Sunday, June 2, 2019

ဘဏ်မန်နေဂျာ အယောင်ဆောင်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ဧရာဝတီဘဏ်တွင် အလုပ်ရမည်ဟု ပြောဆို၍ လူတစ်ဦးလျှင် ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ လိမ်လည်တောင်းယူမှုဖြင့် အမျိုးသားတစ်ဦးကို အမှုဖွင့်

Facebook လူမှုကွန်ရက်မှတစ်ဆင့် ဘဏ်မန်နေဂျာ အယောင်ဆောင်ကာ ဧရာဝတီဘဏ်တွင် အလုပ်ရမည်ဟု ပြောဆို၍ လူတစ်ဦးလျှင် ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ လိမ်လည်တောင်းယူမှုဖြင့် အမျိုးသား တစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 
ထိုသို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်ခံရသူမှာ Linpaing Khet Account အသုံးပြုသူ မရမ်းကုန်းမြို့နယ် တွင်နေထိုင်သည့် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဧရာဝတီဘဏ်၏ Facebook တွင် ၂၀၁၄ ခုနှစ်ကတည်းက တင်ထားသော အလုပ်ခေါ်သည့် အကြောင်းအရာကို အသုံးချကာ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လိမ်လည်ရာတွင် ၎င်းမှာ ဧရာဝတီဘဏ်လီမိတက် ရုံးချုပ်တွင် မန်နေဂျာ တစ်ဦးဖြစ်ကြောင်း၊ ယင်းကြောင့် ဧရာဝတီဘဏ်တွင် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးမည် ဟုဆိုကာ လူတစ်ဦးလျှင် ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ တောင်းယူနေကြောင်း၊ ထို့ပြင် အဆိုပါ အမျိုးသားသည် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ ဧရာဝတီဘဏ်လီမိတက်ရုံးချုပ် ဥပစာပြင်ပတွင် သွားလာလိမ်လည် လှုပ်ရှားနေသည်ကို ဧရာဝတီဘဏ်၏ မန်နေဂျာ ဦး...(၃၈ နှစ်)က သိရသဖြင့် ရဲတပ်ဖွဲ့နှင့်အတူ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။ 

ထိုသို့စောင့်ဆိုင်း ဖမ်းဆီးရာ လိမ်လည်သူ ၁၇ နှစ်အရွယ် အမျိုးသားကို မဟာဗန္ဓုလပန်းခြံအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဧရာဝတီဘဏ် လီမိတက်၏ Facebook စာမျက်နှာအား အသုံးပြုကာ လိမ်လည်သူ အမျိုးသားကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၃၂၂/၂၀၁၉၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

Eleven Media Group 

0 comments:

Post a Comment