Thursday, April 2, 2015

ကမ္ဘာ့လူသန် လူပုကလေးနှင့် လိင်ပြောင်းထားသည့် အမျိုးသမီးတို့ ချစ်သူစုံတွဲများဖြစ်နေကြပြီ


အန်တန်ခရက်ဖ်ထ်သည် အ လေးမ အားကစားသမားဖြစ်သည်။ သူသည် သူ့ကိုယ်အလေးချိန်ထက် လေးဆပိုသော အလေးကို မနိုင်ခြင်း ဖြင့် စံချိန်ချိုးခဲ့သည်။ သူသည် အောင်မြင်သော အလေးမအားကစား သမားဖြစ်သည်။ယခုအခါ သူ၏ အသက်မှာ ၅၂ နှစ်ရှိပြီ။ သူသည် အသက် ငါးဆယ်ကျော်မှ ကြီးမား သော အောင်မြင်မှုတစ်ခု ရရှိသေး သည်။ ယင်းမှာ စွဲမက်ဖွယ်ကောင်း သော ချစ်သူအသစ် ရရှိခြင်းဖြစ် သည်။

အလေးမ ကစားသမား အန် တန်ခရက်ဖ်ထ်သည် ဒိန်းမတ်ဇာတိ ဖြစ်သည်။ ယခု အမေရိကန်ပြည် ထောင်စု ဖလော်ရီဒါပြည်နယ်တွင် နေလိုင်လျက် ရှိသည်။

ချီနာဘဲလ်သည် မွေးစက ယောက်ျားလေးဖြစ်သည်။ နောက် ပိုင်း၌ လိင်ပြောင်းခဲ့သောကြောင့် မိန်းမဖြစ်သွားသည်။

ချီနာကလဲ အန်တန်ကို ချစ်မြတ်နိုးသည်ဟုဆို သည်။ သူတို့နှစ်ဦး လက်ထပ်ကြ မည်ဟုသိရသည်။

အမျိုးသား အန်တန်က အရပ် ၄ ပေနှင့် ၄ လက်မရှိ၍ အမျိုးသမီး ချီနာက အရပ် ၆ ပေနှင့် ၃ လက်မ ရှိသည်။

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

0 comments:

Post a Comment