Monday, April 9, 2018

အစိုးရသက်တမ်း ၂ နှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခပေါင်း ၅၅၀ ကျော် ဖြစ်ပွားခဲ့ဟု စစ်တမ်းတစ်ခု ဖော်ပြ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု အကြိမ် ၂၀၀ ခန့်ရှိ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ သက်တမ်း ၂ နှစ် အတွင်း လက်နက်ကိုင်ပဋိပက္ခ ၅၅၀ ကျော်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး အထောက်အ ကူပြုဆိုင်ရာ အဖွဲ့အစည်း (Myanmar Peace Monitor) ၏  အချက်အလက်များတွင်   ဖော်ပြ ထားသည်။


ဒီချုပ်အစိုးရစတင်တာဝန် ယူသည့် ၂၀၁၆ ဧပြီမှ ၂၀၁၈ ဧပြီအထိ  လက်နက်ကိုင်ပဋိပက္ခ ၅၅၇ ကြိမ်ဖြစ်ပွားခဲ့သည်။ Myanmar Peace Monitor ၏ အ ချက်အလက်အရ ဒီချုပ်အစိုးရ သက်တမ်း   ပထမနှစ်အတွင်း ပဋိပက္ခ ၃၃၁ ကြိမ်နှင့်အထက် ဖြစ်ပွားခဲ့ကာ ဒုတိယတစ်နှစ်တာ ကာလတွင် ၂၂၆ ကြိမ်ထက်မနည်း ဖြစ်ပွားသည်။

၂၀၁၆ အတွင်း တပ်မတော် နှင့် မြောက်ပိုင်းလက်ကိုင်အဖွဲ့ များအကြား ပစ်ခတ်တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားခဲ့ကာ ၂၀၁၇ အတွင်း တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ကြား ပစ်ခတ်တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားခဲ့သည်။ ထို့အပြင် တပ်မ တော်နှင့် ကချင်လက်နက်ကိုင် အ ဖွဲ့ (KIA)၊ ULA/AA လက်နက် ကိုင်အဖွဲ့၊ DKBA လက်နက်ကိုင် အဖွဲ့၊ ရှမ်းလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် RCSS၊ SSPP တို့ နှင့်လည်း ဖြစ်ပွားမှုရှိသည်။

ထို့အတူ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တွင်လည်း ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့ရာ TNLA လက်နက်ကိုင်အဖွဲ့ နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့အကြားနှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) နှင့် ALP တို့ အကြား တိုက်ပွဲအချို့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၆ နိုဝင်ဘာသည် ၂ နှစ် တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခအများဆုံး ဖြစ်ပွားခဲ့ကာ ထိတွေ့ပစ်ခတ်မှု ၆၇ ကြိမ်ရှိခဲ့ သည်။ တပ်မတော်နှင့် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့လေးဖွဲ့ တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ကချင်နှင့် ရှမ်းပြည်နယ်အချို့ သည် တိုက်ပွဲဒဏ်သင့် ခဲ့ကြောင်း ဖော်ပြထားသည်။ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ သည် ၂ နှစ်အတွင်း အကြိမ် ၂၀၀ ခန့်ရှိခဲ့ကြောင်း Myanmar Peace Monitor ၏ အချက်အလက်များက ဖော်ပြသည်။

7Day


0 comments:

Post a Comment