Wednesday, June 3, 2015

ဘင်ဂါလီများကို နိုင်ငံသားပေးရန်တောင်းဆိုခြင်းနှင့် လှေစီးဒုက္ခသည်များ အရေး ပြတ်သားသော မူဝါဒ ချမှတ် ဆောင်ရွက်ရန် အဆိုကို NLD ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ခြင်းတို့အတွက် NLD ရုံးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် မျိုးချစ်လူငယ်များ ကန့်ကွက်ဆန္ဒပြမည်


ဇွန်လ ၁ ရက်တွင် NLD ပါတီက ထုတ်ပြန်ခဲ့သောသဘောထား ကြေညာချက်တွင် ဘင်ဂါလီ နိုင်ငံသားဖြစ်ခွင့် ရရန် အတွက် နိုင်ငံသားဥပဒေကို ဖြေလျော့ပေးရန် တောင်းဆိုထားမှုနှင့် လှေစီးဒုက္ခသည်များအရေး ပြတ်သား သော မူဝါဒ ချမှတ် ဆောင်ရွက်ရန်အဆိုကို ဇွန်လ ၅ ရက်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခွင့်ပြုရန် တင်သွင်းရာတွင် NLD ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့မှုကြောင့် အမျိုးသားသစ္စာဖောက် NLD ပါတီနှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ကန့်ကွက်ဆန္ဒပြမှုများကို NLD ရုံးချုပ်နှင့် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အမျိုးသားရေးလှုပ်ရှားတက်ကြွသူ လူငယ်တစ်ဦးဖြစ်သည့် ကိုအောင်မြင့်ထွန်းက ဘင်ဂါလီပြဿနာသည် အထိမခံသည့် ကိစ္စဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်ညီညွတ်သူများကို နိုင်ငံသားပေးမည့်ကိစ္စအား တစ်စုံတစ်ရာ ကန့်ကွက်ရန်မရှိ ကြောင်း၊ သို့ရာတွင် ဘင်ဂါလီများအား နိုင်ငံသားပေးနိုင်ရေးအတွက် နိုင်ငံသားဥပဒေကို ဖြေလျော့ပေးရမည် ဆိုသည်မှာ လက်ခံနိုင်စရာအကြောင်းမရှိကြောင်း၊ ထို့ကြောင့် NLD နှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အား မျိုးချစ်လူငယ်များက ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဘင်ဂါလီပြဿနာဟာ ခုမှဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး။ ဟိုးအရင် ဦးနုခေတ်၊ ဦးနေဝင်းခေတ်ကတည်းက ဘင်းဂလားက ခိုးဝင်တဲ့သူတွေ ရှိလို့ စစ်ဆင်ရေးတွေလုပ်ပြီး ရှင်းခဲ့ရတာပါ။ ဦးနေဝင်းအနေနဲ့ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ နေရာမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လူဦးရေ သန်းတစ်ထောင်ကျော်တဲ့ နိုင်ငံကြီးနှစ်ခုနဲ့ လူဦးရေပေါက်ကွဲမှုဖြစ်နေတဲ့ ဘင်ဂလားဒေ့ရှ်လို နိုင်ငံတွေနဲ့ အိမ်နီးချင်းဖြစ်နေရတဲ့ မြန်မာနိုင်ငံ ကို ခိုးဝင်လာခဲ့နိုင်ရင်တောင်မှ လွယ်လွယ်နဲ့ နိုင်ငံသားမဖြစ်နိုင်အောင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် ဦးနေဝင်းရဲ့ အမျှော်အမြင်ရှိမှုကို အသိအမှတ်ပြုရမှာပါ။ အဲဒီ ဥပဒေနဲ့ စိစစ်၊ ညီရင် နိုင်ငံသားပေး၊ ဒါကို ကျွန်တော်တို့ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် ဘင်ဂါလီတွေကို နိုင်ငံသားပေးချင်လို့ ဒီဥပဒေကို ဖြေလျော့ပေးရမယ် ဆိုတာ ကတော့ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ကျွန်တော်တို့လဲ ဒီမိုကရေစီကို မြတ်နိုးတယ်။ လူ့အခွင့်အရေး ကိုတန်ဖိုးထားတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က လူသားတိုင်း ကိုယ်ကြိုက်တဲ့နိုင်ငံမှာ ကြိုက်သလိုအခြေချနေထိုင်ခွင့် ရှိတဲ့အချိန်မှပဲ နိုင်ငံစွဲ၊ လူမျိုးစွဲ မထားပဲ လူကို လူလို့သဘောထားနိုင်မယ်။ နိုင်ငံတိုင်းက သူ့နိုင်ငံသားဖြစ်ခွင့်ကို ကန့် သတ်ချက်တွေ ထားနေချိန်မှာ ကျွန်တော်တို့နိုင်ငံက အကန့်အသတ်မရှိ နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတာကို လုံးဝ လက်မခံနိုင်ဘူး။ ပြီးတော့ အခု နိုင်ငံတကာမှာ ဟော့ဖြစ်နေတဲ့ လှေစီးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ပြတ်သားတဲ့ မူဝါဒ ချမှတ်ဖို့ဆိုပြီး အမတ်ဦးလှဆွေက တင်သွင်းတဲ့အဆိုကိုလဲ ဆွေးနွေးခွင့်မပြုဖို့ NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။ ပြောရရင် NLD က ဘင်ဂါလီ ရှေ့နေလိုဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီလို လက်မခံနိုင်ကြောင်းကို သိရှိစေဖို့ NLD ရုံးချုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည်အိမ်ရှေ့တွေမှာ ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်သွားမှာပါ” ဟု ၄င်းက ဆိုသည်။

“ပြည်သူတွေအနေနဲ့ NLD က ဒီလိုရပ်တည်နေတယ်၊ ဒီလိုသဘောထား ရှိတယ် ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့ ဆန္ဒပြဖို့ စီစဉ်တာပါ။ ဒီလိုပြမှ ပြည်သူတွေက ဘာကြောင့် ပြရသလဲ သိချင်လာမယ်။ NLD က ဘာတွေ လုပ်နေလို့လဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ လုပ်နေလို့လဲ မေးလာကြမယ်။ ဒါမှ ဒီလိုလုပ်ဆောင်နေတာတွေ လူထုက သိလာမယ်။ လက်ရှိ မီဒီယာတွေက NLD မကောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရေးကို သစ္စာဖောက် နေတာတွေ ဖုံးကွယ်ထားတယ်။ ဒီတော့ ကျွန်တော်တို့ လူငယ်တွေကပဲ မဖြစ်သင့်တာ မဖြစ်ရအောင် လူထုကို အသိပေးဖို့ လိုတယ်။ တကယ်လို့ NLD သာ ၂၀၁၅ ရွေးကောက်ပွဲမှာ များများစားစား အနိုင်ရရှိခဲ့မယ် ဆိုရင် ဒီလိုမျိုး အဆိုတွေ လွှတ်တော်မှာ ဆွေးနွေးခွင့်တောင် ရမှာ မဟုတ်ဘူး။ NLD သာ အစိုးရဖြစ်လာရင် အခုအစိုးရလို ပြတ်ပြတ် သားသား လုပ်မှာ မဟုတ်ဘဲ သူတို့ တောင်းဆိုနေတဲ့အတိုင်း လုပ်လာရင် ဘာဖြစ်လာမလဲ။ လူထုရဲ့ မျက်စေ့ကို ဖွင့်ပေးဖို့ ဒီဆန္ဒပြပွဲကို စီစဉ်ရတာ ဖြစ်ပါတယ်။ အမျိုးသားရေး လက်မနှေးကြသူတွေ အားလုံး ပူးပေါင်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ် ပါတယ်။ ကျွန်တော်တို့က ပါတီစွဲမထားတဲ့ အမျိုးသားရေးသမားတွေသာ ဖြစ်ပါတယ်” ဟု အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုထက်အောင်က ပြောသည်။

ဆန္ဒပြပွဲလုပ်မည့်နေ့ရက်မှာ အတည်မပြုရသေးကြောင်းနှင့် လွှတ်တော် အစည်းအဝေးပိတ်ရက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ပြန်လာသည့် စနေ၊ တနင်္ဂနွေ ရုံးရုံးပိတ်ရက်များတွင် ပြုလုပ်ရန် လျာထားပြီး တရားဝင် ခွင့်ပြုချက် ရယူသွားမည် ဟု သိရသည်။

ပြည်သူ့အာဏာ

0 comments:

Post a Comment