Wednesday, August 21, 2019

မီတာခ‌ တိုးမြှင့်ပြီးနောက် လျှပ်စစ်ကဏ္ဍကနေ ကျပ်ငွေ ၃၂ ဘီလီယံ အမြတ်ရနိုင်

comele
မြန်မာပြည်တွင်းမှာ မီတာခ‌တွေ တိုးမြှင့်ပြီးတဲ့နောက် လျှပ်စစ်ကဏ္ဍကနေ ကျပ်  ၃၂ ဘီလီယံ(ကျပ်သန်းပေါင်း ၃၂၀၀၀) အမြတ်ရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အထိ အရှုံးပေါ်နေတဲ့ လျှပ်စစ်ကဏ္ဍမှာ သုံးငွေရော ဝင်ငွေရော နှစ်ဆ တက်လာပြီးတဲ့နောက် အခုလို အမြတ်ရလာတယ်လို့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဖော်ပြထားတာပါ။ 
ဒီမူကြမ်းနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ငွေကြေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ရှင်းလင်းခဲ့ပါတယ်။
လျှပ်စစ်ကဏ္ဍရဲ့ ဝင်ငွေဟာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေစာရင်းအရ ကျပ် ဘီလီယံ ၆၂၆၉ ရှိလာပြီး အသုံးစရိတ်က ၆၂၃၇ ရှိနေတာကြောင့် အမြတ်ငွေ ကျပ် ၃၂ ဘီလီယံ (ကျပ်သန်းပေါင်း ၃၂၀၀၀) ရှိလာတာပါ။
၂၀၁၆-၁၇ တုန်းက‌တော့ ဝင်ငွေ ကျပ်  ၂၀၁၂ ဘီလီယံနဲ့ သုံးငွေ ၂၃၅၂ ဘီလီယံ ရှိတာကြောင့် ဘီလီယံ ၃၄၀ အရှုံးပေါ်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇-၁၈ မှာ ၃၄၆ ဘီလီယံ၊ ၂၀၁၈-၁၉ မှာ ၆၀၆ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ နှစ်တိုင်း ဝင်ငွေရော အသုံးစရိတ်ပါ တိုးလာခဲ့တာပါ။ 
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဒုဥက္ကဋ္ဌ ဦးအောင်မင်းက “လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနမှာ တကယ် အမြတ်ရနေတာကတော့ စွမ်းအင်ကဏ္ဍပဲ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍရဲ့ အရှုံးအမြတ်စာရင်းကို ကြည့်မယ်ဆိုလို့ရှိရင် နှစ်စဉ် အမြတ်ရရှိပြီးတော့ ၂၀၁၉-၂၀ ခုနှစ်မှာ ၇၀၃ ဘီလီယံ အမြတ်ရရှိမယ်လို့ ရည်မှန်းရေးဆွဲထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စွမ်းအင်ကဏ္ဍကတော့ နှစ်စဉ် မြတ်နေတာဖြစ်ပြီး ၂၀၁၆-၁၇ တုန်းက ၅၃၈  ဘီလီယံ (ကျပ်သန်းပေါင်း ၅ သိန်းကျော်)၊ ၂၀၁၇-၁၈ မှာ ၅၄၅ ဘီလီယံ၊ ၂၀၁၈-၁၉ မှာ ၉၇၄ ဘီလီယံမြတ်ခဲ့ပြီး ၂၀၁၉-၂၀ မှာတော့ ၇၀၃ ဘီလီယံ မြတ်မယ်လို့ ရည်မှန်းထားပါတယ်။
DVB

0 comments:

Post a Comment