Sunday, April 8, 2018

အခွန်ဥပဒေပြဌာန်းလိုက်ခြင်းကြောင့် ငွေမည်းများ ဝင်လာတော့မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးပြော


၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အခွန်ကောက်ဥပဒေကြောင့် ငွေမည်းများ ဝင်လာတော့မည်မဟုတ်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အတည်ပြုပြဋ္ဌာန်းလိုက်သည့် အခွန်ကောက် ဥပဒေသည်လုပ်ငန်းရှင်များအတွက်မဟုတ်ဘဲ အခြေခံလူတန်းစားများအတွက် ဖြစ်နေသည်ဟု ဝေဖန်မှုများရှိနေပြီး ယင်းပြောဆိုမှုများကို ၀န်ကြီးက ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ပြီးခဲ့တဲ့ လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခွန်ဥပဒေကြောင့် ငွေမည်းတွေ ဝင်လာစရာအကြောင်း မရှိဘူး။ ငွေမည်းတွေ ဝင်မလာအောင်လည်း သေချာလေး လုပ်ထားတယ်။ နည်းလမ်းပေါင်းများစွာကို စဉ်းစားထားပြီးမှ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အဆိုပါ အခွန်ကောက်ဥပဒေတွင် ကောက်ခံရမည့် နှုန်းထားများ၊ ကင်းလွတ်ခွင်းနှင့် သက်သာခွင့်တို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်း ၇၀ ရာခိုင်နူန်းသည် အများအားဖြင့် ရန်ကုန်မြို့တွင် အခြေပြု ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် အခွန်ဥပဒေကို တင်သွင်းသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ အမိန့် ညွှန်ကြားစာများနှင့် ပြုပြင်ပြောင်းလဲပေးခဲ့မှုများစွာရှိခဲ့ကြောင်း သိရသည်။

အစိုးရသစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ဝန်ကြီးဌာနများ၏ ဘတ်ဂျတ်ငွေများကို အလေအလွင့် မရှိအောင် သုံးစွဲမှုတို့ကြောင့် ဘတ်ဂျတ်ငွေများ ပိုနေကြောင်း၊ ယင်းအပြင် ယခင်အစိုးရ လက်ထက်တွင် ချေးယူထားသည့် ချေးငွေများကို လစဉ်လတိုင်း ပြန်လည် ပေးဆပ်နေရကြောင်း သိရသည်။

စုသက်နှင်း
AKonThi

0 comments:

Post a Comment