မြန်မာနိုင်ငံသည် ဘင်္ဂါ လီဒုက္ခသည်များ ပြန်လည်လက် ခံရေးအသင့်မဖြစ်သေးကြောင်း ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်သည့် ရာထူးအမြင့်ဆုံး ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောကြားသည်။
‘‘ကျွန်မမြင်ခဲ့တာတွေ၊ လူ တွေဆီက ကြားခဲ့တာတွေကနေ ပြောရရင် ကျန်းမာရေးဝန်ဆောင် မှုတွေ အသုံးပြုခွင့်မရှိ၊ ကာကွယ် ပေးရေးနဲ့ပတ်သက်လို့ စိုးရိမ်မှု တွေ ရှိနေတယ်။ ဆက်ပြီး ထွက် ပြေးနေကြရတာတွေရှိတယ်။ အ ခြေအနေတွေက ပြန်လာဖို့အ တွက် မကောင်းသေးဘူး’’ ဟု မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ သွားရောက်ခဲ့ပြီးနောက် လူသား ချင်းစာနာထောက်ထားရေးဆိုင် ရာ ကုလသမဂ္ဂလက်ထောက်အ တွင်းရေးမှူးချုပ် အာရ်ဆူလာမူ လာက ပြောကြားသည်။
နိုဝင်ဘာက ဘင်္ဂလား ဒေ့ရှ်နှင့် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီမှုတစ်ရပ်အရ ဒုက္ခ သည်ပြန်လက်ခံရေး အသေအ ချာ ဆောင်ရွက်ရန် အကောင်းဆုံး ဆောင်ရွက်မည်ဟု မြန်မာအစိုးရ က ကတိပြုခဲ့သည်။
နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ‘‘သူ(ကုလလက်ထောက်အတွင်း ရေးမှူးချုပ်) ကတော့ဘယ်ဟာကို ကြည့်ပြီးတော့ ပြောလည်းတော့ မသိဘူးလေ။ တကယ်တော့ သူ ရောက်ခဲ့တဲ့နေရာတွေမှာ လက်ခံ ရေးစခန်းရော ကျန်တဲ့စခန်းတွေ ရော အကုန်လုံးအဆင့်သင့်ဖြစ် တယ်လေ။ အိမ်ကတော့ ဘယ် အကုန်လုံးဆောက်လို့ပြီးမလဲ။
ကုလအရာရှိ၏ ပြောကြား မှုသည့် မှန်းဆပြောကြားခြင်းသာ ဖြစ်ပြီး ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ်စတင်ရေးကို တိုက် တွန်းပေးစေလိုကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်သည်။
‘‘အဓိက ပြဿနာက ဘာ လဲဆိုတော့ ပြန်လည်လွှဲပြောင်း မယ့် process ဘယ်သူနဲ့စစ အစ ဖြစ်သွားဖို့ပဲ။ စဖြစ်တော့မှ ကျွန် တော်တို့လုပ်ထားတဲ့ဟာတွေ လက်တွေ့ကျကျအဲဒီတော့မှ သိ ရလိမ့်မယ်။ အခုချိန်မှာတော့ မှန်း ဆပြီးပြောနေကြတာ။ ကျွန်တော် တို့က ဒီလူတွေကို နှစ်ရှည်လများ ကမ့်မှာထားဖို့ရည်ရွယ်ပြီး လုပ် နေတာမဟုတ်ဘူး’’ ဟု ဦးဇော် ဌေးကပြောသည်။
ပြန်လည်လက်ခံရန် အ တည်ပြုထားသော လူဦးရေ ၈၀၀ နှင့် ပတ်သက်၍ မြန်မာအစိုးရထံ ရှင်းရှင်းလင်းလင်း အ ကြောင်းမပြန်သေးသလို ဆန္ဒအရ ပြန်လာချင်သော ဟိန္ဒူနှင့် မွတ် စလင်ဦးရေ ၁,၃၀၀ခန့်၏ အ ချက်အလက်များကို ဘင်္ဂလား ဒေ့ရှ်အစိုးရက ပြန်လည်ပေး ပို့ခြင်း မရှိသေးဟု ၎င်းကဆို သည်။ ‘‘ပထမဆုံးဖြစ်စေချင်တာ ကတော့ ပြန်လည်လက်ခံရေး ဟာကို ရအောင်တိုက်တွန်းစေချင် တယ်’’ ဟု ၎င်းကဆက်ပြောသည်။
မူလာသည် ရခိုင်ပြည်နယ် သို့ သွားရောက်ပြီး ကာကွယ် ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ နှင့် တွေ့ဆုံကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်
ရန်ကုန်မြို့တွင် ရိုက်တာ သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှုတစ်ခုအတွင်း မူလာက ‘‘အကြမ်းဖက်မှုရပ်တန့်ဖို့နဲ
Ref: Reuters
7Day
 







 
 
 
 
 
0 comments:
Post a Comment