Wednesday, October 5, 2016

မီးဖိုချောင်သန့်ရှင်းဖို့ သင့်မှာ ရှိထားသင့်တဲ့ အကျင့် (၇) ခု

မီးဖိုချောင်ပစ္စည်းတွေ နေရာချမှုကလည်း အရေးကြီးပါတယ်။

play

၁ - ပေါင်းမရှင်းနဲ့
အားလုံးချက်ပြုတ်ပြီးမှ ပေါင်းရှင်းတာမျိုး မလုပ်ပါနဲ့။ ချက်ရင်းပြုတ်ရင်း တွေ့တဲ့အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ရင်း ရှင်းသွားပါ။

၂ - တစ်ပါတည်းသုတ်
တစ်ခုခု မှောက်ကျတယ်ဆိုရင် တစ်ပါတည်း သုတ်ပါ။
play

၃ - သန့်ရှင်းမှုနဲ့ စ
ချက်ပြုတ်မှု မစတင်ခင် မီးဖိုချောင်က ရှုပ်ပွနေတယ်ဆိုရင် အရင်ဆုံး သန့်ရှင်းရေးလုပ်ပါ။ ပန်းကန်ပြားတွေပုံပြီး ရှုပ်ပွနေတဲ့ မီးဖိုချောင်က သင့်ကို ချက်ပြုတ်ချင်စိတ်ရှိစေမှာ မဟုတ်ပါဘူး။
၎ - မှန်ကန်တဲ့နေရာချမှု
မီးဖိုချောင်ပစ္စည်းတွေ နေရာချမှုကလည်း အရေးကြီးပါတယ်။ ဆားဘူး၊ ဟင်းခတ်မှုန့်ဘူး၊ ခုတ်ထစ်မယ့်နေရာ စတာတွေဟာ အစီစဉ်တကျ ရှိသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် သင့်မီးဖိုချောင်ဟာ ခဏလေးနဲ့ ရှုပ်ပွသွားမှာ ဖြစ်ပါတယ်။
play

၅ - ကြိုပြင်ပါ
မချက်ခင် ဟင်းထဲထည့်ရမယ့် ပစ္စည်းပစ္စယတွေ အားလုံးကို ကြိုတင်ပြင်ဆင်ပါ။ ချက်တဲ့အခါ အလျင်စလိုလုပ်ရင်း မီးဖိုချောင်ညစ်ပတ်ရမယ့်အခြေအနေကနေ ကင်းဝေးပါမယ်။
၆- အိုးခွက်
အိုးခွက်နည်းနည်းပဲ သုံးပါ။ ရှုပ်ပွတဲ့ အခြေအနေကနေလည်း ကင်းဝေးသလို။ သင်ပြန်ဆေးရတာလည်း သက်သာပါတယ်။
play

၇ - တစ်ပြိုင်တည်းလုပ်
အိုးထဲမှာ ပြုတ်ထားတာ တစ်ခုခု၊ ချက်ထားတာ တစ်ခုခုကို စောင့်နေတုန်း သန့်ရှင်းရေး လုပ်ပါ။
Photos & Source: Lifehack
DUWUN

0 comments:

Post a Comment