Wednesday, April 1, 2015

ပင့်ဖိတ်သူရှိပါက တရားဆက်လက်ဟောမည်ဟု ရွှေညဝါဆရာတော်မိန့်

ရွှေည၀ါဆရာတော် ဦးပညာသီဟ မိန့်ကြားနေစဉ်(ဓာတ်ပုံ−မိုးမင်း)

တရားဟောကြားခွင့်ပိတ်ပင်လိုက်သည်ဆိုသော်လည်း ပင့်ဖိတ်သူရှိပါက ဆက်လက် ဟောကြားမည်ဟု ရွှေညဝါဆရာ တော်ဦးပညာသီဟက မိန့်ကြား လိုက်သည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့က တရားဟောကြားခွင့် ပိတ်ပင်ခြင်းမှာ တစ်ဖက်သတ်စွပ်စွဲလုပ်ဆောင်ခြင်းသာဖြစ်၍ လက်သင့်မခံနိုင်ဘဲ ဦးဆောင်ပင့်ဖိတ်သူရှိပါက တွန့်ဆုတ်နေမည်မဟုတ် ဟု ရွှေညဝါဆရာတော်ဦးပညာ သီဟက တရားဟောအပိတ်ခံရ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့နယ်ရှိ ၎င်းကျောင်းတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။‘‘ပင့်ဖိတ်သူရှိလို့ကတော့ ဘုန်းကြီးအလုပ် တရားဟောမှာ ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လည်း နိုင်ငံသားအခွင့်အရေးပေး ထားပြီး ဖွဲ့စည်းပုံထက်ကျော် လွန်အမိန့်ပေးတာလက်မခံဘူး။ ဒကာတွေအနေနဲ့လည်း ကိုယ့် အခွင့်အရေးဘာရှိလဲဆိုတာသိရ မယ်။ အဲဒီလိုသိအောင်၊ မကြောက်တတ်အောင် ငါကလိုက်ဟောနေ တာ’’ဟု ၎င်းက မိန့်သည်။

ထိုသို့ တရားဟောမပိတ်ပင် မီကလည်း ၎င်းအား ဖမ်းဆီးထောင်ချမည်ဟု သတင်းများကြိုတင် ကြားသိထားရသဖြင့် ယခုကဲ့သို့ တရားဟောခွင့်ပိတ်လိုက်ခြင်း အပေါ် အံ့ဩတုန်လှုပ်မှုမရှိဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့် ကြားသည်။

‘‘ငါ့ကို ထောင်နှစ် ၂၀ လောက်တောင်ချနိုင်မယ့် ပုဒ်မ တွေနဲ့ အရေးယူဖို့ပြင်ဆင်နေ တယ်လို့ သတင်းတွေရထားပြီး သား။ ဒီနှစ်ဆန်းတစ်လျှောက်လုံး လည်း ကျောင်းသားအရေးကိစ္စ တွေမှာ ဝင်အားပေးခဲ့တာ ဗိုလ် ချုပ်ရာပြည့်တရားတွေချည်းပဲ ဟောနေရတော့ တော်တော်မျက် မုန်းကျိုးနေပုံရတယ်။ နောက် တော့ဖမ်းဆီးထောင်ချတဲ့အဆင့် မရောက်လိုက်ဘဲ တရားဟော ပိတ်တယ်ဆိုပြီးဖြစ်သွားတယ်’’ ဟု ဆရာတော်က မိန့်သည်။

ဖေဖော်ဝါရီအတွင်းပြုလုပ် သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ အစည်းအဝေးတွင် ရွှေညဝါဆရာတော်မှာ ဗုဒ္ဓတရားတော်နှင့်သက်ဆိုင်ခြင်းမရှိသော အကြောင်း အရာများ ဟောပြောနေခြင်းနှင့် ပတ်သက်၍ လိုအပ်သလိုဆောင် ရွက်ပေးရန် ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့က အစီ ရင်ခံတင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် အဆိုပါအစည်း အဝေးတွင် ဆရာတော်ဦးပညာ သီဟအား ဒုဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမ ၍မရသော ရဟန်း/ပုဂ္ဂိုလ်) အဖြစ် သတ်မှတ်ရန်၊ ဓမ္မကထိက ဂုဏ်အင်္ဂါနှင့်မညီသောကြောင့် တရားဟောခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုရန်၊ တိုင်းဒေသကြီးပြည် နယ်အစိုးရအဖွဲ့များက တိုင်း ဒေသကြီးပြည်နယ်သံဃနာယက အဖွဲ့၏ ညွှန်ကြားချက်ရယူ၍ လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ရွှေညဝါဆရာ တော်က ၎င်းအား စွပ်စွဲထားသည့် အချက်သုံးချက်စလုံးမှာ အခြေ အမြစ်မရှိသောအကြောင်းပြချက် များသာဖြစ်သည်ဟု မိန့်ကြား သည်။

7Day Daily

0 comments:

Post a Comment