ထိထိရောက်ရောက်ကောက်ခံနိုင် ရန်မှာ အရေးကြီးသော လိုအပ်ချက် တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း အခွန်ထမ်း များ အတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်အောင် စိစစ်ကြပ်မတ် ဆောင်ရွက် ရမည်လည်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း တိုက်ရိုက် ခွန်ဖြစ်သော ဝင်ငွေခွန် နှင့် သွယ်ဝိုက် ခွန်ဖြစ်သော ကုန် သွယ် လုပ်ငန်းခွန်(Commercial Tax)  သို့မဟုတ် တန်ဖိုးဖြည့်ခွန် (VAT) သို့မဟုတ်ကုန်စည်နှင့် ဝန်ဆောင် မှုခွန် (GST)  စသည်ဖြင့် ကောက်ခံကြ ရာအခွန်ကောက်ခံနှုန်းများမှာ နိုင်ငံ အလိုက် ကွာခြားကြလေ့ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းကောက် ခံပြီး တန်ဖိုးဖြည့်ခွန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်ကောက်ခံမှု ၁၇ ရာခိုင်နှုန်းရှိသည်။ အိန္ဒိယနိုင်ငံ တွင် ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန်၊ တန်ဖိုး ဖြည့်ခွန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု ခွန်မှာ ၁၅ ရာခိုင်နှုန်းရှိသည်။ ထိုင်းနိုင်ငံတွင် ဝင်ငွေခွန် ၂ဝ ရာခိုင်နှုန်း၊ တန်ဖိုးဖြည့်ခွန်မှာ ၇ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ တွင် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်မှာ ၅ ရာခိုင် နှုန်းအဖြစ်ကောက်ခံသည်။
အခြားသော အာဆီယံနိုင်ငံ များဖြစ်သည့် မလေးရှားနိုင်ငံ တွင် ဝင်ငွေခွန် ၂၅ရာခိုင်နှုန်း၊ ကုန်စည် နှင့် ဝန်ဆောင်မှု ခွန်ကောက်ခံမှု ၆ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာဒီးယား နိုင်ငံတွင် ဝင်ငွေခွန် ၂ဝရာခိုင်နှုန်း ရှိပြီး ကုန်စည်နှင့် ဝန်ဆောင်မှုခွန် မှာ ၁ဝ ရာခိုင်နှုန်း ရှိသည်။ အင်ဒို နီးရှားနိုင်ငံ တွင် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း၊ တန်ဖိုးဖြည့်ခွန်၊ ကုန် စည်နှင့် ဝန်ဆောင်မှုခွန် မှာ ၁ဝ ရာခိုင်နှုန်း ရှိသည်။ စင်ကာပူနိုင်ငံ တွင် ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်မှာ ၇ ရာခိုင်နှုန်းရှိသည်။
အခွန်ကောက်ခံ ရရှိမှုနှင့် ပြည် တွင်း အသားတင်ကုန် ထုတ်လုပ်မှု အချိုးမှာလည်း ထိုင်းနိုင်ငံတွင် ၁၅ ဒသမ ၅ ရာခိုင်နှုန်း၊ မလေးရှား နိုင်ငံတွင် ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံ တွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ တွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ စင်ကာပူ နိုင်ငံတွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ရှိသည်။
မြန်မာနိုင်ငံတွင်မူ အခွန်နှင့် GDP (ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုအချိုး)မှာ ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်တွင် ၉ ဒသမ ၈၅ ရာ ခိုင်နှုန်းထိရှိလာခဲ့ကြောင်း ကြေးမုံ သတင်းစာ ဖော်ပြချက်အရ သိရ သည်။ သို့ပါသော်လည်း အခြား အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ် ပါက နည်းနေသေး သည်ကို တွေ့ရှိ ရသည်။
ယခုလက်ရှိတွင်လည်း အခွန် တိမ်းရှောင်မှု ကိုလျှော့ချရန် ရင်းနှီး မြှုပ်နှံသူများ အတွက် မျှတသော အခွန်များ ပေးအပ် သွားရန် အစီ အစဉ်များရှိပြီး ၂ဝ၁၈ ခုနှစ်တွင် အခွန်ရငွေနှင့် GDP (ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) အချိုး ၁ဝ ရာခိုင်နှုန်း ရှိလာစေရန် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် ၂ဝ စီမံကိန်းတွင် မျှော်မှန်း ထားသည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
ထိုမျှော်မှန်းချက်များ ပြည့်မီရန် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံ မှုနှင့် ပတ်သက်ပြီး မူဝါဒများ ချ မှတ်ထားသည်။ အခွန်နှုန်း ထား များနှင့် သွင်းကုန်ခွန်များကို စီးပွား ရေး လည်ပတ်ဆောင်ရွက်နိုင်မှုနှင့် ချိန်ညှိ ဆောင်ရွက်ခြင်း၊ အခွန် ပေးဆောင်ရန် ဥပဒေအရ နိုင်ငံ သားတိုင်း ဝင်ငွေအဆင့်ဆင့်ပေါ် အခွန် ပေးဆောင်နိုင်စေရန်၊ နောက် ဆုံး စားသုံးသူများ မှ အခွန်ပေး ဆောင်သော စနစ် ဖွံ့ဖြိုးလာစေရန်၊ အခွန်စည်းကြပ်ခြင်း အကြောင်းကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင် ရေးကို အခွန်အကောက် ဆိုင်ရာ စီမံချက်အတွင်း ပြန်လည် သုံးသပ် ရန်၊ အခွန်နှုန်းထား များအား အိမ် နီးချင်းနိုင်ငံ များနှုန်းထားနှင့် အညီ ချိန်ဆသတ်မှတ်ရန်နှင့် အခွန် နှစ်ဆကောက်ခံခြင်း အပေါ် ရှောင် ရှားရန်၊ အမှန်တကယ် အခွန် ပေး ဆောင်သူများ တိုးတက်လာစေရန်၊ အခွန်ရှောင်တိမ်းမှု ကို လျှော့ချရန် ရင်းနှီးမြှုပ်နှံ သူများအတွက် မျှတ သော အခွန်မက်လုံးပေးရန်၊ ရင်းနှီး မြှုပ်နှံသူများ အကြား ယှဉ်ပြိုင်မှု တိုးတက်စေရန် စသည်တို့ကို လုပ်ဆောင် သွားရန် စီစဉ်နေကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။
ထို့အပြင် နိုင်ငံတော် အစိုးရ ဘက်မှလည်း အခွန်ထမ်း များ အနေဖြင့် လိုလိုလားလား ဂုဏ်ယူ ဝင့်ကြွားစွာ အခွန် ထမ်းဆောင် နိုင်စေရန်၊ အခွန် ထမ်းဆောင်လို စိတ်ရှိပြီး တိတိကျကျ အခွန်ပေး ဆောင်နိုင်ရန်တို့ အတွက် လွယ်ကူ ရိုးရှင်းသော အခွန်စနစ်တည် ဆောက်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း၊ အခွန်ဆောင်သည့် သူများအား အခွင့်အရေး များပေး ခြင်း၊ အခွန်များအား သုံးစွဲပုံကို သိရှိစေခြင်း စသည်တို့ကို ပြုလုပ် ပေးသင့်ပါသည်။ ပွင့်လင်းမြင်သာ သော အခွန် စနစ်ဖြစ်လာစေရန် အထူး လုပ်ဆောင်သင့်ပေသည်။ ပေးသူနှင့် ယူသူအကြား ရသုံးငွေ စာရင်းကို ရှင်းရှင်းလင်းလင်း မြင် သာအောင် ရှင်းပြခြင်းဖြင့် နှစ်ဦး နှစ်ဖက် နားလည်မှုနှင့် ယုံကြည်မှု ကို တည်ဆောက်သင့်ပေသည်။
အစိုးရ၏ စီးပွားရေး မူဝါဒ အချက် ၁၂ ချက်တွင် အပါအဝင် ဖြစ်သော ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်း သည့် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေး အရင်းအမြစ်များ တိုး တက်ပွားများ လာအောင်ဆောင်ရွက် ရန်ဟုပါ ရှိပြီးဖြစ်ရာ အထက်ပါ အကြံပြုချက် များအတိုင်း အခွန် ထမ်းသူနှင့် အခွန်ကောက်သူ တို့ အကြား ယုံကြည်မှု အပြည့်အဝဖြင့် အခွန်ဘဏ္ဍာ တိုးပွားရန် စနစ်တကျ အကောင်အထည် ဖော်သင့်သည်။
သို့မှသာ ပြည်သူများက ယုံ ကြည်စွာဖြင့် ရွေးချယ်ထားသော လက်ရှိ အစိုးရသည် အခွန်ဘဏ္ဍာ ငွေများကို စနစ်တကျ စီမံခန့်ခွဲ ပြီး ပြည်သူများ၏ ရည်မှန်းချက်အ တိုင်း မြန်မာပြည်ကြီးအား ဘက်စုံ တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ရှေ့လာမည့် အနာဂတ် ကာလများတွင် တိုင်းပြည်ဖွံ့ဖြိုး ရေး၊ စီးပွား တိုးတက်ရေးတို့ကို ဖော်ဆောင်ရန် လိုအပ်သော ဘဏ္ဍာ ငွေများကို အခွန်များ တိတိကျကျ မှန်မှန် ကန်ကန်ပေးဆောင်ခြင်းဖြင့် တက်ညီ လက်ညီပူးပေါင်းပါဝင်ရန် လိုအပ်လှပါသည်။
မေဖြိုးခင်
Popular News

0 comments:

Post a Comment