Thursday, April 26, 2018

ရွှေတိဂုံစေတီ၊ ရာဟုထောင့်တွင် အမျိုးသားတဦး ဘုရားရှိခိုးအပြီး မိမိလည်ပင်းကို ဓားဖြင့်ထိုး


ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့်တွင် ယနေ့ (ဧပြီ ၂၇)နံနက် ၉နာရီ မိနစ်၂၀ ခန့်က အမျိုးသားတဦးမှာ ဘုရားရှိခိုးအပြီး မိမိလည်ပင်းကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

"ကိုယ့်ကိုယ်ကို ဓားနဲ့ ထိုးတာလား၊ ခုတ်တာလား မသိဘူး။ သူ့ကို လုံခြုံရေးတွေ သယ်ထုတ်သွားတာ သွေးတွေထွက်နေတာ မြင်လိုက်တာ"ဟု ဘုရားဖူးဖြစ်သူ ကိုဇော်နီက ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အသေးစိတ်ကို မပြောဆိုနိုင်သေးကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

"အခုက ဆေးရုံပို့ထားပါတယ်။ အသေးစိတ်ကိုတော့ မပြောဆိုနိုင်သေးပါဘူး''ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

လင်းလင်းအောင်
News Watch

0 comments:

Post a Comment