Thursday, April 26, 2018

လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ မိုင်းတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်စစ်ဆေးရာ မူဆယ်မြို့နယ် တုံကန်ရွာ၏ မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာ ကားလမ်းဘေး ကမ်းပါးယံစောင်း၌ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးအား တွေ့ရှိသဖြင့် ဒေသခံ ပြည်သူများ အန္တရာယ် မရှိစေရေးအတွက် သက်မဲ့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment