Sunday, April 8, 2018

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာရေကူးအားကစား အကောင်းဆုံးစံချိန် ရရှိနိုင်


လာမယ့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာရေကူးအားကစားသမားတွေ အနေနဲ့ ပထမနဲ့ ဒုတိယ မရရင်တောင် တတိယဆု ဒါမှမဟုတ် အကောင်းဆုံးစံချိန် ရရှိနိုင်တယ်လို့ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမား သီဟအောင်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့အသီးသီးဟာ လေ့ကျင့်ခန်းတွေ ဆင်းနေသလို ရေကူးအားကစားအဖွဲ့ဟာလည်း လေ့ကျင့်ခန်းဆင်းနေတာ ၁ လကျော်ရှိနေပြီလို့ သိရပါတယ်။

ရေကူးအားကစားသမား ၃၁ ဦး ရွေးချယ်ထားပြီး ကစားသမား ၂၀ နီးပါး လေ့ကျင့်ခန်း ဆင်းနေပါတယ်။

သီဟအောင် အပါအဝင် လက်ရွေးစင်ဟောင်းတွေအပြင် ပြည်နယ်နဲ့ တိုင်းအသီးသီးက မျိုးဆက်သစ် ကစားသမားတွေကို ရွေးချယ်ထားခဲ့ပါတယ်။

လက်ရွေးစင်ဟောင်း သီဟအောင် အပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဆုတံဆိပ်ရရှိခြင်းတော့ မရှိခဲ့ပါဘူး။

ဆုတံဆိပ်ဆွတ်ခူးဖို့အတွက် ဆိုရင်တော့ ကစားသမားတွေ လေ့ကျင့်ဖို့ ရေကူးကန်၊ နည်းပြဆရာနဲ့ နည်းစနစ်တကျ သင်ကြားပေးနိုင်ဖို့ လိုအပ်တယ်လို့ မြန်မာပြည်စံချိန်ရှင်လည်း ဖြစ်တဲ့ သီဟအောင်က ဆိုပါတယ်။

မြန်မာရေကူးအားကစားသမားတွေဟာ လက်ရှိအချိန်မှာ အဖွဲ့ချုပ် သေချာဖွဲ့စည်းထားနိုင်ခြင်း မရှိသလို လေ့ကျင့်ဖို့ ရေကန်ရှားပါးတဲ့ ပြဿနာတွေကြောင့် အခက်အခဲများစွာ ရှိနေပါတယ်။

DVB


0 comments:

Post a Comment