Sunday, June 2, 2019

ဦးဝီရသူကိုအရေးယူသဖြင့် နိုင်ငံတည်ငြိမ်မှုထိခိုက်အောင်လုပ်လျှင် ပြတ်သားစွာကိုင်တွယ်မည်


ဦးဝီရသူကို အရေးယူဆောင်ရွက်မှုနှင့်ပတ် သက်၍ နိုင်ငံတည်ငြိမ်အေးချမ်း ရေးထိခိုက်အောင်ပြုလုပ်ပါက ဥပဒေနှင့်အညီတိတိကျကျပြတ် ပြတ်သားသားလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးကပြောသည်။ 
‘‘ဒီအပေါ်မှာတော့ ကျွန် တော်တို့လျှော့လို့မရဘူး။ ကြီး သည်ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာနိုင်တဲ့အနေအထား တွေရှိတယ်ဆိုရင် ကျွန်တော်တို့ ကဥပဒေနဲ့အညီတိတိကျကျပြတ် ပြတ်သားသား လုပ်ရမှာဖြစ်ပါ တယ်’’ ဟု ဦးဇော်ဌေးက ယမန် နေ့တွင်ပြုလုပ်သည့် အစိုးရတတိ ယတစ်နှစ်တာကာလသတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်း ထောက်များအားပြောသည်။ 
ဦးဝီရသူကို တရားစွဲဆိုရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန် ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တရားစွဲဆို ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။ 
ထို့အပြင် ဦးဝီရသူ ဘေးရန် ကင်းစေရေးဆုတောင်းပွဲများ ပြု လုပ်နေမှုအပေါ်တွင်လည်း ကိုင် တွယ်ရန် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများကဆောင်ရွက်နေ ကြောင်း ဦးဇော်ဌေးကဆိုသည်။ 
‘‘မနေ့ကပဲဆုတောင်းပွဲတွေ ရှိတယ်။ အဲဒီအပေါ်မှာလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံ ရေးတာဝန်ရှိတဲ့သူတွေ ကိုင် တွယ်ထိန်းသိမ်းမယ့်ဟာတွေကို လည်း အများကြီးဆောင်ရွက်နေ ပါတယ်။ 
စိုးရိမ်မှုဆိုတာကတော့ အပြည် ပြည်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာနဲ့ ဆက်စပ်ပြီးတော့ နိုင်ငံတည် ငြိမ်အေးချမ်းဖို့ဒါကပိုအရေးကြီး တယ်။ အရေးကြီးတဲ့အတွက် အဲ ဒါကိုလည်း တရားဥပဒေစိုးမိုး ရေးနဲ့အညီ၊ ဥပဒေနဲ့အညီဆောင် ရွက်မှာဖြစ်တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 
လက်ရှိအချိန်တွင် ဦးဝီရသူ ကို ဖမ်းဆီးရမိရေးနှင့် ပတ်သက် ပြီး တင်ပြလာသည်များရှိသဖြင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။ 
နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မဖြင့် ဖမ်းဝရမ်းထုတ် ထားသော ဦးဝီရသူဘေးကင်းစေ ရေးနှင့် အချုပ်အနှောင်ကင်းစေ ရေးဆိုကာ အမျိုးသားရေးလှုပ် ရှားသူဟုဆိုသော သံဃာတော် များနှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်က မေလ ၃၀ ရက်တွင် ရွှေတိဂုံစေ တီတော်၌ ဆုတောင်းမှုပြုလုပ် ခဲ့သည်။ 
ယမန်နေ့ကလည်း သံဃာ တော်များနှင့် လူပုဂ္ဂိုလ် ၅၀၀ ခန့် က ဦးဝီရသူနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝေဖန်ခံ နေရသည့် သီတဂူဆရာတော်တို့ အတွက်ဟုဆိုကာ ရွှေတိဂုံစေတီ တော်အောင်မြေ၌ ထပ်မံဆု တောင်းမှုများပြုလုပ်ခဲ့သည်။ 
‘‘ဦးဝီရသူက အမျိုးသားရေး ကိုမားမားမတ်မတ်ရပ်ပြီး လုပ် ဆောင်နေလို့ ခင်ဗျားတို့နဲ့ဆန့် ကျင်ဘက်ဖြစ်တဲ့အတွက် ကြိုက် သလိုဝေဖန်လို့ရပါတယ်။ သို့ သော် သီတဂူဆရာတော်ကြီးက ဗုဒ္ဓဘာသာကိုမြန်မာမှာမကကမ္ဘာ မှာပါ ပြန့်ပွားအောင်ကြိုးစားနေ တဲ့ဆရာတော်ကြီးကို ရိုင်းရိုင်း စိုင်းစိုင်းစော်ကားပုတ်ခတ်ပြော ဆိုနေတာက ဒီတစ်ကြိမ်တည်းမ ဟုတ်ပါဘူး။ အဲဒါကြောင့်ဆရာ တော်ကြီးကို ဆဲဆိုနေတာဖြစ်တဲ့ အတွက် ဦးဝီရသူတစ်ပါးတည်း မဟုတ်ဘူး။ တစ်သာသနာလုံးနဲ့ ပတ်သက်တဲ့ အန္တရာယ်မို့ဆု တောင်းပွဲမှာထည့်ရခြင်းဖြစ် တယ်’’ ဟု ယမန်နေ့က ဆု တောင်းပွဲ၌ ဦးဆောင်ရာတွင် ပါဝင်သော မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ (ရန်ကုန်) မှ ဆရာတော်ဦးတေဇ၀န္တက မိန့် ကြားသည်။ 
ဦးဝီရသူသည် သူရဲကောင်း ဆန်သည့် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး တရားမျှတသည်ဟုယူဆ ပါက ရှောင်ပုန်းနေမည်မဟုတ် ကြောင်း ဆုတောင်းသူများက ပြောသည်။ 
ဦးဝီရသူသည် ထွက်ပြေး မည်မဟုတ်ဘဲ အဖမ်းခံမည်ဟု သတင်းမီဒီယာအချို့ထံ မိန့် ကြားထားသော်လည်း ယမန်နေ့ ညနေအထိ လာရောက်အဖမ်း ခံခြင်းမရှိသေးပေ။ 
မေလ ၃၀ ရက်ကလည်း ဦးဝီရသူသည် VK လူမှုကွန်ရက်မှ တစ်ဆင့် ဟောပြောမှုထုတ်လွှင့် ခဲ့သည်။ ‘‘ခင်ဗျားတို့က သီတဂူ ဆရာတော်ကြီးကို ရစရာမရှိ အောင် ဝေဖန်နေကြတယ်။ အေး... ခင်ဗျားတို့တစ်တွေတစ် ယောက်တည်းပဲနေကြပါ။ မိုးရွာ တဲ့အခါ မိသားစုနဲ့အတူမနေ ကြပါနဲ့။ မိသားစုတွေအားလုံး လည်းသူတို့နဲ့ ကင်းကင်းရှင်းရှင်း နေကြပါ။ စက်ကွင်းမိလို့ရှိရင် အ ကုန်လုံး မိုးကြိုးပစ်ခံရပါလိမ့် မယ်။ မှတ်ထား၊ ရဲဘော်ဆို တာပြည်သူပိုင်စကား’’ ဟု ဟော ပြောသည်။ 
ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ်မဖွယ်မ ရာစကားလုံးများသုံးနှုန်းပြောဆို ခြင်းနှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ်အကြည် ညိုပျက်အောင် ပြောဆိုခြင်း ကြောင့် အနောက်ပိုင်းခရိုင်ဒုအ ထွေထွေအုပ်ချုပ်ရေးမှူးက တ ရားလိုပြုလုပ်၍ မေလ ၂၈ ရက် တွင် တိုင်တန်းလာကြောင်း အ နောက်ပိုင်းခရိုင်တရားရုံးသတင်း ပြန်ကြားရေးအရာရှိဦးမင်းသန့် ကပြောသည်။ 
တိုင်တန်းမှုကို တရားရုံးက စိစစ်၍ အမှုကိုလက်ခံကာနိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) ဖြင့်ရဲတပ်ဖွဲ့က ဖမ်း ၀ရမ်းထုတ်ထားသည်။

7Day

0 comments:

Post a Comment