Thursday, April 26, 2018

သမ္မတ ဦးဝင်းမြင့် အာဆီယံ အစည်းအဝေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်မရှိဟုဆို


စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ၃၂  ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများသို့  ပမထဆုံးအကြိမ် တက်ရောက်ရန်သွားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ယင်းခရီးစဉ်တွင် အခက်ခဲနှင့် စိန်ခေါ်မှုများ မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။

ဝန်ကြီး ဦးသောင်းထွန်း ရုရှား အစည်းအဝေး၌ သမားရိုးကျ မဟုတ်သည့် လုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ အဆင့်မြင့် အစည်းအဝေးတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး ယခုလက်ရှိအချိန်ကာလ၌ နိုင်ငံတကာ တင်းမာမှုနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများမှာ ပို၍ စိုးရိမ်စရာ ကောင်းလာနေလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ရွှေတိဂုံစေတီ၊ ရာဟုထောင့်တွင် အမျိုးသားတဦး ဘုရားရှိခိုးအပြီး မိမိလည်ပင်းကို ဓားဖြင့်ထိုး


ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့်တွင် ယနေ့ (ဧပြီ ၂၇)နံနက် ၉နာရီ မိနစ်၂၀ ခန့်က အမျိုးသားတဦးမှာ ဘုရားရှိခိုးအပြီး မိမိလည်ပင်းကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

အစ္စရေး၌ ရုတ်တရက်ရေကြီးမှုကြောင့် လူငယ် ၉ ဦးခန့်သေဆုံး


အစ္စရေးနိုင်ငံတောင်ပိုင်းတွင် ကြာသာပတေးနေ့က ပင်လယ်သေအနီး၌ လူငယ်တစ်ဖွဲ့သည် တောင်တက်ခရီး သွားနေစဉ် ရုတ်တရက်ရေကြီးမှု   ဖြစ်ပွားခဲ့သောကြောင့် လူငယ် ၉ ဦးခန့် တောင်ကျရေအတွင်း မျောပါသွားကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဆိုခဲ့သည်။

အမေရိကန်ရေနံချက်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းသောကြောင့် လူအများအပြားဒဏ်ရာရ


အမေရိကန်နိုင်ငံ ၀စ်ကွန်ဆင်ပြည်နယ် အနောက်အလယ်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ရုံ၌ ကြာသာပတေးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သောကြောင့် လူအများအပြားဒဏ်ရာရရှိကာ အရေးပေါ်နေရာ ပြောင်းရွှေ့ခဲ့ကြရသည်။

မကွေးလမ်းလျှောက်သင်္ကြန် ဓာတ်ပုံပြိုင်ပွဲဆုရသူများအား ထုတ်ပြန်ကြေညာ


မကွေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်အလှအပများ ရိုက်ကူးသည့် ဓာတ်ပုံပြိုင်ပွဲ ဆုရသူများ စာရင်းအား ဧပြီလ ၂၅ ရက်နေ့က မကွေးလမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် ထိုင်းနိုင်ငံမှ မှာယူတင်သွင်းသော Bio Foam A ပီပါအလုံး ၄၀ မြ၀တီချစ်ကြည်ရေးတံတားမှ ရန်ကုန်မြို့သို့သယ်ဆောင်


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် အရေးပေါ်လိုအပ်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ထိုင်းနိုင်ငံမှ မှာယူတင်သွင်းသော Bio Foam ပီပါ အလုံး ၄၀ အား ထိုင်းမော်တော်ယာဉ် ၁၀ ဘီးယာဉ်အမှတ် ၇၀-၂၅၈၃ ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ မြ၀တီ ချစ်ကြည်ရေးတံတားထိပ်သို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၆ ရက်က ၀င်ရောက်လာပြီး ချစ်ကြည်ရေး တံတားထိပ်၌ ချစ်ကြည်ရေးတံတား တာဝန်ကျ အကောက်ခွန်ဦးစီးဌာနမှ ကြိုဆိုခဲ့ကြောင်း သိရသည်။

ထိန်ပင်အမှိုက်ပုံကို ထိုင်းမှမှာယူထားသည့် Bio Foam ဖြင့် ယနေ့စတင်ငြှိမ်းသတ်မည်၊ မီးသတ်တစ်ဦး မြေကျွံကျ၍ ဒဏ်ရာအနည်းငယ်ရ မီးခိုးငွေ့ကြောင့် ဆေးရုံတက်ကုသရသူ ၂၄ ဦးရှိ


ထိန်ပင်အမှိုက်ပုံမီး နှင့် မီးခိုးငွေ့ထွက်ရှိခြင်းကို ထိန်းချုပ် ရန် Bio Foam  ဓာတုဆေးရည် ဂါလန် ၁,၈၀၀ ဖြင့် ဧပြီ ၂၇ ရက် (ယနေ့)တွင် စတင်ငြှိမ်းသတ် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

ထိန်ပင်အမှိုက်ပုံမီးလောင်မှု အမြန်ဆုံးဖြေရှင်းနိုင်ရန် အာဆီယံသို့ ကမ်းလှမ်းထားဟု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးပြော


လှိုင်သာယာမှ ထိန်ပင် အမှိုက်ပုံမီးလောင်မှုသည် ယခင် ကမဖြစ်ဖူးသော သဘာဝဘေး ဖြစ်ပြီး အမြန်ဆုံးဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့သို့ အကူအညီ တောင်းခံထားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။

ထိန်ပင်စည်ပင်သာယာအမှိုက်ပုံ မီးငြှိမ်းသတ်မှုအား ဆက်လက်ကူညီဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးကျေးရွာ၊ ထိန်ပင်သုသာန် အနီးရှိ ဧက(၃ဝဝ)ကျယ်ဝန်းသည့် စည်ပင်သာယာ အမှိုက်ပုံ မီးလောင်မှု ဖြစ်ပွားသည့်နေရာ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ မီးငြှိမ်းသတ်ခြင်းများနှင့် တပ်မတော်မှ ရေသယ်ယာဉ်များဖြင့် ရေသယ်ယူပေးခြင်းများ ဆက်လက်ကူညီ ဆောင်ရွက်ပေးသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ဗဟိုဘဏ်ရောင်းချပေးမည်


မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချပေးသွားဖို့ ရှိနေပါတယ်။

ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို နိုင်ငံတော်သမ္မတအပြောင်းအရွှေ့ပြုလုပ်


စီးပွား/ကူးသန်းဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို တခြားဝန်ကြီးဌာနသို့ နိုင်ငံတော်သမ္မတက ယနေ့တွင် ပြောင်းရွှေ့လိုက်သည်။

Christine Burgener ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ ခန့်အပ်


ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အတိုင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်အဖြစ် ဆွစ်ဇာလန် ဝါရင့်သံတမန်တဦးကို ခန့်အပ်လိုက်ပါပြီ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့ဟာလည်း မြန်မာနိုင်ငံကို ခရီးထွက်သွားကြ ပါပြီ။ ရခိုင်ပြည်နယ်က အခြေအနေကတော့ သိပ်ကိုစိုးရိမ်စရာကောင်းနေတုန်းပဲလို့ ကုလသမဂ္ဂ ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


အမေရိကန် CIA ညွှန်ကြားရေးမှူးဟောင်း Mike Pompeo ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါပြီ။ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၂ မဲနဲ့ မစ္စတာ Pompeo ကို ခန့်ထားရေး အတည်ပြု လိုက်တာပါ။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်အားလုံး၊ ဒီမိုကရက်လွှတ်တော် အမတ် ခြောက်ယောက်နဲ့ တသီးပုဂ္ဂလအမတ် ၁ယောက်တို့က သူ့ကိုထောက်ခံ မဲပေးခဲ့ကြပြီး ကျန် ဒီမိုကရက်အမတ်အားလုံးက ကန့်ကွက်မဲပေးခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့ တွေ့ဆုံ


တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် စင်ကာပူသမ္မတနိုင်ငံ စင်ကာပူမြို့သို့ ရောက်ရှိကြသည်။

ခရီးသွားကုမ္ပဏီ ၃၀၀ ကျော်ကို လိုင်စင်ဖျက်သိမ်း


ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ ဖြိုးတိုးတက်ရန် ခရီးသွား ကုမ္ပဏီများကို ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိရာ လုပ်ငန်းလိုင်စင် ရယူထားပြီး သက်တမ်းတိုး ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီ ၃၇၀ ကျော်ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်က ထုတ်ပြန်သည်။

မြန်မာဆိုင်ရာမူဝါဒ Facebook ပြန်သုံးသပ်မည်


Facebook လူမှုဆက်သွယ်ရေးကွန်ယက်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကို ပြန်လည် ဆန်းစစ်သွား မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ မူဝါဒရေးရာပိုင်း ကိုင်တွယ်လုပ်ဆောင်မယ့်သူတွေ နောက်ထပ် လိုအပ်တယ်လို့ Facebook ရဲ့ နည်းပညာဆိုင်ရာ အရာရှိချုပ် CTO က ကြာသပတေးနေ့မှာ ပြောပါတယ်။