Thursday, April 26, 2018

ထိန်ပင်အမှိုက်ပုံကို ထိုင်းမှမှာယူထားသည့် Bio Foam ဖြင့် ယနေ့စတင်ငြှိမ်းသတ်မည်၊ မီးသတ်တစ်ဦး မြေကျွံကျ၍ ဒဏ်ရာအနည်းငယ်ရ မီးခိုးငွေ့ကြောင့် ဆေးရုံတက်ကုသရသူ ၂၄ ဦးရှိ


ထိန်ပင်အမှိုက်ပုံမီး နှင့် မီးခိုးငွေ့ထွက်ရှိခြင်းကို ထိန်းချုပ် ရန် Bio Foam  ဓာတုဆေးရည် ဂါလန် ၁,၈၀၀ ဖြင့် ဧပြီ ၂၇ ရက် (ယနေ့)တွင် စတင်ငြှိမ်းသတ် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

ဧပြီ ၂၆ ရက် နေ့လယ် ၁ နာရီတွင် မြ၀တီမှ မော်တော် ယာဉ်ဖြင့် Bio Foam ဓာတုဆေး ရည်များ သယ်ဆောင်ကာ စတင်ထွက်ရှိလာပြီး ဧပြီ ၂၆ ရက် ညဥ့်နက်မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ သည်။

‘‘ဆေးရည်ရောက်တာနဲ့ ကျွန်တော်တို့ မီးခိုးအများဆုံး ထွက်တဲ့နေရာကို အရင်ကြည့် မယ်။ ဘယ်နေရာကို ဦးစားပေး ငြှိမ်းသတ်ရမလဲဆိုတာ သက်ဆိုင် ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်။ ဒီဆေး ရည်နဲ့ ဖျန်းရင်တော့ခဏပါပဲ။ ဘယ်လောက်မှ မကြာပါဘူး။ နေ့ တစ်ဝက်နဲ့ ငြှိမ်းရင် ငြှိမ်းနိုင်တယ်။ ဒါမှမဟုတ် နေရာအခြေအနေ ပေါ်ကြည့်ပြီး တစ်ရက်တည်းဖြစ် ချင်ဖြစ်မယ်’’ဟု ၎င်းကရှင်းပြသည်။ ယင်းဆေးရည်ရောက်ရှိပါက မီးသတ်ယာဉ်များကိုသာ အသုံးပြု၍ ငြှိမ်းသတ်မည်ဖြစ်သည်။

Bio Foam ဆေးရည်ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ကန်ဒေါ်လာ တစ်သိန်းကျော် အ ကုန်အကျခံ ကာ ထိုင်းနိုင်ငံမှ ၀ယ်ယူခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

‘‘Bio Foam ပက်ဖျန်းဖို့ကိစ္စ ရပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်’’ဟု ၀န်ကြီးချုပ်  ဦးဖြိုးမင်းသိန်းက ပြောသည်။

အမှိုက်ပုံမီးငြှိမ်းသတ်နိုင်ရန် Bio Foam ဂါလန် ၅,၀၀၀ ခန့် လို အပ်မည်ဖြစ်ပြီး လက်ရှိတွင် Bio Foam ဂါလန်   ၁,၈၀၀ ၀ယ်ယူ ထားသည်။   ကမ္ဘောဇအလင်း တန်းကုမ္ပဏီက   Bio Foam ၅,၀၀၀ ဂါလန်  လှူဒါန်းလိုသည် ဟု ကမ်းလှမ်းသဖြင့် ထပ်မံဝယ်ယူရန် စီစဉ်မည်ဖြစ်ပြီး စုစုပေါင်း Bio Foam ၆,၈၀၀ ဖြင့် လုံလုံလောက်လောက် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း  ၎င်းက  ပြော သည်။

လက်ရှိတွင် ထိန်ပင်အမှိုက် ပုံမီးလောင်ကျွမ်းမှုကို ၈၀ ရာခိုင် နှုန်းကျော် ထိန်းသိမ်းနိုင်ပြီး အ မှိုက်များ မီးလောင်ကျွမ်းမှု အ နည်းငယ်ရှိနေပြီး မီးခိုးငွေ့များ ထွက်ရှိနေသေးသည်။

မီးလောင်ကျွမ်းမှုခြောက် ရက်မြောက်နေ့ ဧပြီ ၂၆ ရက်တွင် မီးငြှိမ်းသတ်သူ  တပ်မတော်မှ၁၆၀ ဦး၊ ရဲတပ်ဖွဲ့မှ ၁၈၀ ကျော်၊မီးသတ်တပ်ဖွဲ့မှ ၄၀၀ ကျော်ဖြင့်ငြှိမ်းသတ်နေပြီး  မီးသတ်ယာဉ် အစီး ၃၀ ၊ ရေသယ်ယာဉ် ၅၄ စီးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဦးမျိုးဝင်းက ဆိုသည်။

မီးငြှိမ်းသတ်သူများ ကျန်း မာရေးစောင့်ရှောက်ရန် တိုင်းဒေ သကြီး အစိုးရအဖွဲ့နှင့် ကျန်းမာ ရေးဦးစီးဌာနတို့က ဆေးကုသလျက်ရှိပြီး ဧပြီ ၂၆ ရက်၌ မီးငြှိမ်းသတ်သူတစ်ဦး မြေကျွံကျ၍ ထိ ခိုက်မှုအနည်းငယ်ရရှိခြင်းနှင့် မီး ခိုးငွေ့ကြောင့် မူးဝေသူအနည်း ငယ်သာရှိကြောင်း ၎င်းကဆက် လက်ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များ တစ် ခုခုဖြစ်ပါက    မိသားစုကိုလည်း စောင့်ရှောက်ပေးရမည်ဖြစ် ကြောင်း    ၀န်ကြီးချုပ်က  ပြော သည်။

ထိန်ပင်အမှိုက်ပုံမီးလောင်မှု ကို ငြှိမ်းသတ်နေသည့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများအတွက် ရေသန့်၊ အစား အသောက်၊ ဆေးဝါးနှင့် အခြား ပစ္စည်းများ လာရောက်လှူဒါန်းမှု သည် ယမန်နေ့တွင် ယခင်ရက် များထက် ပိုများလာသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မီးခိုးငွေ့ ကြောင့် ဆေးရုံတက်ရောက်ကုသ သူ လူနာမှာ ဧပြီ ၂၆ ရက်အထိ ၁၉ ဦးရှိပြီး လေးဦးသည် ဆေးရုံမှ ကျန်းမာရေးကောင်းမွန်စွာဆင်း သွားကြောင်းနှင့် တစ်ဦးမှာ ယခင် နာတာရှည်ရောဂါ အခံရှိနေခြင်း ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲ ပြောင်းပေးပြီး လက်ရှိတွင်  ၁၄ ဦးကျန်ရှိနေသေးကြောင်း လှိုင်သာယာဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ပြောသည်။

‘‘ဒီနေ့တော့ ဓာတ်ခွဲခန်းက စစ်ဆေးချက်အဖြေထွက်ရှိလာပါ ပြီ။ ကာဗွန်မိုနောက်ဆိုက်ဓာတ် ငွေ့နဲ့ ပတ်သက်ပြီး လူနာတွေမှာ မတွေ့ရတော့ပါဘူး။ အားလုံး ကောင်းမွန်ပါတယ်။ လူနာတစ် ယောက်၊ နှစ်ယောက်လောက်ပဲနည်းနည်း ရှိနေသေးတာတွေ့ရှိရ ပါတယ်။  သူတို့ကို လှိုင်သာယာဆေးရုံမှာ ပဲ ကုသပေးနေပါတယ်’’ ဟု ၎င်းကပြောသည်။

သို့သော် နိုင်ငံပိုင်မီဒီယာများ ကမူ ဆေးရုံတက်ရောက်၍ကုသ မှုခံယူနေသူ ၂၄ဦးရှိကြောင်း ယမန်နေ့ ည၈နာရီသတင်းတွင် ကြေ ညာခဲ့သည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေး ရုံကြီး၌ ထိန်ပင်အမှိုက်ပုံမီးလောင် မှုဖြစ်စဉ် နောက်ဆက်တွဲ ကျန်း မာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်း  ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ  ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

7Day

0 comments:

Post a Comment