Wednesday, June 3, 2015

တိုင်းရင်းသားများ ဒို့တာဝန်အရေးသုံးပါး စွဲကိုင်ထား၍ အစိုးရသံသယမထားရန် UNFC ဥက္ကဋ္ဌပြော

UNFCဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ အမှာစကားပြောကြားနေစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဒို့တာဝန်အရေးသုံး ပါးကို စွဲကိုင်ထားသည့်အတွက် တိုင်းရင်းသားများအပေါ်တွင် အစိုးရအနေဖြင့် လုံးဝသံသယ ဖြစ်ရန်မလိုကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်သည်။လော်ခီးလာထိပ်သီးအစည်း အဝေး ဒုတိယနေ့ အဖွင့်အမှာ စကားတွင် ကေအိုင်အိုဒုဥက္ကဋ္ဌ လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးအင် ဘန်လက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအဆက်ဆက်က ဒို့ တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ပြောကြား ခဲ့ကာ ငြိမ်းချမ်းရေးဆွေးနွေးရာ ၌ ယင်းသုံးချက်မှလွဲပြီး အားလုံး ဆွေးနွေးနိုင်သည်ဟု ပြောကြားခဲ့ ကြောင်း ဗိုလ်ချုပ်ကြီးကပြောကြားသည်။

သို့သော် အစိုးရအဆက် ဆက်သည် ယင်းတို့အနက်မှ နှစ် ချက်ကိုလိုက်နာရန် ပျက်ကွက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

‘‘ပြည်ထောင်စုမပြိုကွဲရေး မှာ တစ်ပြည်ထောင်စနစ်ပဲကိုင်စွဲ လို့ ပြည်ထောင်စုကြီး ပြိုကွဲမယ့် အလား ပြည်တွင်းစစ်ဖြစ်ခဲ့ရ တယ်။ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူကို ပစ်ပယ်ခဲ့တယ်။ သွေးခွဲဖိနှိပ်အုပ် ချုပ်ခဲ့တယ်’’ဟု ပြောကြားသည်။

ထို့ကြောင့် တိုင်းရင်းသား များက လက်နက်မကိုင်ချင်ဘဲ စွဲကိုင်ခဲ့ရပြီး အစိုးရအနေဖြင့် အချုပ်အခြာအာဏာတည်မြဲရန် သာ အာရုံစိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘တကယ်တော့ အရေးသုံး ပါးကို စွဲစွဲမြဲမြဲစွဲကိုင်ထားတာက ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖြစ်တယ်။ မူလက ပြည်ထောင်စု ကြီးဖြစ်အောင် ကြိုးပမ်းခဲ့တာ လည်း တိုင်းရင်းသားတွေဖြစ် တယ်။ ယနေ့ စစ်မှန်တဲ့ ပြည် ထောင်စုဖြစ်အောင် ကြိုးပမ်း အကောင်အထည်ဖော်နေတာ လည်း ကျွန်တော်တို့တိုင်းရင်းသား တွေဖြစ်တယ်။

အဲဒီတော့ အစိုးရအကြီး အကဲများအနေနဲ့ တိုင်းရင်းသား တွေအပေါ်မှာ ဘာဆိုဘာမှ သံသ ယဖြစ်စရာအကြောင်းမရှိဘူးလို့ ဒီကနေ့ ကျွန်တော် ပြောလိုက်ပါ ရစေ’’ဟု ဗိုလ်ချုပ်ကြီးအင်ဘန် လက ပြောကြားသည်။

ထို့အပြင် လက်ရှိစစ်ရေးတင်းမာနေသည့် တအာင်န်းနှင့် ကိုးကန့်အဖွဲ့တို့သည် UNFCနှင့် NCCT အဖွဲ့ဝင်များဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာတွင် ၎င်းတို့လည်းပါဝင်သင့်ပြီး အဖွဲ့အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားရန် ၎င်းကတိုက်တွန်းခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် လည်း ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်း အစိုးရက သိမ်း သွင်းပြီးမှ နောင်တမရမိရန် သတိ ထားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး က အကြံပြုသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက် စာချုပ်(မူကြမ်း)အတည်ပြုရန် ဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များဆွေးနွေးခြင်းပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ကေအင်န်ယူထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ဇွန်လ ၂ ရက်ကစတင် ပြုလုပ်နေသည်။

အစည်းအဝေးသို့ အဖွဲ့ ၁၇ဖွဲ့၊ ကုလသမဂ္ဂ၊ တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် လေ့လာသူရှစ်ဖွဲ့ တက်ရောက်နေ သည်။

7Day Daily

0 comments:

Post a Comment