Thursday, April 2, 2015

ကင်ညာ တက္ကသိုလ်ကို အကြမ်းဖက်သမားများ ၀င်စီး၊ ၁၄၇ ဦး အသတ်ခံရ


ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းက ဂါရီစ်ဆာ(Garissa) တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့အစောပိုင်းက အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်သမားတွေက ၀င်ရောက် စီးနင်းခဲ့ပြီး ညပိုင်း တက္ကသိုလ်ဝန်းကို ရှင်းလင်းပြီးချိန်မှာတော့ သတ်ဖြတ်ခံရသူ ကျောင်းသူကျောင်းသား ၁၄၇ ယောက် ရှိခဲ့တယ်လို့ ကင်ညာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ကမ္ဘာ့လူသန် လူပုကလေးနှင့် လိင်ပြောင်းထားသည့် အမျိုးသမီးတို့ ချစ်သူစုံတွဲများဖြစ်နေကြပြီ


အန်တန်ခရက်ဖ်ထ်သည် အ လေးမ အားကစားသမားဖြစ်သည်။ သူသည် သူ့ကိုယ်အလေးချိန်ထက် လေးဆပိုသော အလေးကို မနိုင်ခြင်း ဖြင့် စံချိန်ချိုးခဲ့သည်။ သူသည် အောင်မြင်သော အလေးမအားကစား သမားဖြစ်သည်။

လက်ပံတောင်းအရေးလှုပ်ရှားသူနှစ်ဦးကို ထောင်ဒဏ်လေးလစီချမှတ်


ဦးသန်းရွှေနှင့် ဒေါ်နော်အုံးလှတို့အား ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ တောင်းဆို၍ ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော လက်ပံတောင်းအရေးလှုပ်ရှားသူ ဒေါ်နော်အုံးလှနှင့် ဦးသန်းရွှေတို့ကို ဗဟန်းမြို့နယ်တရားရုံးက ထောင် ဒဏ်လေးလစီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အသတ်ခံခဲ့ရသည့်ကလေးငယ်နှင့်ပတ်သက်၍ အင်တာနက်တွင်ပျံ့နှံ့သောသတင်းများ မမှန်ဟုဆို

အသတ်ခံခဲ့ရသောကလေးငယ် (ဓာတ်ပုံ − tachileik.net)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မကာဟိုခမ်းရပ် ကွက်နေ အသက် (၆)နှစ်ကျော် မနန်းဖွေးဟွမ်သည် အသတ်ခံရ သော်လည်း ၀မ်းတွင်းကလီစာ များ ရောင်းချခံရခြင်း၊ မျက်ကြည် လွှာထုတ်ခံရခြင်း စသည်ဖြင့် အင်တာနက်တွင် တင်ထားသည့် သတင်းများမှာ မမှန်ကန်ကြောင်း သတင်းရရှိသည်။

ကော်ရှူသည့် ကလေးငယ်များကို အရေးယူမည့် ဥပဒေမရှိသေး၍် ပညာပေးမှုများသာရှိ

ကော်ရှူနေသော ကလေးငယ်အချို့ (ဓာတ်ပုံ − အေပီ)

ကော်ရှူသည့် ကလေး ငယ်များကို အရေးယူနိုင်သော ဥပဒေ မြန်မာနိုင်ငံတွင် မရှိသေးသည့်အတွက် အဆိုပါကလေးငယ်များကိုဖမ်းမိပါက ပညာပေး၍ပြန်လွှတ်ပေးနေကြောင်း သတင်း ရရှိသည်။

လက်ရှိဥပဒေအရ ကလေး ငယ်များရှူနေသည့် ကော်ဘူးများ သည် လုပ်ငန်းသုံးပစ္စည်းများဖြစ် ပြီး တရားဝင်တင်သွင်းရောင်းချ ခွင့်ရှိ၍ တားမြစ်ရန် မဖြစ်နိုင် ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေး ၀ါးဆန့်ကျင်ရေးအသင်း (MANA)မှ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

ကမ္ဘာပေါ် မှာထောင့်ကန်ဘော ကာကွယ်ပုံ အထူးခြားဆုံး ခံစစ်မှူး

စပိန်ဘောလုံး အသင်းတစ်သင်း မှာထောင့်ကန်ဘော ကာကွယ်ပုံ ထူးခြားတဲ့ ခံစစ်ကစား သမားတစ်ဦး ထွက်ပေါ် လာခဲ့ပါတယ်။

သူ့ရဲ့နာမည် ကတော့ ဒန်နီရယ်နာ ဒါလက်စ်ဖြစ် ပါတယ်။ စပိန် စတုတ္ထ တန်းကလပ် CD Cuartes အသင်းရဲ့ အသင်းခေါင်းဆောင်ပါ။

နာဒါလက်စ်ဟာ Teruel အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးတိုင်ကို ဖက်တက် ပြီးထောင့်ကန်ဘော ကာကွယ်ဖို့ ကြိုးစားခဲ့ တာဖြစ် ပါတယ်။ သူ့ရဲ့ လုပ်ရပ်က တကယ်ကို ရယ်ချင် စရာကောင်း ခဲ့ပါတယ်။ ၃-၁ ဂိုးနဲ့ ရှုံးနေတဲ့ ဒီပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူးတွေ ရဲ့မြင့်မားတဲ့ အရပ်အမောင်းကြောင့် ကြံရာမရတဲ့ နာဒါ လက်စ်ဟာ အခုလို ကာကွယ်ဖို့ ကြိုးစားခဲ့တာပါ။

Wednesday, April 1, 2015

သင်္ကြန်သံချပ်နှင့် သီချင်းများ သူတစ်ပါးကို မပုတ်ခတ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနပြော


ဧပြီလ ၁၃ ရက်တွင် စတင်ကျရောက်မည့် သင်္ကြန်ကာလတွင် အမြင်မတော်သည့် နေထိုင်မှု၊ ဝတ်စားဆင်ယင်မှုနှင့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် သီချင်းဆိုခြင်း၊ သံချပ်ထိုးခြင်းတို့ ရှောင်ကြရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီလ ၂ ရက် ရက်စွဲဖြင့် နှိုးဆော်လိုက်သည်။

သင်္ကြန်စာ အလိုအရ လာမည့်နှစ် နိုင်ငံ အကြီးအကဲများ အပြောင်းအလဲ ရှိနိုင်

ယခုနှစ် သင်္ကြန်စာကို ဖတ်နေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ခရစ်နှစ် ၂၀၁၅ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် အတွက် မဟာသင်္ကြန်စာအရ သင်္ကြန်မင်းဟု ခေါ်သော တနင်္ဂနွေဂြိုဟ်မင်း သည် ဂဠုန်စီးပြီး လက်တဘက်တွင် သန်လျက်ကိုင်၍ လူ့ပြည်သို့ ဆင်းသည့်အတွက် လာမည့်နှစ်တွင် နိုင်ငံရေး အခြေအနေအရ မင်း(နိုင်ငံ အကြီးအကဲများ) အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။

အမျိုးသမီးတွေ စိတ်အနှောင့်အယှက်ဖြစ်လေ့ရှိတဲ့ ချစ်သူ အမျိုးသားတွေရဲ့ အပြုအမူနဲ့ အပြောအဆိုများ


ခုကစပြီး သင့်ရဲ့ကောင်မလေး ဒါမှမဟုတ် သင့်ဇနီးက ဘာလို့ မျက်မုန်းကျိုးနေရသလဲဆိုတာ သိမြင်ဖို့ အချိန်ရောက်ပါပြီ။ တခါတလေမှာ သူတို့အော်လိုက်ရင် ဘယ်နား သွားဝပ်နေလို့ နေရမှန်းတောင်မသိ ဖြစ်ဖြစ်သွားတတ်ပါတယ်။ မွေးနေ့မေ့နေလို့၊ နှစ်ပတ်လည်နေ့မေ့နေလို့ စိတ်ဆိုးတာက ရှိသေးတယ်။

ကျူးအဖြစ်တရားစွဲခံထားရသည့် အဘွားအို မြေကွက်ရရှိ

ဒေါ်ညိုနှင့် ၎င်းနေထိုင်ခဲ့သည့် အိမ်ကိုတွေ့ရစဉ်(ဓာတ်ပုံ - နန်းအောင်)

စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးမှုမရှိသည့်အတွက် နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီက တရားစွဲထားသည့် အသက် (၈၂)နှစ်အရွယ် အဘွား ဒေါ်ညို နေထိုင်ရန် မြေကွက်ကို ပြည်ခိုင်ဖြိုးပါတီအကူအညီဖြင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပင့်ဖိတ်သူရှိပါက တရားဆက်လက်ဟောမည်ဟု ရွှေညဝါဆရာတော်မိန့်

ရွှေည၀ါဆရာတော် ဦးပညာသီဟ မိန့်ကြားနေစဉ်(ဓာတ်ပုံ−မိုးမင်း)

တရားဟောကြားခွင့်ပိတ်ပင်လိုက်သည်ဆိုသော်လည်း ပင့်ဖိတ်သူရှိပါက ဆက်လက် ဟောကြားမည်ဟု ရွှေညဝါဆရာ တော်ဦးပညာသီဟက မိန့်ကြား လိုက်သည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့က တရားဟောကြားခွင့် ပိတ်ပင်ခြင်းမှာ တစ်ဖက်သတ်စွပ်စွဲလုပ်ဆောင်ခြင်းသာဖြစ်၍ လက်သင့်မခံနိုင်ဘဲ ဦးဆောင်ပင့်ဖိတ်သူရှိပါက တွန့်ဆုတ်နေမည်မဟုတ် ဟု ရွှေညဝါဆရာတော်ဦးပညာ သီဟက တရားဟောအပိတ်ခံရ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့နယ်ရှိ ၎င်းကျောင်းတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

အိမ်မဲမြို့နယ်တွင် ဓါးပြတိုက်သွားသူများကို ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး


၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲ မြို့နယ်၊ ယိုးဒယားကုန်းကျေးရွာနေ ဦးစလန်း(ခ)သိန်းအောင်(၅၂)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ တူတော်စပ်သူ ဂျလီမှ ဧည့်သည်များတွေ့ချင်ကြောင်းပြောဆိုသဖြင့် အိမ်ရှေ့သို့ထွက်ကြည့်ရာ ဂျလီနှင့် အတူပါလာသည့် ပြောက်ကျားဝတ်စုံဝတ်ဆင်သူ(၇)ဦးနှင့် အရပ်ဝတ်(၃)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အနက် ပြောက်ကျားအင်္ကျီဝတ်ဆင်ထားသူတစ်ဦးမှ သေနတ်အတိုဖြင့်ချိန်၍ နေအိမ်အောက်သို့ခေါ်ကာ ၎င်းင်းအား ကြိုးနှင့်တုပ်ပြီး ဦးခေါင်းအား တုတ်ဖြင့်(၂)ချက်ရိုက်၍ လေလံပွဲအတွက်အသုံးပြုမည့် ငွေကျပ် သိန်း(၆၀)အား ယူဆောင်သွားသဖြင့် အဆိုပါလူ(၁၀)ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းရာ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေရဲစခန်း(ပ)၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ငွေဆိုတာကို နောက်ဆုံးမှ စဉ်းစားတယ်ဆိုတဲ့ Matrix မင်းသား Keanu Reeves












ဒေါ်လာသန်းရာချီ ချမ်းသာတဲ့ လူတစ်ယောက်ဇိမ်မခံဘူး၊ နေစရာအိမ်မဝယ်ဘူး၊ ဟိုတယ်မှာနေတယ်၊လမ်းပေါ်ကလူတွေနဲ့လည်းခင်မင်ပေါင်းသင်းတယ် လုပ်ငန်းကရတဲ့ အကျိုးအမြတ်တွေကို လုပ်ဖေါ်ကိုင်ဖက်တွေနဲ့မရှိဆင်းရဲသားတွေကို ရက်ရက်ရောရောပေးပစ်တယ် လှူပစ်တယ်လို့ပြောရင် ယုံကြမယ်မထင်ပါဘူး။ ဒီကမ္ဘာ.ကျော် မီလျှံနာကြီးရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံ၊ပကာသနာမပါ ဟန်ဆောင်မှုကင်းပြီး မောက်မာမှုမရှိတဲ့သူဘဝကိုကြည့်ပြီး ကျွန်တော်တို့သူဆီကသင်ယူစရာ လေး တစ်ခုခုတာ့ ရမယ်ထင်ပါတယ်။မေတ္တာတရား ခေါင်းပါးလာတဲ့ ကမ္ဘာကြီးမှာ ဒီလို လူတန်းစားတွေထဲကတစ်ဦးရှိနေသေးတယ်ဆိုတာ....... ငွေဆိုတာကို နောက်ဆုံးမှ စဉ်းစားတယ်ဆိုတဲ့ Matrix မင်းသား Keanu Reeves

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသူများမှာ ကေအိုင်အေတပ်ဖွဲ့ဝင် သုံးဦးဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး ညှိနှိုင်း၍ ပြန်လွတ်လာ

ဖားကန့်မြို့မှ အမျိုးသမီး တစ်ဦးကို နေအိမ်အတွင်းဝင်၍ ဖမ်းဆီးသွားသူများမှာ ကေအိုင် အေအဖွဲ့မှဖြစ်ပြီး သင်းအုပ်ဆရာ တော်တစ်ပါး၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက် ညက ဖား ကန့်မြို့ ငှက်ပျောတောရပ်ကွက် နေ အမျိုးသမီးတစ်ဦးကို လက် နက်ကိုင်လူသုံးဦးက ဖမ်းဆီးသွား ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက် ည နေတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ အရပ်သားချင်း ဖြစ်ပွားသည့် လူမှုရေးပြဿနာ တစ်ခုကြောင့် ကေအိုင်အေအဖွဲ့ က ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကာ ဖားကန့်မြို့မှ သင်းအုပ် ဆရာတော် ဦးဘီတူးဂျာ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၌ White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံရာ ပထမနေ့တွင် လာရောက်အပ်နှံသူ (၁၇၆၁) ဦး ရှိခဲ့

စစ်တွေမြို့နယ်အတွင်း White Card များ ပြန်လည်အပ်နှံ စာရင်းရေးသွင်းနေကြသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)

White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံခဲ့ရာ ဧပြီ ၁ ရက် ပထမနေ့တွင် ရခိုင်ပြည်နယ်၌ လာရောက်အပ်နှံသူ ၁၇၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့၌ White Card များသည် တရားမ၀င်သော ကတ်များအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ အဆိုပါ White Card ကိုင်ဆောင်ထားသူများ အနေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ လက်ခံရေးစခန်းများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း၊ ယင်းသို့ အပ်နှံသူများအား သင့်လျော်သော ကတ်တစ်ခုခုကို ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူရူးပေမယ့် ဘုန်းမရူးဘူးဆိုတဲ့ “အော်တိုဘုရင်” ဇာတ်ကား ရိုက်ကူး


အော်တိုဘုရင် ရိုက်ကွင်း (ဓာတ်ပုံ – Kyaw Swar Myint Facebook မှ)


လူရူးပေမယ့် ဘုန်းမရူးဘူး ဆိုတဲ့ ပါးစပ်ရာဇဝင်ထဲက မောင်ပေါက်ကျိုင်းဇာတ်လမ်းကို “အော်တိုဘုရင်” အမည်နဲ့ မြန်မာဟာသ ရုပ်ရှင် ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ ညီညီထွန်းလွင်က စတင် အသက်သွင်း ပုံဖော်နေပါပြီ

တာချီလိတ်တွင် ကလေးငယ်တဦး အသတ်ခံရမှု ဒေသခံများ ထိတ်လန့်တုန်လှုပ်

အသတ်ခံရလိုက်သော အသက် ၆ နှစ်အရွယ် နန်းဖွေးဟွမ်ဓာတ်ပုံနှင့် နာရေးကြော်ငြာ (ဓာတ်ပုံ – tachileik.net)


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-နယ်စပ် တာချီလိတ်မြို့တွင် လူပျောက်ကြေညာထားသော အသက် ၆ နှစ်အရွယ် မိန်းကလေး ငယ် တဦး၏ ရုပ်အလောင်းကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံဘက်တွင် တွေ့ရှိခဲ့ပြီး လတ်တ လော စစ်ဆေးချက်များအရ ကလေးငယ်သည် အသတ်ခံရခြင်းဖြစ်၍ တာချီလိတ်ဒေသခံများအကြား ထိတ်လန့် တုန်လှုပ် လျက် ရှိကြောင်း သိရှိရသည်။

စစ်တန်းလျားက ခေါ်သံ


မြန်မာတို့၏ နာမည်ကျော် အရှေ့မြောက်စစ်ဒေသ၌ ကိုးကန့်၊ လောက်ကိုင်တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားချိန်နှင့် တစ်ပြိုင်နက်ပင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းရန် ပြည်ထောင်စုလွှတ်တော်၌ တိုက်တွန်းဆွေးနွေးမှု ပေါ်ထွက်လာသည်။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးကို ဝေဖန်သည့် ၁၆ နှစ်အရွယ် စင်ကာပူလူငယ် တရားစွဲခံရ


မကြာသေးမီက ကွယ်လွန်သွားခဲ့သော စင်ကာပူနိုင်ငံ တည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးကို အွန်လိုင်းမှတစ်ဆင့် ဝေဖန်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို စင်ကာပူ အာဏာပိုင်များက ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲထားသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ရှုတင်မှာ ဘတ္ထရီတုံး ခေါင်းပေါ်ပြုတ်ကျလို့ ခေါင်းပေါက်သွားခဲ့တဲ့ သွန်းဆက်က သင်္ကြန်ကို အိမ်မှာနားဖြစ်မယ်လို့ ဆို




သွန်းဆက်က ၂၀၁၅ သင်္ကြန်ကို သူမဖြတ်သန်းမဲ့အကြောင်းနဲ့ မကြာသေးခင်ကမှ အသက် ၂၄ နှစ်ပြည့်သွားတဲ့ သူမရဲ့ မွေးနေ့ကို ဖြတ်သန်းဖြစ်ပုံ အကြောင်း ခုလို ပြောပြသွားပါတယ်။

“မွေးနေ့ မနက်ပိုင်းမှာ ဘုရားပဲသွားဖြစ်လိုက်တယ်။ ညီမလဲနေမကောင်းလို့ ယတြာတွေ ဘာတွေချေတယ်။ အလှူလဲလှူခဲ့တယ်။ နေမကောင်းတာကတော့ ညီမရှုတင်မှာ ဖိုက်တင်ပေးတဲ့ အခန်းက ဘတ္ထရီတုံးကြီး ခေါင်းပေါ်ပြုတ်ကျတာ နဲနဲပေါက်သွားတယ်။ အရမ်းကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ညီမ ဒီအလုပ်လုပ်လို့ဒီလိုဖြစ်တယ်လို့တော့မတွေးမိပါဘူး။ ညီမမွေးနေ့နားနီးတော့ ထိခိုက်ဒဏ်ရာရတယ်လို့ပဲသဘောထားပါတယ်။ ညီမတို့အနုပညာရှင်တွေဆိုတာ ကိုယ့်အန္တရယ်ကို ကိုယ်မသိကြပါဘူး။ ဇာတ်ကားကောင်းဖို့ကိုပဲ ဦးစားပေးကြတဲ့အတွက် အာရုံစိုက်ကြတဲ့အတွက် ကိုယ်ဖြစ်နေတဲ့ ဒဏ်ရာတွေကို သတိမထားမိပါဘူး။ ပရိသတ်ရဲ့အားပေးမှုကိုပဲ မျှော်လင့်တယ်။ မက်မောပါတယ်။ ခု ကိုဇေရဲထက်နဲ့ ၂ ကား ရိုက်ဖို့ရှိတယ်။”လို့ သူမက ပြောပါတယ်။