Wednesday, April 1, 2015

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသူများမှာ ကေအိုင်အေတပ်ဖွဲ့ဝင် သုံးဦးဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး ညှိနှိုင်း၍ ပြန်လွတ်လာ

ဖားကန့်မြို့မှ အမျိုးသမီး တစ်ဦးကို နေအိမ်အတွင်းဝင်၍ ဖမ်းဆီးသွားသူများမှာ ကေအိုင် အေအဖွဲ့မှဖြစ်ပြီး သင်းအုပ်ဆရာ တော်တစ်ပါး၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက် ညက ဖား ကန့်မြို့ ငှက်ပျောတောရပ်ကွက် နေ အမျိုးသမီးတစ်ဦးကို လက် နက်ကိုင်လူသုံးဦးက ဖမ်းဆီးသွား ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက် ည နေတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ အရပ်သားချင်း ဖြစ်ပွားသည့် လူမှုရေးပြဿနာ တစ်ခုကြောင့် ကေအိုင်အေအဖွဲ့ က ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကာ ဖားကန့်မြို့မှ သင်းအုပ် ဆရာတော် ဦးဘီတူးဂျာ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။‘‘သူတို့ အသင်းတော်က သိက္ခာတော်ရ ဆရာပေါ့နော်။ ဆရာတော်ဦးဘီတူးဂျာဆိုတာ သူ သွားခေါ်ပေးတာ ပြန်ရောက်လာ တယ်။ ပြန်ရလာပြီပေါ့’’ဟု ဖား ကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

သင်းအုပ်ဆရာတော် ဦးဘီ တူးဂျာသို့ ဆက်သွယ်မေးမြန်း ရာ ဖြစ်စဉ်မှန်ကန်ပြီး အလုပ်များနေသောကြောင့် အသေးစိတ်မပြောနိုင်သေးဟုဖြေသည်။

ဖမ်းဆီးခံရသူ အမျိုးသမီး၏ ခင်ပွန်း ဦးရီချွန်ကမူ လက်နက်ကိုင်ဆောင်ထားသူများ အိမ်အ တွင်း ၀င်ရောက်လာကာ အကြမ်း ဖက် ဖမ်းဆီးသွားသည့်အတွက် ဒေသခံမိသားစုအနေဖြင့် လုံခြုံမှု မရှိတော့ဟု ခံစားရကြောင်း ပြော သည်။

‘‘ကျွန်တော်တို့နေတာက ပြည်သူလူထုအနေနဲ့ နေကြတာ။ နိုင်ငံရေးလုပ်တဲ့လူလည်း မဟုတ် ဘူး။ ကျွန်တော်တို့ မိသားစုနဲ့ပဲ ကောင်းရောင်းကောင်းဝယ် လုပ် နေတာ။ ဒီနယ်မြေမှာ နေရတာ တခြားကိစ္စတွေ သူတို့အထင်အ မြင်လွဲစရာတွေ ရှိရင်လည်း ရှိမှာ ပေါ့။ ရှိတိုင်းသာ စွပ်စွဲခေါ်သွား ပြီဆိုရင် ကျွန်တော်တို့ နေထိုင်ရ တဲ့ ဘ၀က ဘာသွားလုံခြုံမလဲ။ လက်နက်ကိုင်ပြီးတော့မှ အနိုင် ကျင့်တဲ့ ပုံစံဖြစ်သွားပြီ’’ဟု ဦးရီ ချွန်က ပြောသည်။

7Day Daily

0 comments:

Post a Comment