Sunday, June 2, 2019

ဂူဂဲလ်ကို စုံစမ်းရေးပြုလုပ်ရန် အမေရိကန် တရားရေးဌာန ပြင်ဆင်


ဂူဂဲလ်ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို လျှော့ချတဲ့အနေနဲ့ ကုမ္ပဏီကို စုံစမ်းရေးပြုလုပ်ဖို့ အမေရိကန် တရားရေးဌာနဟာ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ဖော်ပြပါတယ်။ 
ဒီစုံစမ်းရေးဟာ ရှာဖွေရေးနဲ့ တခြားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဂူဂဲလ်ရဲ့ ကျင့်ဝတ်တွေကို စုံစမ်းဖို့ မျှော်လင့်ရတယ်ဆိုပြီး အဲဒီသတင်းက ဆိုပါတယ်။ 

လွန်ခဲ့တဲ့နှစ်တွေက ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ဟာ ဂူဂဲလ်ကို စုံစမ်းစစ်ဆေးခဲ့ပေမယ့် ဒီတခါတော့ တရားရေးဌာန ဆုံးဖြတ်ချက်ကို လက်ခံမှာ ဖြစ်ပါတယ်။ 

အဲဒီသတင်းနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ဂူဂဲလ်နဲ့ တရားရေးဌာနတို့က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

DVB


0 comments:

Post a Comment