Thursday, April 26, 2018

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး ပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ



ကချင်ပြည်နယ်၊ တနိုင်းမြို့၊ မိုင်ခွန်ကျေးရွာနေ ဦးအောင်သောင်းထိုက်(ဘ) ဦးဇတ်ဖြူသည် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နေအိမ်မှ ထင်းခုတ်ရန် ထွက်လာစဉ် ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခွဲခန့် အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ ခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment