Thursday, June 4, 2015

ခေါင်းပေါင်းဆောင်းခြင်းထက် စိတ်ဓာတ်လုပ်ရပ်တို့ဖြင့်သာ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ဦးရွှေမန်းပြော

လွှတ်တော်ကိုယ် စားလှယ်များ ခေါင်းပေါင်း ပေါင်း ၍ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် ခြင်းထက် မိမိတို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို မှန်ကန်စွာဆောင်ရွက် လုပ်ဆောင်ခြင်းဖြင့်သာ မြန်မာ့ ဂုဏ်သိက္ခာကို မြှင့်တင်ရန်လို ကြောင်း ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။လွှတ်တော်တွင် ကျန်းမာ ရေးအရ ခေါင်းပေါင်းချွတ်ထား ရန် ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေး နွေးပြီးနောက် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ ရက်တွင် ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော် နာယကက မိမိ၏ ကျန်းမာရေး အခြေအနေကြောင့် ခေါင်းပေါင်းချွတ်ထားရန် လွှတ်တော်သို့ ခွင့်ပြုချက် တောင်းခံပြီးနောက် အခြားသူများကိုလည်း အစည်းအ ဝေး ကျင်းပနေချိန် ခေါင်းပေါင်း ချွတ်ထားရန်ကိစ္စနှင့် ပတ်သက်၍

လွှတ်တော်၌ ဆွေးနွေးစေခဲ့သည်။

‘‘ခေါင်းပေါင်း ပေါင်းထားမှု ကြောင့် ရာသီဥတုကြောင့်သော် လည်းကောင်း၊ ကျန်းမာရေး ကြောင့်သော်လည်းကောင်း အခြားကိစ္စရပ်များ ဖြစ်လာကြောင်း သတင်းပို့လာတာ ရှိပါတယ်။ ဒါ ကြောင့် အစည်းအဝေးကျင်းပနေ စဉ်မှာ ခေါင်းပေါင်းများကို ချွတ် ခွင့်ပြုဖို့ လွှတ်တော်သို့ တင်ပြတာ ဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက ပြောကြားသည်။

‘‘ခေါင်းပေါင်းက အဆင့်တစ်ခုကိုပြတာ ဖြစ်ပါတယ်။ သမိုင်းကြောင်းကိုကြည့်ရင် လေးစားဆောင်ရွက်ဖွယ် ပုဂ္ဂိုလ်တွေဟာ ခေါင်းပေါင်းပေါင်းခဲ့ပါတယ်။ တစ်ခုက ဒီအစည်းအဝေး ထုတ်လွှင့်နေမှုကို တိုင်းပြည်ကို တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်မှာ ကျွန်မတို့ ကို အလိုလိုကမှ မလေးစားရတဲ့အထဲ ဒီလိုဟာမျိုးဖြစ်လာရင် မဟုတ်သေးပါဘူး။ ဒီခန်းမထဲ ၀င်လာရင် ခေါင်းပေါင်း ပေါင်းသင့်တယ်လို့ ယူဆပါတယ်’’ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေး မြင့်က ပြောကြားသည်။

ထို့အပြင် လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာနေလင်းက လွှတ်တော်သက်တမ်း လေးနှစ် ကျော် ကာလအတွင်း ခေါင်းပေါင်းဆောင်းလာခဲ့ပြီး ယခုမှ ခေါင်းပေါင်းချွတ်ရန် တင်ပြခြင်းသည် မသင့်လျော်ကြောင်းနှင့် လက်ရှိခေါင်းပေါင်းဆောင်းခြင်းကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်း တင်ပြခဲ့သည်။

‘‘ခေါင်းပေါင်းဆောင်းမှ မူး လဲတာ တစ်ယောက်မှ မရှိသေး ပါဘူး။ ဒီခန်းမထဲမှာ အဲကွန်းဖွင့် နေတာ ချွေးလည်းမထွက်ပါဘူး’’ ဟု ဒေါက်တာနေလင်းက ဆက်လက်ပြောကြားသည်။

‘‘ခေါင်းပေါင်းထားလို့ မူးလဲ တာ ရှိ၊ မရှိတော့ မသိပါဘူး။ ဒါ ပေမဲ့ ကျန်းမာရေးကို အနည်းနဲ့ အများတော့ ထိခိုက်ပါတယ်။ အဲ လိုပဲ အဲကွန်းအောက်မှာ ထိုင်နေ လို့ ချွေးမထွက်ဘူးဆိုရင် ဒေါက် တာနေလင်း၊ ဦးရွှေမန်းကို လာ ကြည့်ပါ။ ဦးရွှေမန်းကိုလာကြည့် ပါ။ ဒီဟာသည် ခြုံပြောလို့ မရပါ ဘူး။ သူ့ရဲ့တာဝန်နဲ့ သူ့ရဲ့အနေ အထားပေါ်မှာ မူတည်ပါတယ်။ မျှမျှတတစဉ်းစားပြောဖို့ လိုပါ တယ်’’ဟု ဒေါက်တာနေလင်း၏ ဆွေးနွေးပြောကြားမှုကို သူရဦးရွှေမန်းက တုံ့ပြန်ပြောကြားခဲ့ သည်။

အဆိုပါကိစ္စကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးဆွေးနွေးခဲ့ပြီး အချေအတင်ဖြစ်နေသဖြင့် ကျန်းမာရေးအရ ခေါင်းပေါင်း ဆောင်းရန် မဖြစ်နိုင်သည့် ကိုယ် စားလှယ်များရှိပါက လက်ထောင်ကာ ခေါင်းပေါင်းချွတ်ခွင့် တောင်း ခံနိုင်ကြောင်း လွှတ်တော်နာယက က ဆုံးဖြတ်ခဲ့သည်။


7Day Daily

0 comments:

Post a Comment