Thursday, April 2, 2015

ကော်ရှူသည့် ကလေးငယ်များကို အရေးယူမည့် ဥပဒေမရှိသေး၍် ပညာပေးမှုများသာရှိ

ကော်ရှူနေသော ကလေးငယ်အချို့ (ဓာတ်ပုံ − အေပီ)

ကော်ရှူသည့် ကလေး ငယ်များကို အရေးယူနိုင်သော ဥပဒေ မြန်မာနိုင်ငံတွင် မရှိသေးသည့်အတွက် အဆိုပါကလေးငယ်များကိုဖမ်းမိပါက ပညာပေး၍ပြန်လွှတ်ပေးနေကြောင်း သတင်း ရရှိသည်။

လက်ရှိဥပဒေအရ ကလေး ငယ်များရှူနေသည့် ကော်ဘူးများ သည် လုပ်ငန်းသုံးပစ္စည်းများဖြစ် ပြီး တရားဝင်တင်သွင်းရောင်းချ ခွင့်ရှိ၍ တားမြစ်ရန် မဖြစ်နိုင် ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေး ၀ါးဆန့်ကျင်ရေးအသင်း (MANA)မှ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။‘‘ကော်ရှူတာကို ပပျောက် အောင် လုပ်ဖို့ဆိုရင်တော့ တော် တော်လုပ်ယူရမယ်။ ဆေးဘူး ရောင်းတဲ့ ဆိုင်တွေကိုလည်း ကလေးတွေ လာဝယ်ရင်မရောင်း ဖို့အတွက် ပြောပြရမယ်။ အရင် တုန်းကလည်း ဓာတ်ဆီ၊ ရေနံဆီ၊ တင်နာဘူးစတာတွေကို ရှူတဲ့သူ တွေလည်းရှိတယ်။ အလွန်အကျွံ ရှူရင်တော့ အသက်အန္တရာယ်ရှိ တယ်’’ဟု ၎င်းကပြောသည်။

ကော်ရှူသည့် ကလေးသူ ငယ်များကို ဖမ်းဆီးရမိသည့်အခါ နီးစပ်ရာ လူငယ်ပြုပြင်ရေးကျောင်း သို့ ပို့ဆောင်ပေးသော်လည်း သက်ဆိုင်ရာအုပ်ထိန်းသူများက အထောက်အထားနှင့် လာရောက်ခေါ်ဆောင်ပါက ပြန်လည် လွှတ်ပေးရသည်ဟု ကမာရွတ်မြို့နယ်မှ နယ်ထိန်းအရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့အသက်က အများ အားဖြင့် (၁၈) နှစ်အောက် ကလေးတွေများပါတယ်။ အသက်ကလည်း မပြည့်သလို ဖမ်းရတာလည်း မလွယ်ပါဘူး။ သူတို့ ကိုမိရင်တောင် ဖမ်းဆီးဖို့အတွက် ဥပဒေမရှိတော့ ပညာပေးပြီးပြန် လွှတ်တာများပါတယ်။ လမ်းဘေး မှာ ပစ္စည်းကောက်တဲ့ ကလေး တွေ ရှူတာများတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းအတွင်း ကော်ရှူသည့် ကလေးငယ်အများစုသည် ရန်ကုန်မြို့ပြင်နေရာများ တွင် နေထိုင်ကာ ပိုက်ဆံရှာဖွေရန် မြို့တွင်း၌ အမှိုက်ကောက်ပြီး ရရှိသည့်ငွေဖြင့် ကော်ဘူးဝယ် ရှူကြခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် (၁၃) နှစ်အရွယ် ကလေး ငယ်တစ်ဦးက ပြောသည်။

‘‘ကော်ဘူးဝယ်ပြီး ရှူလိုက် ရင် နေလို့ကောင်းတယ်။ ဗိုက် လည်း သိပ်မဆာဘူး။ အိပ်လည်း သိပ်မအိပ်ချင်ဘူး။ ဒီအတိုင်းရှူ တာထက် ပုဆိုးအုပ်ပြီး ရှူတာပို ကောင်းတယ်။ ပိုက်ဆံကိုတော့ အမှိုက်ပစ်တဲ့အထဲကရောင်းလို့ရ တဲ့ အမှိုက်တွေရွေးပြီး ပြန်ရောင်းတယ်’’ဟု ၎င်းကပြောသည်။

ကော်ရှူသည့်ကလေးငယ် များကို ယခုထက်ပိုမိုတားဆီး ပညာပေးနိုင်ရန် လုပ်ဆောင်နေ ပြီး ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးအဖွဲ့ ဒုရဲမှူးကြီးမြင့်အောင်ကပြောသည်။

‘‘ဒီကိစ္စကတော့ မူးယစ်ဆေး ၀ါးလို မဟုတ်တဲ့အတွက် ဒီ ကလေးတွေ ပညာပေးဖို့အတွက် ကြိုးစားလုပ်ရမယ်။ အလွတ် သဘော ဆွေးနွေးနေတာတွေ တော့ လုပ်နေတယ်။ စာသင် ကျောင်းတွေမှာလည်း အလယ် တန်းအဆင့်ကစလို့ ပညာပေးတာတွေကို အရင်ထက်ပိုလုပ်သွား မယ်။ ဒီလိုကော်ရှူတဲ့ ကလေးငယ် အများစုကတော့ လေလွင့်သူ တွေ၊ အိမ်ပြေးကလေးငယ်တွေ များပါတယ်’’ဟု ၎င်းကပြော သည်။

လက်ရှိထုတ်ပြန်ထားသည့် မူးယစ်ဥပဒေ ၁၆၈ မျိုးတွင် ကော် ဘူးသည် တားမြစ်ထားသည့်အထဲ တွင် မပါဝင်သကဲ့သို့ သုံးစွဲသည့် လူငယ်အများစုမှာလည်း အသက်မပြည့်သည့် လူငယ်များဖြစ်၍ အရေးယူရန်နှင့်တားဆီး ရန် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်း ရေးအဖွဲ့မှ သိရသည်။

7Day Daily

0 comments:

Post a Comment