Wednesday, April 1, 2015

သင်္ကြန်သံချပ်နှင့် သီချင်းများ သူတစ်ပါးကို မပုတ်ခတ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနပြော


ဧပြီလ ၁၃ ရက်တွင် စတင်ကျရောက်မည့် သင်္ကြန်ကာလတွင် အမြင်မတော်သည့် နေထိုင်မှု၊ ဝတ်စားဆင်ယင်မှုနှင့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် သီချင်းဆိုခြင်း၊ သံချပ်ထိုးခြင်းတို့ ရှောင်ကြရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီလ ၂ ရက် ရက်စွဲဖြင့် နှိုးဆော်လိုက်သည်။
"သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း သံချပ်ထိုးခြင်း၊ သီချင်းဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်" ဟု နှိုးဆော်ချက်တွင် ပါရှိသည်။

အက အခုန်များကို အလွန်အမင်း မလိုက်စာရန်နှင့် သိက္ခာကျလောက်အောင် အရက်သေစာ သောက်စားမူးယစ်မှုတို့မှ ရှောင်ကြဉ်ရန်လည်း ပါရှိသည်။ မြန်မာ့ယဉ်ကျေးမှုအလွန် ဝတ်စားဆင်ယင်မှုများ ရှောင်ကြရန်၊ အမြင်မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြရန်လည်း ကန့်သတ်ထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment