Thursday, June 4, 2015

အကြမ်းဖက်သမား တစ်ယောက်ကို ငြိမ်းချမ်းရေးမှာ နေရာပေးသင့်သလား MPC


မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို အပြီးသတ်လက်မှတ်ရေးထိုးဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ယခုလ ၂ ရက်နေ့ကစပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပလျက်ရှိပါတယ်။

ဖီဖာ ယူ-၂၀ ပြိုင်ပွဲမှ သင်ခန်းစာငါးခု

ပြိုင်ပွဲ၏ ပထမဆုံးဂိုးကို ရန်နိုင်ဦးက အမေရိကန်ဘက်သို့ သွင်းယူနေစဉ် (ဓာတ်ပုံ-ဖီဖာ)

မိနစ် ၁၈၀ ကစားပြီးချိန်တွင် ရဂိုးတစ်ဂိုး၊ ပေးဂိုးရှစ်ဂိုး၊ ရမှတ်သုညမှာ ဘောလုံးအသင်းတစ်သင်းအတွက် ကောင်းမွန်သောရလဒ်မဟုတ်ပေ။ သို့သော် မြန်မာတို့အတွက် ယူ-၂၀ အသင်းကမူ ခြွင်းချက်ဖြစ်ပါသည်။ အာဆီယံဒေသအတွင်း ဘောလုံးပြိုင်ပွဲများတွင်ပင် ယခုနောက်ပိုင်း အောင်မြင်မှုမရဘဲ ရုန်းကန်နေရသော မြန်မာနိုင်ငံမှ လူငယ်အသင်းက အာရှထိပ်သီးအသင်းကြီးများကိုဖြိုကာ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးသို့ ပထမဆုံးအကြိမ် ဝင်နွှဲနေခြင်းဖြစ်၍ မြန်မာအသင်း ကန်နေသော စက္ကန့်တိုင်း၊ မိနစ်တိုင်းက အောင်မြင်မှုပင်။

မြန်မာ ယူ-၂၃ အသင်း အိမ်ရှင်စင်ကာပူကို အနိုင်ယူပြီး အုပ်စုကိုဦးဆောင်

အိမ်ရှင်စင်ကာပူအသင်းကို အနိုင်ယူပြီးနောက် အောင်ပွဲခံနေသည့် မြန်မာ ယူ-၂၃ ကစားသမားအချို့ (ဓာတ်ပုံ − MFF)

၂၀၁၅ ဆီးဂိမ်းအမျိုး သားဘောလုံးပြိုင်ပွဲတွင် မြန်မာ အသင်းက အိမ်ရှင်စင်ကာပူအ သင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိပြီး အုပ်စု၌ ဦးဆောင်ကာ အကြိုဗိုလ် လုပွဲတက်ရောက်ရန် အကောင်း ဆုံး အခြေအနေကို ပိုင်ဆိုင်ခဲ့ သည်။

ခေါင်းပေါင်းဆောင်းခြင်းထက် စိတ်ဓာတ်လုပ်ရပ်တို့ဖြင့်သာ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ဦးရွှေမန်းပြော

လွှတ်တော်ကိုယ် စားလှယ်များ ခေါင်းပေါင်း ပေါင်း ၍ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် ခြင်းထက် မိမိတို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို မှန်ကန်စွာဆောင်ရွက် လုပ်ဆောင်ခြင်းဖြင့်သာ မြန်မာ့ ဂုဏ်သိက္ခာကို မြှင့်တင်ရန်လို ကြောင်း ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

အပစ်ရပ်လက်မှတ်ထိုးရာတွင် စစ်သည်တော် ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးပါဝင်ရန် အကြံပြု


လော်ခီးလာထိပ်သီးအစည်းအဝေးကို ဇွန်လ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် စစ်သည်တော်ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းရေးကိုပါ တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးသွား ရန် လော်ခီးလာထိပ်သီးအစည်းအဝေး၌ အကြံပြုတင်ပြခဲ့သည်။

Jennifer Lopez ရဲ့ Morocco ဖျော်ဖြေ တင်ဆက်မှုကြောင့် ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ပေးဖို့ တောင်းဆိုခံခဲ့ရ


Rabat က Mawazine Festival ဖျော်ဖြေမှုမှာ ဖျော်ဖြေပေးသွားတဲ့ Jennifer Lopez ရဲ့ ပါးဖောင်းမန့်စ်တွေဟာယဉ်ကျေးမှုပျက်ပြားစေမှု တစ်ရပ်ဖြစ်တယ်လို့ လက်ရှိအာဏာရ Justice and Development Party ရဲ့ အထင်ကရ အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။

Wednesday, June 3, 2015

မိုးယုစံ








လော်ခီးလာနဲ့ MNDAA၊ TNLA၊ AA တို့ရဲ့ လားရာ


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ မနေ့က NCCT ထိပ်ပိုင်းခေါင်းဆောင်များရဲ့ တွေ့ဆုံဆွေးနွေးပွဲ စတင် နေပြီ ဖြစ်ပါတယ်။တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အပြီးသတ်လက်မှတ်ရေး ထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အဖြေရလဒ်ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်မိပါတယ်။ အဲဒီ အထဲမှာ ပိုပြီးထူးခြားနေတာက MNDAA၊ TNLA၊ AA တို့အနေနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခွင့် အလားအလာ ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဦးရွှေမန်း သမ္မတ ဖြစ်မလား

ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ၂ ဦး ကြား ပါတီတွင်း ခေါင်းဆောင်မှု လွန်ဆွဲပွဲ ပြီးဆုံးသွားဟန်ရှိပြီး ဦးရွှေမန်း အတွက် လမ်းပွင့်သွားပုံပါ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၅ ရွေးကောက်ပွဲ အများသိကြသလို နိုဝင်ဘာလထဲမှာ ကျင်းပမယ်ဆို ၆ လပဲ လိုပါတော့တယ်။ ဒါဟာ အုပ်ချုပ်မှု အစိုးရတရပ်နဲ့ လွှတ်တော်တွေ တစခန်းရပ်တော့မှာပါ။ နောက်လွှတ်တော်သစ်နဲ့ အစိုးရသစ်ကို ရွေးကောက်ပွဲများမှာ ပြည်သူက မဲပေးရွေးချယ် ရတော့မှာပါ။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

အွန်လိုင်းမှာ အကျပ်ကိုင်ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့်မပေးပါနဲ့


သင်နေ့စဉ်သုံးစွဲနေသည့် ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာ အပါအ၀င် အင်တာနက်လူမှုကွန်ရက်ပေါ်မှ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် ခြင်းဖြစ်စေ၊ ငွေညှစ်တောင်းခံ ခြင်းဖြစ်စေ၊ ကိုယ်တိုင်ကြုံတွေ့ ဖူးပါသလား။ အကယ်၍ သင် ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာ ခြိမ်း ခြောက်ခြင်း၊ ငွေညှစ်ခြင်းခံရ ပါက မည်ကဲ့သို့ ဖြေရှင်းလုပ် ဆောင်မည်နည်း။

တိုင်းရင်းသားများ ဒို့တာဝန်အရေးသုံးပါး စွဲကိုင်ထား၍ အစိုးရသံသယမထားရန် UNFC ဥက္ကဋ္ဌပြော

UNFCဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ အမှာစကားပြောကြားနေစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဒို့တာဝန်အရေးသုံး ပါးကို စွဲကိုင်ထားသည့်အတွက် တိုင်းရင်းသားများအပေါ်တွင် အစိုးရအနေဖြင့် လုံးဝသံသယ ဖြစ်ရန်မလိုကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်သည်။

နိုင်ငံရေးလုပ်ရန် အစီအစဉ်မရှိကြောင်း ကျော်သူပြောကြား

အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဦးကျော်သူ၊ ဓာတ်ပုံ - နာရေးကူညီမှုအသင်း(ရန်ကုန်)

လူမှုရေးနှင့်ပရဟိတလုပ် ငန်းများကိုသာ လုပ်ဆောင်မည် ဖြစ်ပြီး နိုင်ငံရေးလုပ်ရန် အစီအ စဉ်မရှိကြောင်း ၂၀၁၅ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ရွေးချယ်ခံမည်ဟု သ တင်းများထွက်ပေါ်နေသည့် နာ ရေးကူညီမှုအသင်း (ရန်ကုန်)ဥ က္ကဋ္ဌ ဦးကျော်သူကတုံ့ပြန်ပြော ကြား သည်။

ဘင်ဂါလီများကို နိုင်ငံသားပေးရန်တောင်းဆိုခြင်းနှင့် လှေစီးဒုက္ခသည်များ အရေး ပြတ်သားသော မူဝါဒ ချမှတ် ဆောင်ရွက်ရန် အဆိုကို NLD ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ခြင်းတို့အတွက် NLD ရုံးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် မျိုးချစ်လူငယ်များ ကန့်ကွက်ဆန္ဒပြမည်


ဇွန်လ ၁ ရက်တွင် NLD ပါတီက ထုတ်ပြန်ခဲ့သောသဘောထား ကြေညာချက်တွင် ဘင်ဂါလီ နိုင်ငံသားဖြစ်ခွင့် ရရန် အတွက် နိုင်ငံသားဥပဒေကို ဖြေလျော့ပေးရန် တောင်းဆိုထားမှုနှင့် လှေစီးဒုက္ခသည်များအရေး ပြတ်သား သော မူဝါဒ ချမှတ် ဆောင်ရွက်ရန်အဆိုကို ဇွန်လ ၅ ရက်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခွင့်ပြုရန် တင်သွင်းရာတွင် NLD ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့မှုကြောင့် အမျိုးသားသစ္စာဖောက် NLD ပါတီနှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ကန့်ကွက်ဆန္ဒပြမှုများကို NLD ရုံးချုပ်နှင့် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Tuesday, June 2, 2015

ဗီဒီယို အကြိုခံစားခြင်း - ဝေ့လည်ကြောင်ပတ်




ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဟာသ ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

လှေစီးဒုက္ခသည်များအရေး ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်ရန်အဆို ဒီချုပ်ကိုယ်စားလှယ်များ ကန့်ကွက်

မြန်မာ့ရေပိုင် နက်အတွင်းသို့ ရောက်ရှိလာ သည့် လှေစီးရွှေ့ပြောင်းလာသူ များအရေးနှင့်ပတ်သက်၍ ပြတ် သားသော မူဝါဒများချမှတ်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း အဆိုအတည်ဖြစ်ခဲ့သည်။

ဖမ်းဆီးခံသပိတ်ကျောင်းသားတစ်ဦး တရားခွင်တွင် လက်ထပ်

သာယာဝတီမြို့နယ်တရားရုံးတရားခွင်အတွင်း လက်ထပ်ခဲ့သည့် စုံတွဲ (ဓာတ်ပုံ− ဦးရောဘတ်စန်းအောင်ဖေ့စ်ဘွတ်ခ်)

သာယာဝတီထောင် တွင်ဖမ်းဆီးခံထားရသည့် သ ပိတ်မှောက်ကျောင်းသားနှင့် ၀န်း ရံပြည်သူများအနက် ကျောင်းသား တစ်ဦး ဇွန်လ ၂ ရက်တွင် သာယာဝတီမြို့နယ်တရားရုံး၌ ရုံးထုတ်စစ် ဆေးစဉ် တရားသူကြီးရှေ့တွင် လက်ထပ်လက်မှတ်ရေးထိုးခဲ့ သည်။

အခြေအနေနှင့် အချိန်အခါကို နားလည်စေလိုပါသည်


ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်း သူအဖွဲ့တွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလောက်ကိုင် ဒေသနဲ့ ပတ်ဝန်းကျင်က အစိုးရတပ်စခန်းတွေအပြင် လောက်ကိုင်မြို့တွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနဲ့ အကျဉ်းထောင်များပါမကျန်ပစ်ခတ်တိုက် ခိုက်ခဲ့ကြလို့ ဒေသခံတွေ သောင်းနဲ့ချီကာထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။တိုက်ပွဲအခြေအနေဟာ ပိုမို ပြင်းထန်လာပြီး လိုအပ်ချက်အရ နိုင်ငံတော်သမ်္မတ ကြီးကဒေသတည်ငြိမ်မှုနဲ့ အခြေအနေအရပ်ရပ်ကို အမြန်ထိန်းသိမ်းရန် ၁၂.၂.၂၀၁၅ရက်နေ့မှာပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါသည်။ အဲဒီနောက် ၁၇.၂. ၂၀၁၅ ရက်နေ့မှာသမ်္မတ၏ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့်အရ အရေးအပေါ်အခြေအနေ ၎င်းင်းနေ့မှာပဲစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲ ပြောင်းပေးအပ်ခဲ့ပါတယ်။ သမ္မတကြီးလွှဲပြောင်းပေးအပ်လိုက်တဲ့ အခွင့်အာဏာကိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစမှူး) ထံ တစ်ဆင့်ပြန်လွှဲအပ်လိုက်တာကို လည်းအားလုံးအသိပဲဖြစ်ပါတယ်။

Monday, June 1, 2015

စာရေးဆရာမ ရွှေရေးထင်ထင် ရဲ့ အတွင်းရေး ပွင့်ပွင့်လင်းလင်း





အခုတလော အွန်လိုင်းဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အတော်လေး ရေပန်းစားပြီး လူတိုင်း စိတ်ဝင်စားမှု အခံရဆုံး သူကတော့ လူငယ်အမျိုးသမီး စာရေးဆရာ မလေးရွှေရေးထင်ထင် ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွှေရေးထင်ထင် နဲ့ပတ်သက်လို့ ဘဝရေးရာ၊ စာပေရေးရာ၊ လူမှုရေးနဲ့ အလှအပ ရေးရာ အကြောင်းတွေ ကို ပေါ်ပြူလာ စာဖတ်ပရိသတ်ကြီး အတွက်မေးမြန်း ဖော်ပြလိုက်ပါတယ်။

ဦးကျော်သူ ရွေးကောက်ပွဲ ၀င်မည်

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို လတ်တလော တာဝန်ယူနေသည့် သရုပ်ဆောင် ဦးကျော်သူ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားတဦး ဖြစ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်နေသူ ဦးကျော်သူက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ၀င်ရောက်မည်ဟု သိရသည်။

ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် စိုင်းလင်းထံသို့ အစိုးရမှ အကြောင်းကြား


ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအား ပြန်လည်တိုက်ခိုက်လာသော ကိုးကန့်သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် အစိုးရမှ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ စိုင်းလင်းထံသို့ အကြောင်းကြားစာပို့လိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။