Thursday, June 4, 2015

မြန်မာ ယူ-၂၃ အသင်း အိမ်ရှင်စင်ကာပူကို အနိုင်ယူပြီး အုပ်စုကိုဦးဆောင်

အိမ်ရှင်စင်ကာပူအသင်းကို အနိုင်ယူပြီးနောက် အောင်ပွဲခံနေသည့် မြန်မာ ယူ-၂၃ ကစားသမားအချို့ (ဓာတ်ပုံ − MFF)

၂၀၁၅ ဆီးဂိမ်းအမျိုး သားဘောလုံးပြိုင်ပွဲတွင် မြန်မာ အသင်းက အိမ်ရှင်စင်ကာပူအ သင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိပြီး အုပ်စု၌ ဦးဆောင်ကာ အကြိုဗိုလ် လုပွဲတက်ရောက်ရန် အကောင်း ဆုံး အခြေအနေကို ပိုင်ဆိုင်ခဲ့ သည်။ဇွန်လ ၄ ရက်က စင်ကာပူ နိုင်ငံ ဂျလန်းဘီဆာကွင်း၌ ယှဉ် ပြိုင်ကစားခဲ့သည့် အုပ်စုဒုတိယပွဲ တွင် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက ယခုနောက်ပိုင်း နိုင်ပွဲရရန် ခက်ခဲနေသည့် စင်ကာ ပူကို ၎င်းတို့အိမ်ကွင်း၌ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် အပြန်အလှန်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ဇွန်မိုးအောင် ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို အသင်းခေါင်း ဆောင် နေလင်းထွန်းကပိတ်သွင်း ယူကာ ဦးဆောင်ဂိုးရရှိခဲ့သည်။ သို့သော် ပွဲချိန် ၃၂ မိနစ်တွင် ပင် နယ်တီဧရိယာအတွင်း နောက်ခံ လူဖြိုးကိုကိုသိန်း လက်ဖြင့်ထိ၍ ပင်နယ်တီပေးခဲ့ရပြီး စင်ကာပူအ သင်းက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် စင်ကာပူက ချေပဂိုးရရှိရန် ပိုမိုဖိအားပေး ကစားနိုင်ခဲ့ပြီး မြန်မာအသင်းက ခံစစ်ဦးစားပေးဖြင့်သာ ယှဉ်ပြိုင်ခဲ့ရ သည်။ မြန်မာအသင်းအတွက် အ ဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၆၀ မိနစ် တွင် ရဲကိုဦးက ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်ကန်သွင်းယူ ပေးခဲ့သည်။

စင်ကာပူအသင်းအနေဖြင့် လက်ကျန်မိနစ်များတွင် မြန်မာ အသင်းဘက်သို့ ဆက်တိုက်ဖိ အားပေးကစားခဲ့ပြီး ဂိုးသွင်းခွင့် များ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံးသတ်မသေချာခြင်း၊ မြန်မာဂိုးသမား ကျော်ဇင်ဖြိုးနှင့် နောက်တန်းကစားသမားများက ကာကွယ်နိုင်ခြင်းတို့ကြောင့် ချေပဂိုး မပေးရခဲ့ပေ။ ယခုပွဲစဉ်သို့ မြန်မာပရိသတ် ၅၀၀ ဦးအတွက် သာ လက်မှတ်ရောင်းပေးသော် လည်း ပရိသတ်များက ပွဲချိန်တစ် လျှောက်လုံး အကောင်းဆုံး အား ပေးကာ ပွဲအပြီး ကစားသမားများ နှင့်အတူ အောင်ပွဲခံခဲ့သည်။

မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်း ကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိထားပြီး အုပ်စုပွဲနှစ်ပွဲယှဉ်ပြိုင်ပြီးချိန်၌ နှစ် ပွဲဆက်အနိုင်ဖြင့် ရမှတ်ခြောက် မှတ်ရရှိကာ အုပ်စု(က)တွင် ဦး ဆောင်ထားသည်။ အုပ်စု(က)၌ ကမ္ဘောဒီးယားအသင်းက တစ်ပွဲ ကစား တစ်ပွဲနိုင်၊ ရမှတ်သုံးမှတ် ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ် တည်နေပြီး နှစ်ပွဲကစားတစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ရရှိထားသည့် အိမ် ရှင်စင်ကာပူအသင်းက ရမှတ်သုံး မှတ်ရရှိထားသော်လည်း ဂိုးကွာ ခြားချက်အရ အုပ်စုတတိယနေ ရာ၌ ရပ်တည်နေသည်။ ရမှတ်မ ရရှိသေးသည့် အင်ဒိုနီးရှားနှင့် ဖိ လစ်ပိုင်အသင်းတို့မှာ အုပ်စု နောက်ဆုံး၌ ရပ်တည်နေသည်။ မြန်မာအသင်းသည် အုပ်စုတတိ ယပွဲအဖြစ် ဇွန်လ ၇ ရက်၌ ဖိလစ် ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment