Tuesday, August 2, 2022

တောင်ကုတ်မြို့တွင် ဆင်ဖြူတကောင် မွေးဖွား


 

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဆင်ဖြူတကောင် မွေးဖွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်ရှိ

 


နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်ကွပ်မျက်မှုကြောင့် စစ်ကောင်စီကို အာဆီယံနှင့် နိုင်ငံတကာက ဖိအားများပေးနေချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ် ယနေ့ နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် အာဆီယံအစည်း အဝေး၌ မြန်မာအရေး ဆွေးနွေးမှု မှေးမှိန်ဖွယ်ရှိ


ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်တွင် ယနေ့ (ဩဂုတ် ၃) ၌ စတင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာ မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားပေးမှုများကို တွန်းအားပေးဆောင် ရွက်ဖို့ရှိကြောင်းသိရပါတယ်။

အမျိုးသားညီညွတ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးသည့် နိုင်ငံများ

 

ဂျပန်နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကို ဇူလိုင် ၃၁ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

Thursday, July 28, 2022

NUG ရဲ့ ကိုယ်စားလှယ်ရုံး သြစတြေးလျနိုင်ငံတွင် ဖွင့်တော့မည်

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးကို သြစတြေးလျနိုင်ငံ မြို့တော်၊ ကင်ဘာရာမှာ လာမယ့် သီတင်းပတ်အတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အကြီးတန်း သြစတြေးလျအရာရှိတွေ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာဌာနတွေက အရာရှိတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

သေဒဏ်ပေးသည့်အပေါ် ထောက်ခံပွဲ ဘူးလက်လှဆွေ ဦးဆောင်ပြုလုပ် (ဓာတ်ပုံ)

 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကန့်ကွက်ရှုတ်ချပြီး သေဒဏ်ပေးတဲ့အပေါ် ထောက်ခံတဲ့ပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေမှာ ဘူးလက်လှဆွေကဦးဆောင်ပြီး လူအင်အားရာနဲ့ချီ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ပဒေါ်လာပေါက်စျေး ၂၈၀၀အထိရှိလာ

 


ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာငွေ စျေးနှုန်းဟာ ကြိုက်ရောင်းကြိုက်ဝယ်စျေးအနေနဲ့ တစ်ဒေါ်လာကို ၂၈၀၀ ကျပ်စျေးပေါက်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ နိုင်ငံတော်မှာ အရန်ငွေ လုံလုံလောက်လောက်ရှိတယ်ဆိုပြီး ထုတ်ပြောလာပါတယ်။

Monday, November 23, 2020

ဆိုင်ထိုင်ရောင်းချခွင့်ပြုရာတွင် လူဦးရေကန့်သတ်ချက်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဟုဆို

 

လာမယ့် ဒီဇင်ဘာလဆန်းပိုင်းမှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ဖို့ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေရာ အရင်ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေအပြင် လူဦးရေ ကန့်သတ်ချက်နဲ့သာ ရောင်းချခွင့်ပြုမယ့် စည်းကမ်းချက်တစ်ခုထပ်တိုးထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

Sunday, November 22, 2020

အကယ်ဒမီ မိုးဒီ Covid- 19 ရောဂါ ကူးစက်ခံရ

 

သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ကိုဗစ်ပိုး ရှိ/ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး Positive အဖြေထွက်လာခဲ့တယ်လို့သိရပါတယ်။

Friday, November 20, 2020

မြို့နယ်အခြေပြုကွာရန်တင်းစင်တာများတွင် ကျွေးမွေးရေးခက်ခဲနေ

 

မြို့နယ်အခြေပြုကွာရန်တင်းစင်တာတွေ (CBFQ) မှာလှူဒါန်းသူတွေ နည်းလာတဲ့အတွက် ကျွေးမွေးရေးအခက်အခဲ တွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုအပေါ် ကြိုဆိုဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ တပ်မတော်၏ အပစ်အခတ်ပ်စဲရေးနှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သော ၅ ဦးပါ ငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ကြိုဆို

 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှုကို ကြိုဆိုကြောင်း AA ၊ TNLA နှင့် MNDAA ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာချက် တစ်ရပ် နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဟု AA ထုတ်ပြန်

 

ရခိုင်တပ်တော် AA က ဖမ်းဆီးထားသော NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA က ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

ရွေးကောက်ပွဲ အောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သဝဏ်လွှာပေးပို့

 

ရွေးကောက်ပွဲအောင်မြင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ထံသို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံး

 

ကချင်ပြည်နယ် ဖာကန့်မြို့နယ်အတွင်းမှာ နိုဝင်ဘာ(၂၀)ရက် မွန်းလွဲပိုင်းက ရွှေမျောတိုက်တဲ့ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မြေစာပိပြီးသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်ဝန်ကြီးချုပ် ဂုဏ်ပြုစကားပြောကြား

 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ၏ ခေါင်းဆောင် မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၂၀ နံနက်တွင် ဆက်သွယ်စကားပြောခဲ့သည်။

Wednesday, November 18, 2020

ကိုဗစ်ချေးငွေ တတိယသုတ်တွင် လုပ်ငန်း (၆၉၈) ခုအား ကျပ် ၂၂ ဘီလီယံကျော် ထုတ်ယူခွင့်ပြု

ဒုတိယအကြိမ် COVID-19 ချေးငွေ တတိယအသုတ်တွင် လုပ်ငန်း (၆၉၈)ခုအား ကျပ် ၂၂ ဘီလီယံကျော် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ သိရသည်။

မန္တလေးဆေးရုံကြီးတွင် COVID-19 ပိုးတွေ့ရှိသူ နေ့စဉ် ၃၀ ကျော်ရှိ

 

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 သံသယလူနာများနေ့စဉ် ၁၀၀ ကျော်လာရောက်ပြသလျက်ရှိရာ ယင်းထဲတွင် ပိုးတွေ့သူ ၃၀ ကျော်ရှိကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး ထံကသိရသည်။

ခရစ္စမတ် မတိုင်မီ ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ဖွယ်ရှိဟု Pfizer-BioNTech ကုမ္ပဏီတို့ ပြောဆို

 

နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု ရလဒ်တွေအရ ထိရောက်မှုနှုန်း ၉၅ ရာခိုင်နှုန်းရှိကာ ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း တွေ့ရှိခဲ့အပြီးမှာ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးကို အမေရိကန်နဲ့ ဥရောပမှာ နောက်လကစပြီး အရေးပေါ် အသုံးပြုမှုဆိုင်ရာ ခွင့်ပြုချက်ရနိုင်ကြောင်း ယင်းဆေးဝါးကုမ္ပဏီတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၂၅၀၀၀၀ ကျော်ရှိလာပြီး နယူးယောက်မှာ စာသင်ကျောင်းတွေ ပြန်ပိတ်



အမေရိကန်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့ ( နိုဝင်ဘာ ၁၈ ရက်နေ့ ) မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၅၀၀၀၀ ကျော်လွန်သွားခဲ့ပြီး နယူးယောက်မြို့မှာ ဗိုင်းရပ်စ်ကူးစက်နှုန်းတွေ ခုန်တက်လာခြင်းကြောင့် နယူးယောက်စီးတီးမှာ အစိုးရစာသင်ကျောင်းတွေရဲ့ အခန်းတွင်းသင်ကြားမှုတွေကို ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲအဆင့်ဆင့်မှအယောက်၇၀ကျော်ပိုးကူးခံရ

 


ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ကော်မရှင်အဖွဲ့ခွဲရုံးတွေက ၇၁ဦးဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ချိန်မှာ COVID-19ရောဂါပိုး ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ပါတယ်။