Sunday, April 8, 2018

သင်္ကြန်တွင်း ဒေသအများစုမိုးရွာနိုင်၊ ဒေသငါးခု မိုးပိုနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး


သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်ပြီးတိုင်းဒေသကြီးနှင့် ပြည် နယ်ငါးခု၌ မိုးပိုနိုင်ကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

‘‘မိုးတိမ်တောင်တွေ တော် တော်တက်နေတယ်။ အများဆုံး သေချာတာကတော့ ရှမ်းရယ်၊ ကချင်ရယ်၊ စစ်ကိုင်း၊ ချင်းနဲ့ တနင်္သာရီဒေသတွေမှာ ပုံမှန် ထက်မိုးပိုနိုင်တယ်။ ကျန်တဲ့ဒေသ တွေမှာက ကွက်ကျားပဲ’’ ဟု သင်္ကြန်အကြိုနှင့် သင်္ကြန်ပွဲတော် ကာလဖြစ်သော ဧပြီ ၁၁ ရက်မှ ၁၆ ရက်အတွင်း ရာသီဥတုအခြေ အနေကို ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

၂၀၁၇ သင်္ကြန်က ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော မာရုသာမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်သန်း ခဲ့ရာ ဒေသအများစု မိုးကောင်းပြီး သင်္ကြန်ပွဲတော်စည်ကားခြင်းမရှိ ခဲ့ပေ။ မာရုသာမုန်တိုင်းသည် ၂၀၁၇ ဧပြီ ၁၆ ရက်တွင် ရခိုင် ကမ်းရိုးတန်းကို ကျောက်ဖြူမြို့အနီးမှဖြတ်ကာ ၀င်ရောက်ခဲ့သော်လည်း ဧပြီ ၁၀ ရက်နောက်ပိုင်းကစတင်ကာ မြန်မာနိုင်ငံဒေသအ များစု၌ မိုးကောင်းခဲ့သည်။

ယခုနှစ်သင်္ကြန်ကာလတွင် မူ ဘင်္ဂလားပင်လယ်အော်၌ ရာ သီဥတုပုံမှန်အခြေအနေသာရှိ သော်လည်း နွေကာလ၌ ဖြစ် ပေါ်လေ့ရှိသော လေထုမတည် မငြိမ်ဖြစ်စဉ်ကြောင့် နေရာကွက် မိုးနှင့် မိုးတိမ်တောင်အန္တရာယ်ကို ကျွမ်းကျင်သူများက သတိပေးနေ သည်။ ‘‘မိုးတိမ်တောင်ကလည်း အားကောင်းနေနိုင်တယ်။ လေ ပြင်းနဲ့ မိုးကြိုးပစ်တာတွေကို ည နေပိုင်းအချိန်တွေ သတိထားရ မယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

လေပြင်းကျခြင်းနှင့် နေရာ ကွက်မိုးကြီးခြင်းသည် ဖေဖော်ဝါ ရီနှောင်းပိုင်းနှင့် မတ်လဆန်းကစတင် ဖြစ်ပေါ်နေသည်။ စစ် ကိုင်း၊ မကွေးနှင့်ဧရာဝတီတိုင်းဒေ သကြီးနှင့် နေပြည်တော်ကောင် စီနယ်မြေနှင့် ရန်ကုန်မြို့တို့တွင် လေပြင်းနှင့်အတူ နေရာကွက်၍ မိုးကြီးခဲ့သည်။ ဧပြီ ၈ ရက်တိုင်း တာချက်အရ ရန်ကုန်မြို့၊ မင်္ဂလာ ဒုံမြို့နယ်နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မိုးရေချိန်စံ ချိန်သစ်တင်သည်အထိ မိုး ကောင်းခဲ့သည်။ မင်္ဂလာဒုံမြို့နယ် တွင် ဧပြီ ၇ ရက်နံနက် ၉ နာရီခွဲမှ ဧပြီ ၈ ရက်နံနက် ၉ နာရီခွဲ (၂၄ နာရီ)အတွင်း မိုးရေချိန် ၆ ဒသမ ၃၇ လက်မနှင့်တောင်ကုတ်မြို့ တွင် ၄ ဒသမ ၀၉ လက်မရွာသွန်း ကာ ယခင်မိုးရေချိန်ကို စံချိန်ချိုးခဲ့ သည်။ မိုးလေ၀သဌာနကသက်ြန် ကာလအတွင်း ဒေသအများစု၌ အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း သတိပေးထားသည်။

၂၀၁၇ က တိုက်ခတ်ခဲ့သော မာရုသာဆိုင်ကလုန်းမုန် တိုင်းကြောင့် နေအိမ်၊ ရုံးခန်းနှင့် သာသနိက အဆောက်အအုံများ အပါအ၀င် အဆောက်အအုံ ၁၅၁ လုံးအနည်းငယ်ပျက်စီးပြီး ၆၄ လုံး လုံးဝပျက်စီးခဲ့သည်။ လေပြင်းကျစဉ် သစ်ပင်ပိခြင်းနှင့် ဓာတ်ကြိုးပြတ်ကျခြင်းတို့ကြောင့် လူလေးဦးသေဆုံးကာ သုံးဦးဒဏ် ရာရခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနက သ တင်းထုတ်ပြန်ခဲ့သည်။

7Day

0 comments:

Post a Comment