Wednesday, June 3, 2015

နိုင်ငံရေးလုပ်ရန် အစီအစဉ်မရှိကြောင်း ကျော်သူပြောကြား

အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဦးကျော်သူ၊ ဓာတ်ပုံ - နာရေးကူညီမှုအသင်း(ရန်ကုန်)

လူမှုရေးနှင့်ပရဟိတလုပ် ငန်းများကိုသာ လုပ်ဆောင်မည် ဖြစ်ပြီး နိုင်ငံရေးလုပ်ရန် အစီအ စဉ်မရှိကြောင်း ၂၀၁၅ တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ရွေးချယ်ခံမည်ဟု သ တင်းများထွက်ပေါ်နေသည့် နာ ရေးကူညီမှုအသင်း (ရန်ကုန်)ဥ က္ကဋ္ဌ ဦးကျော်သူကတုံ့ပြန်ပြော ကြား သည်။‘‘လူမှုရေးလုပ်နေတာ တောင် ဒီလောက်ခေါင်းရှုပ်နေ တာ။ နိုင်ငံရေးဆို အရူးထောင် ရောက်သွားလိမ့်မယ်။ မစဉ်းစား ဘူး။ နိုင်ငံရေးလုပ်ဖို့ အစီအစဉ် မရှိဘူး’’ဟု ဦးကျော်သူကပြော ကြားသည်။

လူမှုရေးလှုပ်ရှားမှုများသာ ဆက်လက်လုပ်ဆောင်မည်ဖြစ် ပြီး ဇွန်လကုန်တွင် ထိုင်းနိုင်ငံသို့ ဟောပြောပွဲသွားရန်ရှိကြောင်း ၎င်းကပြောကြားသည်။

‘‘ကျွန်တော့်နောက်ကို SB က တောက်လျှောက်လိုက်နေ တာ။ ပရဟိတဟောပြောပွဲသွား တော့လည်းလိုက်၊ မုံရွာက အပြန် လည်းလိုက်၊ ဘာဖြစ်လို့ အဲဒီ လောက်လိုက်နေတာလဲ။ နောက် ပြီး နယ်အသင်းအဖွဲ့တွေရဲ့ မော် တော်ကားတွေ အဖမ်းခံရတာတို့၊ လူတွေထောင်ချခံရတာတို့၊ လိုင် စင်မဲ့ဆိုပြီး အဲဒီလိုလုပ်တော့ လွှတ်တော်ဘက်က ဘယ်သူမှ ရပ်တည်မယ့်လူ မရှိတော့ဘူး လား။ မရှိတော့ဘူးဆိုရင်တော့ ၀င်အရွေးခံရင်ခံရလိမ့်မယ်။ စဉ်း စားတယ်ဆိုပြီးရေးတာ။ အဲဒါကို ၀င်အရွေးခံမယ်ဆိုပြီးလုပ်ကြ တာ’’ဟု ဦးကျော်သူကပြောကြား သည်။

‘‘၂၀၁၅ ရွေးကောက်ပွဲနီး လာလေ အသွားကျပ်၊ အစား ကျပ်၊ အနေကျပ်၊ အအိပ်ကျပ်၊ အပြောကျပ်၊ အရေးကျပ်ဖြစ်နေရ တဲ့ကျွန်တော့်ဘ၀။ ဒီလောက်ဖြစ် နေလှတာ မထူးဘူးကွာ။ တစ်သီး ပုဂ္ဂလကပဲဖြစ်ဖြစ်၊ ဒီပြင်ပါတီကပဲဖြစ်ဖြစ် ၀င်အရွေးခံလိုက်ရင် ကောင်းမလားလို့။ မှတ်ချက် လွှတ်တော်အမတ်များဖြစ်သွားခဲ့ ရင် မသာကောချခွင့်ရပါ့မလား။ ရုပ်ရှင်ကော ရိုက်ခွင့်ရပါ့မလား။ စဉ်းစားဦးမယ်’’ဟု မေလ ၂၈ရက် က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားခဲ့သည်။

7Day Daily

0 comments:

Post a Comment