Tuesday, August 2, 2022

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် အာဆီယံအစည်း အဝေး၌ မြန်မာအရေး ဆွေးနွေးမှု မှေးမှိန်ဖွယ်ရှိ


ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်တွင် ယနေ့ (ဩဂုတ် ၃) ၌ စတင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာ မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားပေးမှုများကို တွန်းအားပေးဆောင် ရွက်ဖို့ရှိကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့အပတ်က နိုင်ငံရေးအကျဉ်းသားလေးဦးအား စစ်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းအပေါ်ကိုလည်း အာဆီယံနိုင်ငံများက ရှုတ်ချခဲ့ပြီး မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ဦးဆောင်ဦးရွက်ပြုမှုတွေမှာလည်း တစ်စုံ တစ်ရာအကျိုးဖြစ်ထွန်းမှု မရှိခဲ့တာတွေအပေါ် အဖွဲ့အနေနဲ့ စိတ်ပျက်စရာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းမှုကြောင့် မြန်မာဟာ ပရမ်းပတာအခြေအနေများသို့သက်ဆင်းခဲ့ရပြီး လုံခြုံ ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်များရဲ့ အကြမ်း ဖက်နှိမ်နင်းမှု‌တွေမှာ အပြစ်မဲ့ပြည်သူ ၂,၁၀၀ ခန့်သေဆုံးခဲ့ရတာနဲ့ စပ်လျဉ်းပြီး မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ် တင်း ကျပ်တဲ့အရေးယူမှုများပြုလုပ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့အစည်း‌တွေကလည်း တောင်းဆိုထားကြပါတယ်။
သို့ပေမယ့်လည်း အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် အမေရိကန် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေတက်‌ ရောက်မယ့် ယခု အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမှုတွေကို မှေးမှိန်သွားစေနိုင်‌ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ် က သူ့နယ်မြေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်လို့ ကြေငြာထားတဲ့ ထိုင်ဝမ်ကို နန်စီပလိုစီရဲ့ခရီးစဉ်ကို တုံ့ ပြန်တဲ့အနေနဲ့ စစ်ရေးဆိုင်ရာအရေးယူမှုတွေဆောင်ရွက်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၂) နှောင်းပိုင်းက ဘေဂျင်းအစိုးရက ဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံးအ ကြိမ် လူကိုယ်တိုင်တက်ရောက်ရတဲ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာလည်း မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေအကြား ရယူခဲ့တဲ့ ဘုံသဘောတူညီချက် ငါး ချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ မလေးရှားက ဦးဆောင်ကာ မူဘောင်တွေထပ်မံချမှတ်နိုင်ရန် မျှော်မှန်းရပါတယ်။
"ငြိမ်းချမ်းရေး ကတော့ စောင့်လို့ရပါတယ်။ ဒါပေမယ့်လည်း လူ့အသက်‌ တွေကို ကယ်တင်နိုင်ဖို့ကတော့ စောင့် ဆိုင်းလို့ရတာမျိုးမဟုတ်ပါဘူး" လို့ အာဆီယံဆိုင်ရာ ကမ္ဘောဒီးယားရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Kung Phoak က မြန်မာကို လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးရေးနဲ့စပ်လျဉ်းကာ ပြောခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လာတဲ့ တင်းမာ မှု‌တွေဟာလည်း ယခုအစည်းအဝေးမှာ ထိပ်တန်းရောက်စေမယ့် အကြောင်းကိစ္စတွေဖြစ်နေပါတယ်။
တရုတ်ဟာ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ် တို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ပင်လယ်ပိုင်ဆိုင်မှုနဲ့စပ်လျဉ်းပြီး ယှဉ်ပြိုင်တောင်းဆိုမှုတွေရှိနေပါတယ်။
စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်မရတဲ့ ယခု ကျင်းပမယ့် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို အမေရိကန်၊ အိန္ဒိယ၊ တရုတ် နဲ့ ရုရှ နိုင်ငံခြား‌ရေးဝန်ကြီးများပါ တက်ရောက်ရန်ရှိပါတယ်။
ရုရှနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဖနွမ်းပင် အစည်းအဝေးကို တက်ရန်အသွား မြန်မာသို့ ခေတ္တဝင်ရောက်ကာ စစ်အုပ်စုခေါင်းဆောင်တချို့နဲ့တွေ့ဆုံဖို့လည်းရှိပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာ နဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်ဖြစ်သူ စပိန်လူမျိုး Josep Borrell သည်လည်း ယခုအပတ်နှောင်းပိုင်းမှာ အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီး‌ များနဲ့တွေ့ဆုံဖို့ရှိပါတယ်။
ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့တဲ့ ဂျီ - ၂၀ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာ တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ သီးသန့်တွေ့ဆုံခဲ့ပေမယ့် ယခုတစ်ကြိမ် ဖနွမ်းပင်မှာတော့ ယင်းကဲ့သို့တွေ့ဆုံဖွယ်မရှိလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုခဲ့ပါတယ်။
Burma Associated Press


0 comments:

Post a Comment