Wednesday, April 1, 2015

ကျူးအဖြစ်တရားစွဲခံထားရသည့် အဘွားအို မြေကွက်ရရှိ

ဒေါ်ညိုနှင့် ၎င်းနေထိုင်ခဲ့သည့် အိမ်ကိုတွေ့ရစဉ်(ဓာတ်ပုံ - နန်းအောင်)

စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးမှုမရှိသည့်အတွက် နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီက တရားစွဲထားသည့် အသက် (၈၂)နှစ်အရွယ် အဘွား ဒေါ်ညို နေထိုင်ရန် မြေကွက်ကို ပြည်ခိုင်ဖြိုးပါတီအကူအညီဖြင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။အဘွားဒေါ်ညိုနေထိုင်ရေး မြေကွက်ရရှိရန် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ နေပြည်တော်မြို့တော်ဝန်ထံသို့ အသနားခံစာတင်ပြတောင်းဆိုကာ ကြိုးစားဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒေါ်ညိုကတော့ ရသွားပါ ပြီ။ အသက်ကြီး ဘိုး၊ ဘွားတွေဖြစ် တဲ့အတွက် သူတို့ခံစားနေတာ တွေ ကျွန်တော်တို့လည်း မျှဝေပြီး တော့မှ ကြိုးစားပေးတာပါ’’ဟု လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသိန်းတူးက ပြော သည်။

အဘွားဒေါ်ညိုမှာ စည်ပင်ပုဒ်မ ၂၆၊ ၂၇ ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ဒေါ်ညိုနေထိုင်ရန် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက် အပိုင်း (၁)၊ ကွင်းအမှတ်ဒ/၂၄၉၊ ပေ ၆၀ ပတ်လည်မြေကွက်ကို နေပြည်တော်မြို့တော်ဝန်က နေရာချပေးလိုက်ကြောင်း သိရသည်။


ထို့ပြင် ဒေါ်ညိုကဲ့သို့ပင် စည် ပင်ပိုင်မြေပေါ်တွင် ကျူးကျော်နေ ထိုင်သည်ဟု ဆိုကာ တရားစွဲဆို ခံရပြီး ထောင်ဒဏ်တစ်လ ပြစ် ဒဏ်ကျခံရကာ ပြန်လွတ်လာ သည့် အသက် (၈၈) နှစ်အရွယ် ဒေါ်တင်လှိုင်အတွက်လည်း နေထိုင်ရန် မြေကွက်ရရှိရေး ပြည်ခိုင်ဖြိုးပါတီက ဆက်လက်ကြိုးစားပေးနေကြောင်း သိရသည်။

‘‘ဒေါ်တင်လှိုင်အတွက်လည်း ကြိုးစားပေးနေပါတယ်။ နောက် တစ်ပတ်လောက်ဆိုရမယ့် သ ဘောရှိပါတယ်’’ဟု ဦးသိန်းတူးက ပြောသည်။

နေပြည်တော်ကောင်စီ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ဆင်အုံကြို့ပင်ရွာမှ ကွင်းအမှတ် (၁၈၄၄)တွင် နေထိုင်သည့် တောင်သူများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဒက္ခိဏ(၉၂၀) ကွင်းမြို့သစ်စီမံကိန်းအတွက် မြေကွက်များဖော်ထုတ်ရန်ဟုဆိုကာ ၂၀၀၇ မှစ၍ သိမ်းဆည်းကာ တောင်သူများအား ဖယ်ရှားစေခဲ့သည်ဟု တောင်သူများထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါ်ညို အား ၂၀၁၄ စက်တင်ဘာတွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ် လကျခံစေခဲ့ကာ ထောင်မှ ပြန်လွတ်လာပြီး ရက်နှစ်ဆယ်ခန့်တွင် ပုဒ်မ ၂၇ ဖြင့် ဒေါ်ညိုအပါအ၀င် တောင်သူ ၁၁ ဦးကို ထပ်မံတရားစွဲ ဆိုလိုက်ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment