Thursday, April 26, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် စင်ကာပူသမ္မတနိုင်ငံ စင်ကာပူမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား Senior Minister of state in Prime Minister’s Office Mr. Heng Chee၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများ က စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ရှန်ဂရီလာဟိုတယ် သို့ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် စင်ကာပူမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး မြန်မာသံရုံးဝန်ထမ်းများ၊ ၀န်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုမေးမြန်းပြီး လက်ဆောင်ပစ္စည်း များ ပေးအပ်သည်။

ထို့နောက် မြန်မာသံအမတ်ကြီး တည်ခင်းဧည့်သည့် ညစာစားပွဲသို့ တက်ရောက်ပြီး ၀န်ထမ်းများနှင့်အတူ ညစာသုံးဆောင်သည်။



Myanmar President Office

0 comments:

Post a Comment