တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။
မွန်သည် နယ်စပ်မျဉ်းအား ဖြတ်ကျော်၍ ကင်အား ကြိုဆိုကာ တောင်ကိုရီးယားနိုင်ငံဘက်သို့ အတူတကွ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကင်သည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး နယ်စပ်မျဉ်းအား ဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံမြေပေါ်သို့ ခြေချခဲ့သည့် ပထမဆုံး မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
(Xinhua)
0 comments:
Post a Comment