Thursday, April 26, 2018

ထိန်ပင်စည်ပင်သာယာအမှိုက်ပုံ မီးငြှိမ်းသတ်မှုအား ဆက်လက်ကူညီဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးကျေးရွာ၊ ထိန်ပင်သုသာန် အနီးရှိ ဧက(၃ဝဝ)ကျယ်ဝန်းသည့် စည်ပင်သာယာ အမှိုက်ပုံ မီးလောင်မှု ဖြစ်ပွားသည့်နေရာ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ မီးငြှိမ်းသတ်ခြင်းများနှင့် တပ်မတော်မှ ရေသယ်ယာဉ်များဖြင့် ရေသယ်ယူပေးခြင်းများ ဆက်လက်ကူညီ ဆောင်ရွက်ပေးသည်။


ထို့ပြင် မီးလောင်မှု ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်၌ နေထိုင်ကြသည့် သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂ဝ)ရပ်ကွက်ရှိ သာသနသဟ ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment