Sunday, June 2, 2019

မယ်စကြဝဠာ မြန်မာ ၂၀၁၉ သရဖူ ဘားအံအလှမယ်ရရှိ



မယ်စကြဝဠာ မြန်မာ ၂၀၁၉ ပြိုင်ပွဲတွင် အသက် (၂၀) အရွယ် ဘားအံကိုယ်စားပြု အလှ မယ် ဆွေဇင်ထက်က သရဖူရရှိခဲ့ သည်။ 
‘‘ညီမရဲ့ကြိုးစားမှုတွေအရာ ထင်တယ်လို့ ထင်ပါတယ်။ ဒီ ပြိုင်ပွဲ မပြိုင်ခင်ကတည်းက ကြိုး စားပြင်ဆင်ခဲ့လို့ စင်မြင့်ထက်မှာ သရဖူဆောင်းခွင့်ရခဲ့တာပါ’’ ဟု ဆွေဇင်ထက်ကပြောသည်။ 
ဆွေဇင်ထက်သည် ပြီးခဲ့ သည့် ၂၀၁၆ တွင် Miss Golden Land Myanmar ပြိုင်ပွဲ၌ Miss Supranational Myanmar 2016 ဆုရရှိဖူးပြီး Miss Universe Myanmar သရဖူသည် ၎င်း၏ အိပ်မက်ဖြစ်သောကြောင့် ပျော်ရွှင်ရသည်ဟု ၎င်းကဆို သည်။ 

ယင်းပြိုင်ပွဲကို မေလ ၃၁ ရက်က နိုဗိုတယ်ဟိုတယ်၌ ပြု လုပ်ခဲ့ပြီး မြို့အသီးသီးမှ အလှ မယ် ၂၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အလှမယ်ပြိုင်ပွဲများ၏ ထုံးစံအ တိုင်း ဝတ်စုံသုံးစုံဝတ်ဆင်ယှဉ် ပြိုင်ခဲ့ပြီး ရေကူးဝတ်စုံယှဉ်ပြိုင်မှု တွင် Top 13 နှင့် ညနေခင်းဝတ်စုံ ယှဉ်ပြိုင်မှုတွင် Top 6 ကို အဆင့် ဆင့်ရွေးချယ်ခဲ့သည်။ 
ဆွေဇင်ထက်သည် မယ် စကြဝဠာ မြန်မာ ၂၀၁၉ သရဖူနှင့် Best Swimsuit ဆုလည်း ရရှိ ခဲ့ပြီး (၆၈) ကြိမ်မြောက် မယ်စကြ ဝဠာ ၂၀၁၉ ပြိုင်ပွဲတွင် နိုင်ငံကိုယ် စားပြုအလှမယ်အဖြစ် သွား ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ် သည်။ 
ယင်းပြိုင်ပွဲ၏ အစီအစဉ် တွင် နေရွှေသွေးအောင်လည်း ပါဝင်ဖျော်ဖြေခဲ့ပြီး နှစ်စဉ် ထူးခြားသည့် တင်ဆက်မှုများနှင့် ဖျော်ဖြေပေးသည့် ပုံစံအတိုင်း နေ ရွှေသွေးအောင်ကို ၎င်းတို့ဘက်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း မယ် စကြဝဠာမြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြော သည်။ 
‘‘သူလည်း ကာဗာ Song တွေ ပေါက်နေတယ်။ သူ့ကို လည်း သီချင်းဆိုတာနဲ့ပတ်သက် ပြီး လူသိများတော့ ရသလေးတစ် မျိုးဖြစ်မလားဆိုပြီး ကမ်းလှမ်းပြီး ဆိုဖြစ်တာပါ။ သူ့ဘက်က တက် တက်ကြွကြွရှိတယ်။ အရမ်းပြင် ဆင်တယ်။သူ ကအရမ်းကို Detail ပြင်ဆင်ပြီး အကြိမ်ပေါင်း များစွာ ရီဟာဇယ်လုပ်ပြီးမှ ပွဲ ထွက်တာပါ’’ ဟု နေရွှေသွေး အောင်နှင့်ပတ်သက်၍ ပြော ကြားသည်။ 

အခြား Title ဆုများအနေ ဖြင့် 1st Runner Up ဆုကို မြိတ် ကိုယ်စားပြုအလှမယ် မွှေးသက်၊ 2nd Runner Up ဆုကို မန္တလေး ကိုယ်စားပြု အလှမယ် ထက်သီရိ ဇော် ၊ 3rd Runner Up ဆုကို မင်းဘူးကိုယ်စားပြု အလှမယ် ထွန်းပုလဲရတနာနှင့် 4th Runner Up ဆုကို မြစ်ကြီးနား ကိုယ်စား ပြုအလှမယ် လင်းထက်ထက် ကျော်တို့က ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၃ က စတင်ကျင်းပခဲ့ကာ မယ်စကြ ဝဠာ ပြိုင်ပွဲသို့ နှစ်စဉ်နိုင်ငံကိုယ် စားပြုအလှမယ်များ စေလွှတ် ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးဆုအနေ ဖြင့် ၂၀၁၆ တွင်သွားရောက်ယှဉ် ပြိုင်သည့် အလှမယ်ထက်ထက် ထွန်းက အကောင်းဆုံးအမျိုးသား ဝတ်စုံဆုရရှိခဲ့သည်။

7Day 

0 comments:

Post a Comment