Sunday, June 2, 2019

အလောင်းတော်ကဿပဘုရားငွေ အလွဲသုံးစားပြုမှု သတင်းစာရှင်းလင်း


အလောင်းတော်ကဿပဘုရားငွေ ကျပ်သိန်းပေါင်း ထောင်ချီအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားပေမယ့် အရေးယူမှုအပိုင်း ကြန့်ကြာနေလို့ တိုင်ကြားသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ 

ကလေးများ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော နိုင်ငံများ စာရင်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၀၉ ၌ ရပ်တည်


ကလေးများ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံက ၁၀၉ တွင် ရပ်တည်နေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ 

စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲဖြစ်ချိန်တွင် မွေးမြူရေးလုပ်ငန်းကို ဦးစားပေး လုပ်ကိုင်သင့်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော


စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲဖြစ်ချိန်တွင် ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကို ဒုတိယဦးစားပေး လုပ်ငန်းအဖြစ် အစားထိုး လုပ်ကိုင်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။ 

ဓားထိုးတိုက်ခိုက်ခံရမှုတွင် ကွယ်လွန်သွားခဲ့သူ၏ ကျန်ရစ်သူ ဇနီးသည်ထံသို့ ဒေါ်အောင်ဆန်းစုကြည် နှစ်သိမ့်စာပေးပို့


မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံတွင် ဓားထိုးတိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး အရာရှိဖြစ်သူ၏ ကျန်ရစ်သူ ဇနီးသည်ထံသို့ နှစ်သိမ့်စာတစ်စောင် ပေးပို့လိုက်ကြောင်း Kyodo News က ဖော်ပြထားသည်။ 

ဘဏ်မန်နေဂျာ အယောင်ဆောင်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ဧရာဝတီဘဏ်တွင် အလုပ်ရမည်ဟု ပြောဆို၍ လူတစ်ဦးလျှင် ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ လိမ်လည်တောင်းယူမှုဖြင့် အမျိုးသားတစ်ဦးကို အမှုဖွင့်

Facebook လူမှုကွန်ရက်မှတစ်ဆင့် ဘဏ်မန်နေဂျာ အယောင်ဆောင်ကာ ဧရာဝတီဘဏ်တွင် အလုပ်ရမည်ဟု ပြောဆို၍ လူတစ်ဦးလျှင် ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ လိမ်လည်တောင်းယူမှုဖြင့် အမျိုးသား တစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံး


စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း ဇွန် ၁ ရက် နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ 

တရုတ်နိုင်ငံက မူဝါဒပိုင်းတွင် လုံးဝနောက်ဆုတ်အလျှော့ပေးမည်မဟုတ်ဟု စက္ကူဖြူကြေညာချက်တွင် ဖော်ပြ


တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ တရုတ်နိုင်ငံ၏ရပ်တည်ချက် ဟူသော စက္ကူဖြူကြေညာချက်ကို တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ဇွန် ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်ကြောင်း၊ နှစ်ဖက် သဘောတူညှိနှိုင်းချက်များမှာ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသင့်ကြောင်း ၊ အရေးကြီး မူဝါဒပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် လုံးဝ နောက်ဆုတ်အလျှော့ပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ 
  

ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည်


ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွင်း ရှိ ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန်အတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းအားစတင်တော့မည်ဟု သိရသည်။ 

ပြည်မြို့တွင် သတင်းသမားများစုပေါင်း၍ မြေလတ်အသံ သတင်းဌာန တည်ထောင်


ပြည်မြို့ကို အခြေပြုပြီး မြို့ကြီး ၁၀ မြို့ကျော်က သတင်းသမားတွေ စုပေါင်းပြီး မြေလတ်အသံသတင်းဌာနတခု တည်ထောင်လိုက်ပါတယ်။ 

ဂူဂဲလ်ကို စုံစမ်းရေးပြုလုပ်ရန် အမေရိကန် တရားရေးဌာန ပြင်ဆင်


ဂူဂဲလ်ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို လျှော့ချတဲ့အနေနဲ့ ကုမ္ပဏီကို စုံစမ်းရေးပြုလုပ်ဖို့ အမေရိကန် တရားရေးဌာနဟာ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ဖော်ပြပါတယ်။ 

မယ်စကြဝဠာ မြန်မာ ၂၀၁၉ သရဖူ ဘားအံအလှမယ်ရရှိ



မယ်စကြဝဠာ မြန်မာ ၂၀၁၉ ပြိုင်ပွဲတွင် အသက် (၂၀) အရွယ် ဘားအံကိုယ်စားပြု အလှ မယ် ဆွေဇင်ထက်က သရဖူရရှိခဲ့ သည်။ 

မြန်မာ-တရုတ် ကုန်စည်ဖလှယ်မှုစနစ်ဖြင့် ဆန်ကုန်သွယ်ရေးအတွက် မူဆယ်နယ်စပ်မှ တရားဝင်တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မူဆယ်နယ်စပ်၌ ရောက်ရှိနေသည့် ဆန်တန်ချိန် ၁၀၀၀၀ စတင် တင်ပို့မည်


မြန်မာ-တရုတ် ကုန်စည်ဖလှယ်မှုစနစ် ဖြင့် ဆန်ကုန်သွယ်ရေးအတွက် မူဆယ်နယ်စပ်မှ တရားဝင် တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မူဆယ်နယ်စပ်၌ ရောက်ရှိသေည့် ဆန်တန် ၁၀၀၀၀ စတင်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 

ဦးဝီရသူကိုအရေးယူသဖြင့် နိုင်ငံတည်ငြိမ်မှုထိခိုက်အောင်လုပ်လျှင် ပြတ်သားစွာကိုင်တွယ်မည်


ဦးဝီရသူကို အရေးယူဆောင်ရွက်မှုနှင့်ပတ် သက်၍ နိုင်ငံတည်ငြိမ်အေးချမ်း ရေးထိခိုက်အောင်ပြုလုပ်ပါက ဥပဒေနှင့်အညီတိတိကျကျပြတ် ပြတ်သားသားလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးကပြောသည်။ 

ကိုရီးယားမင်းသားဆီက အတွေ့အကြုံသစ်တွေယူမယ့် ဝတ်မှုံရွှေရည်


ဒါရိုက်တာစင်ရော်မောင် မောင်ရိုက်ကူးမည့် တိမ်တွေပေါ် က ပန်း ရုပ်ရှင်ဇာတ်ကားတွင် ကိုရီးယားမင်းသား Ryu Sang Wook နှင့်တွဲဖက်ရိုက်ကူးရမည် ဖြစ်သဖြင့် အတွေ့အကြုံသစ်ရ မည်ဖြစ်ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် မိုးတိမ်တောင် အန္တရာယ်ရှိနေ


အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ၀င်ရောက်နေကာ ဒေသအနှံ့ လေထုမတည်မငြိမ်ဖြစ်နေ၍ မိုးတိမ်တောင်အန္တရာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ 

ကျပ်သိန်းတစ်သောင်းခွဲဆု မန္တလေးမြို့မှ ကွမ်းယာရောင်းသည့် ဇနီးမောင်နှံဆွတ်ခူး


(၄)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်း ခွဲဆုကို မန္တလေးမြို့မှ ကွမ်းယာရောင်းသည့် ဇနီးမောင်နှံက ဆွတ်ခူးသည်။ 

ပုဂ္ဂလိကကျောင်း တခုတွင် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟုဆိုကာ အမှုဖွင့်


နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းတခုတွင် အသက် ၃ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ခံခဲ့ရသည်ဟုဆိုကာ မိဘများကရဲစခန်းတွင်အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။ 

ထုတ်ပေးထားသည့် NV Card ကဒ်အရေအတွက် ၆၀၀၀၀ကျော် ရှိ


အစိုးရအဖွဲ့ ၏ ၃နှစ်တာ ကာလအတွင်း ထုတ်ပေးထားသည့် NV Card ကဒ်အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် ခြောက်သောင်းခုနှစ်ထောင် ကျော် ရှိသည်ဟု လ၀က အမြဲတမ်းအတွင်းဝန်က ပြောသည်။ 

ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ဘောရစ် ဂျွန်ဆင်ဟာ အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ဟု ဒေါ်နယ်ထရမ့် ထောက်ခံ


ဗြိတိန် ဝန်ကြီးချုပ်သစ် နေရာအတွက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘော်ရစ် ဂျွန်ဆင်က သင့်တော်သူဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပြောကြားသွားခဲ့ပါတယ်။ 

ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အသင့်ရှိဟု တရုတ် ပြောကြား


ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အမေရိကန်ကို ယှဉ်ပြိင်တိုက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးက ဇွန်လ ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သို့ပေမယ့်လည်း ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်မရွေး တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။