Sunday, April 8, 2018

မူးယစ်ဆေးဝါး၊ သစ်မှောင်ခိုလုပ်ငန်းများတွင် စစ်သည်နှင့် မိသားစုဝင်များ မပတ်သက်ရန် ဒုတပ်ချုပ်ပြော


မူးယစ်ဆေးဝါးနှင့် တ ရားမ၀င် သစ်မှောင်ခိုလုပ်ငန်းများ တွင် စစ်သည် မိသားစုဝင်များ  ပါဝင်ပတ်သက်မှုမပြုရန် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုး ၀င်းသည် ဧပြီ ၇ရက်က ဗထူးတပ် နယ်မှ အရာရှိ၊ စစ်သည်မိသားစု ၀င်များနှင့်တွေ့ဆုံစဉ်  ထိုသို့ လမ်းညွှန်မှာကြားခဲ့ကြောင်း တပ် မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။

ထို့အပြင် လူမှုကွန်ရက်စာ မျက်နှာများသုံးစွဲရာတွင် လုံခြုံရေးဆိုင်ရာ မကျိုးပေါက်စေရေးသတိပြုဆင်ခြင်စောင့်ထိန်းရမည့်ကိစ္စ ရပ်များကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကမှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ သိသင့်သိထိုက်သော ကိစ္စရပ်များနှင့် စဉ်ဆက်မပြတ် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ် များ၊ စစ်သည်တော်ကျင့်ဝတ် အ ပါး ၆၀အား လိုက်နာကျင့်သုံး၍ ညီညွတ်မျှတသော အုပ်ချုပ်မှုဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည် ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ  လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမှာကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရှမ်းပြည်နယ်ခရီးစဉ်၌ ပအိုဝ်းငြိမ်း ချမ်းရေးအဖွဲ့ (PNO) အသွင် ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သ တင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဧပြီ ၇ရက်မွန်းလွဲတွင်  တောင်ကြီးမြို့နယ် ကျောက်တ လုံးမြို့ရှိ ဦးအောင်ခမ်းထီ၏  နေ အိမ်၌တွေ့ဆုံခဲ့ပြီး ဒေသလူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျ ရာအခန်းကဏ္ဍမှ ဆက်လက်ပါ ၀င်ကူညီဆောင်ရွက်ရန်ကိစ္စရပ် များနှင့် ဒေသခံတိုင်းရင်းသားများ  ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အား ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း ဖော်ပြသည်။

7Day

0 comments:

Post a Comment