Monday, September 30, 2019

မန္တလေးကြက်သွန်ဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်လာ

Image may contain: one or more people, people standing and outdoor

တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝယ်ယူလာမှုကြောင့် မန္တလေးကြက်သွန်ဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်လာကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံများထံမှ သိရသည်။

ကြက်သွန်နီဈေးနှုန်းမှာ တစ်နိုင်ငံလုံးအနေဖြင့် တောဈေး တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝမှ ၈ဝဝ၊ မန္တလေးဈေးကွက်တွင် တစ်ပိဿာ လျှင် ငွေကျပ် ၁ဝဝ၀ ဖြစ်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝခန့် ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။
" ဈေးတက်တာတစ်ပတ်လောက် ရှိသွားပြီ။ တရုတ်-ဘင်္ဂလားဒေ့ရှ် အပြင် ပြည်တွင်းတမူးဒေသဘက်ကပါ ကြက်သွန်အဝယ်လိုက်လာလို့ တက်တာပါ။ ဒီနေရာသုံးခုက အဝယ်များလို့ အခုလိုဈေးကောင်းတာ။ သူတို့သာမဝယ်ရင် ကြက်သွန်နီဈေးကျတာ တော်တော်ဆိုး သွားမယ် "ဟု မန္တလေးမြို့ ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့ မှုရပ်တန့်ခဲ့ရာမှ လက်ရှိတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသဖြင့် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီများ ပြန်လည်တင်ပို့နေရပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် တမူးဒေသတို့ကပါ ဆက်လက်ဝယ်ယူလာခြင်းဖြစ် ကြောင်း သိရသည်။
လာမည့် မိုးကြက်သွန်အသစ် ပေါ်မည့် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် မြစ်သားပင်လေး ကြက်သွန်နီများ ရာသီဥတုကြောင့် ပျက်စီးမှုအခြေအနေပေါ် မူတည်၍ ကြက်သွန်ဈေးအပြောင်းအလဲရှိ နိုင်ကြောင်း ရွှေမန်းလှကြက်သွန် ပွဲရုံမှ သိရသည်။
သူရိန်လင်း

<Zawgyi>
မႏၲေလးၾကက္သြန္ေဈးကြက္တြင္ ၾကက္သြန္နီေဈး ျမင့္တက္လာ
Tuesday, October 1, 2019

တ႐ုတ္ႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔မွ ဝယ္ယူလာမႈေၾကာင့္ မႏၲေလးၾကက္သြန္ေဈးကြက္တြင္ ၾကက္သြန္နီေဈး ျမင့္တက္လာေၾကာင္း မႏၲေလးၿမိဳ႕ ၾကက္သြန္ပြဲ႐ုံမ်ားထံမွ သိရသည္။
ၾကက္သြန္နီေဈးႏႈန္းမွာ တစ္ႏိုင္ငံလုံးအေနျဖင့္ ေတာေဈး တစ္ပိႆာလွ်င္ ေငြက်ပ္ ၇၅ဝမွ ၈ဝဝ၊ မႏၲေလးေဈးကြက္တြင္ တစ္ပိႆာ လွ်င္ ေငြက်ပ္ ၁ဝဝ၀ ျဖစ္ၿပီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၅ဝခန႔္ ေဈးႏႈန္းျမင့္တက္သြားေၾကာင္း သိရသည္။
" ေဈးတက္တာတစ္ပတ္ေလာက္ ရွိသြားၿပီ။ တ႐ုတ္-ဘဂၤလားေဒ့ရွ္ အျပင္ ျပည္တြင္းတမူးေဒသဘက္ကပါ ၾကက္သြန္အဝယ္လိုက္လာလို႔ တက္တာပါ။ ဒီေနရာသုံးခုက အဝယ္မ်ားလို႔ အခုလိုေဈးေကာင္းတာ။ သူတို႔သာမဝယ္ရင္ ၾကက္သြန္နီေဈးက်တာ ေတာ္ေတာ္ဆိုး သြားမယ္ "ဟု မႏၲေလးၿမိဳ႕ ေ႐ႊမန္းလွ ၾကက္သြန္ပြဲ႐ုံပိုင္ရွင္ ဦးဝင္းျမင့္က ေျပာသည္။
ၿပီးခဲ့သည့္ ဩဂုတ္ ၁၅ရက္က ရွမ္းျပည္နယ္ ေတာင္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ ဂုတ္တြင္း တံတားကို ဗုံးခြဲဖ်က္ဆီးခဲ့သျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ၾကက္သြန္နီတင္ပို႔ မႈရပ္တန႔္ခဲ့ရာမွ လက္ရွိတြင္ တိုက္ပြဲမ်ား ျပန္လည္ၿငိမ္သက္သြားသျဖင့္ မႏၲေလးၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ၾကက္သြန္နီမ်ား ျပန္လည္တင္ပို႔ေနရၿပီး ဘဂၤလား ေဒ့ရွ္ႏိုင္ငံႏွင့္ တမူးေဒသတို႔ကပါ ဆက္လက္ဝယ္ယူလာျခင္းျဖစ္ ေၾကာင္း သိရသည္။
လာမည့္ မိုးၾကက္သြန္အသစ္ ေပၚမည့္ ႏိုဝင္ဘာလႏွင့္ဒီဇင္ဘာလတို႔တြင္ ျမစ္သားပင္ေလး ၾကက္သြန္နီမ်ား ရာသီဥတုေၾကာင့္ ပ်က္စီးမႈအေျခအေနေပၚ မူတည္၍ ၾကက္သြန္ေဈးအေျပာင္းအလဲရွိ ႏိုင္ေၾကာင္း ေ႐ႊမန္းလွၾကက္သြန္ ပြဲ႐ုံမွ သိရသည္။
သူရိန္လင္း
#Myanmar_Online_News

0 comments:

Post a Comment