Sunday, June 2, 2019

ကိုရီးယားမင်းသားဆီက အတွေ့အကြုံသစ်တွေယူမယ့် ဝတ်မှုံရွှေရည်


ဒါရိုက်တာစင်ရော်မောင် မောင်ရိုက်ကူးမည့် တိမ်တွေပေါ် က ပန်း ရုပ်ရှင်ဇာတ်ကားတွင် ကိုရီးယားမင်းသား Ryu Sang Wook နှင့်တွဲဖက်ရိုက်ကူးရမည် ဖြစ်သဖြင့် အတွေ့အကြုံသစ်ရ မည်ဖြစ်ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောသည်။ 
‘‘ကစ်အတွက် အတွေ့အ ကြုံသစ် နောက်တစ်ခုဖြစ်မယ်။ ကိုရီးယားမင်းသား၊ မင်းသမီးတွေ နဲ့ အတူတူ တွဲပြီးသရုပ်ဆောင်ရ မှာဖြစ်တဲ့အတွက် သူတို့ဆီက လေ့လာစရာရှိတာတွေ လေ့လာ ရမယ်။ သင်ယူစရာရှိတာတွေ သင်ယူရမယ်။ ယဉ်ကျေးမှုဖလှယ် တာမျိုးတွေ အပါအဝင် ကိုယ့်အ တွက် အတွေ့အကြုံသစ်ကို ယူ မယ်ပေါ့’’ ဟု ၎င်းကပြောသည်။ 
၎င်းပါဝင်သရုပ်ဆောင်ရ မည့် ကာရိုက်တာအတွက် အ ကောင်းဆုံးကြိုးစားသရုပ်ဆောင် မည်ဖြစ်သကဲ့သို့ ကိုရီးယားမင်း သား Ryu Sang Wook နှင့် အက် တင်လုပ်ကြည့်ရာ အဆင်ပြေ သည်ဟု ဆိုသည်။ 
‘‘ကိုရီးယားရဲ့ ဆိုးလ်နဲ့ ဘူ ဆန်နဲ့မှာ အရင်ရိုက်မှာပါ။ မင်း သားက သရုပ်ဆောင်ကောင်း တယ်။ အလုပ်လုပ်လို့ အဆင်ပြေ တယ်။ သူက ကိုယ့်နိုင်ငံမှာ အခု မှရောက်ပြီး လေ့ကျင့်တာ၊ ဘာ ညာလုပ်ပေမယ့် အဆင်ပြေ တယ်။ သူတကယ် စိတ်နှစ်ပြီး အက်တင်လုပ်ပြတယ်’’ ဟု ဝတ်မှုံ ရွှေရည်က ပြောသည်။ 
တိမ်တွေပေါ်ကပန်း ဇာတ် ကားတွင် ၎င်းပါဝင်သရုပ်ဆောင် ရမည့် ဇာတ်ရုပ်ကို တစ်ခါမျှသရုပ် မဆောင်ဖူးသေးသည့်အပြင် ဇာတ်ကို စတင်ဖတ်စဉ်ကတည်း က စိတ်ခွန်အားပေးရရှိသည့် ကာ ရိုက်တာဖြစ်သည်ဟု ဆိုသည်။ 
‘‘အက်တင်ပိုင်းတွေတခြား သော သရုပ်ဆောင်မှု အပိုင်းတွေ အတွက် ပြင်ဆင်ထားပါတယ်။ မင်းသားနဲ့ ခင်အောင်နေရမယ်။ အခုလည်းခင်ပါတယ်။ ရိုက်ရင် တော့ ပိုပြီး အဆင်ပြေသွားမှာပါ။ ကစ်က လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားတယ်။ အလုပ်သ ဘောအရဆိုတော့လေ။ ရှက်တာ မျိုးမရှိပါဘူး။ ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်ကို သူနဲ့ညှိပြီး သရုပ် ဆောင်ရမှာပေါ့’’ ဟု ဝတ်မှုံရွှေ ရည်ကပြောသည်။ 
ကိုရီးယား-မြန်မာချစ်ကြည် ရေးအနေဖြင့် ပူးပေါင်းရိုက်ကူး သည့် ဇာတ်ကားဖြစ်သည့်အပြင် မိမိနိုင်ငံအတွက် မှတ်တိုင်တစ်ခု ဖြစ်စေသောကြောင့် တာဝန်ကျေ ရန် ကြိုးစားရိုက်ကူးမည်ဖြစ် ကြောင်း ဝတ်မှုံရွှေရည်ကပြော သည်။ 

7Day 

0 comments:

Post a Comment