“ကျွန်တော် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပြည်သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်”
ဒီစကားကိုတော့ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရာထူးရွေးချယ်ပွဲအပြီး မီဒီယာတွေကို သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့တာပါ။ များပြားလှတဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်ချိန်မှာ သူယုံကြည်ရသူ တစ်ယောက်ကို တာဝန်တချို့လွှဲပေးဖို့ အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။