Sunday, June 2, 2019

ထုတ်ပေးထားသည့် NV Card ကဒ်အရေအတွက် ၆၀၀၀၀ကျော် ရှိ


အစိုးရအဖွဲ့ ၏ ၃နှစ်တာ ကာလအတွင်း ထုတ်ပေးထားသည့် NV Card ကဒ်အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် ခြောက်သောင်းခုနှစ်ထောင် ကျော် ရှိသည်ဟု လ၀က အမြဲတမ်းအတွင်းဝန်က ပြောသည်။ 
ရခိုင်ပြည်နယ် တစ်ခုထဲမှာပင် ထုတ်ပေးထားသည့် NV Card အရေအတွက်မှာ ၁၄၆၃၈ ကဒ် ရှိကြောင်းလည်း ၎င်းက ပြောသည်။ 
NV Card သည် နိုင်ငံသားစီစစ်မှု ခံယူရန် လိုအပ်သူများကို ထုတ်ပေးသည့် ကဒ်ဖြစ်သည်။ 
ယင်းကဒ်သည် နိုင်ငံသားဖြစ်ရန် အခွင့်အရေးရှိသည့် ကဒ်တစ်ခုလည်း ဖြစ်သည်။ 
သို့သော် စီစစ်မှုများကို ခံယူရန်လိုအပ်ပြီး သတ်မှတ်ထားသည့် အရည်အချင်းအချက်အလက်များနှင့် ပြည့်စုံမှသာ နိုင်ငံသားဖြစ်ခွင့်ရမည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။ 
ယခင်က White Card များထုတ်ပေးထားရာမှ ထိုကဒ်များကို ယခင်အစိုးရက ပြန်သိမ်းခဲ့ကာ ယခု NV Card များကို ပြန်ထုတ်ပေးနေခြင်းဖြစ်သည်။ 
ယခုကဒ် ကိုင်ဆောင်ထားသူသည် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စီစစ်မှုခံယူပြီး ခွင့်ပြုလျှင် တစ်နေရာမှ တစ်နေရာ သို့ လွတ်လပ်စွာ သွားခွင့်ရှိသည်ဟု သိရပြီး၊ တရားဝင် ပင်လယ်ထဲ ထွက်ခွင့်ပါရှိသဖြင့် ငါးဖမ်းထွက်သူများပင် ရယူမှုများရှိခဲ့ကြသည်။ 


နဒီ 
Photos by InformationCommittee
Isee Media 

0 comments:

Post a Comment