Sunday, April 8, 2018

တရုတ်၏ နည်းပညာအကူအညီဖြင့် တတိယပါတီ ငွေပေးချေမှုစနစ် မြန်မာနိုင်ငံတွင် စတင်တော့မည်


တရုတ်နိုင်ငံ၏ နည်းပညာအကူအညီဖြင့် ဘဏ်စနစ်များတွင် တတိယ ပါတီ ငွေပေးချေမှုစနစ်ကို မကြာမီ စတင် နိုင်တော့မည်ဖြစ်ကြောင်း ပထမပုဂ္ဂလိကဘဏ်မှ ဒုဥက္ကဋ္ဌ ဦးကပ်ခမ်းပေါင်က ပြောသည်။

တတိယပါတီ ငွေပေးချေမှုစနစ်သည် ဘဏ်တွင်အကောင့်ဖွင့်၍ ခရက်ဒစ်ကဒ်၊ အေတီအမ်ကဒ်တို့ဖြင့် ငွေလွှဲ ခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်စရာမလိုဘဲ မိုဘိုင်းဖုန်းတစ်လုံးရှိရုံဖြင့် ငွေလွှဲပြောင်းပေးခြင်းကို လွယ်ကူစွာ လုပ် ကိုင်နိုင်ပြီဖြစ်ကြောင်း ၄င်း က ပြောသည်။

“ တတိယပါတီ ငွေပေးချေတဲ့စနစ်က မြန်မာနိုင်ငံမှာ မြန်မြန်ဆန်ဆန် တွင်ကျယ်လာတဲ့အခါ ဘဏ်ဖွံ့ဖြိုးမှုစနစ် လည်း အားကောင်းလာမယ်။ ကုန်သွယ်ရေးပိုင်းလည်း အားကောင်းလာမယ်။ အေတီအမ်တို့ ခရက်ဒစ်ကဒ်တို့ ဆိုတာ ပိုက်ဆံရှိတဲ့ လူတော်တော်များများဘဲ သုံးနိုင်တာ။ တတိယပါတီငွေပေးချေတာက ငွေနည်းနည်းဆို လည်း လွှဲပြောင်းပေးလို့ရတဲ့အတွက် လူတန်းစားမရွေး သုံးနိုင်တယ်။ တစ်ခုပဲ အားနည်းချက်ရှိတာက အင်တာ နက် လိုင်းမကောင်းရင် ငွှေလွှဲရတာ နည်းနည်းကြာမယ်။ လခြုံစိတ်ချမှုရှိတဲ့ အပိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း အာမခံတယ်။ ကျေးလက်တောရွာ မရွေးသုံးနိုင်တယ် ” ဟု ဦးကပ်ခမ်းပေါင်က ပြောသည်။

အဆိုပါ တတိယပါတီ ငွေပေးချေမှုစနစ် မြန်ဆန်စွာ ဖွံ့ဖြိုးလာစေရန် တရုတ်နိုင်ငံတွင် တတိယပါတီ ငွေပေးချေ မှုစနစ် ကျင့်သုံးပြီး တရုတ်ယွမ်ငွေကို နှစ်စဉ် ယွမ်သန်းပေါင်း ၁၀၀၀၀ ကျော်ရှာဖွေပေးနိုင်သည့် အလီဘာဘာ ကုမ္ပဏီ၏ နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တတိယပါတီငွေပေးချေမှုစနစ် လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ပြီး တတိယ ပါတီငွေပေးချေမှုစနစ်ကို မြန်မာနိုင်ငံသားများ လွယ်ကူစွာ သဘောပေါက်လာပါက လုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အောင်သူရိန် 
AKonThi
Monday, April 9, 2018

0 comments:

Post a Comment