Tuesday, December 27, 2022

ဗကသမှ ကျောင်းသား ၂ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်

ဗကသများအဖွဲချုပ်မှ ကျောင်းသား ၂ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ နှစ်ရှည်ချမှတ်လိုက်ကြောင်း ဗကသများအဖွဲချုပ်ထံမှ သိရသည်။

အသက် ၃၅ နှစ် မကျော်ခင် အိမ်ထောင်ပြုပြီး ရင်သွေးလေးယူမယ်ဆိုတဲ့ မေမီကိုကို

ပရိသတ်အားပေးမူတွေ များစွာရရှိထားတဲ့ မင်းသမီးလေး မေမီကိုကိုကတော့ အသက် ၃၅ နှစ် မကျော်ခင်မှာ အိမ်ထောင်ပြုပြီး ရင်သွေးလေးယူမယ်လို့ ဆိုလာပါတယ်။

အမေရိကန်၏ NDAA တွင် PDF များနှင့် IIMM ကို ထောက်ပံ့မည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အမေရိကန်အစိုးရကို သံတမန်စာပို့သည့်အပြင် မြန်မာပြည်ရှိ အမေရိကန်သံရုံးအကြီးအကဲကိုပါ ဆင့်ခေါ်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ဟု SAC ၏ MOFA ထုတ်​ပြန်

အမေရိကန်၏ NDAA တွင် PDF များနှင့် IIMM ကို ထောက်ပံ့မည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အမေရိကန်အစိုးရကို သံတမန်စာပို့သည့်အပြင် မြန်မာပြည်ရှိအမေရိကန်သံရုံးအကြီးအကဲကိုပါ ဆင့်ခေါ်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ဟု SAC ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်​ပြန်ထားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၆၀ ကျော်ရှိ လုပ်ငန်းပေါင်း ၇၀ ကျော် ခွင့်ပြု

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၀ ကျော်ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၆၁ ဒသမ ၃၈၇ သန်းအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။

Monday, December 26, 2022

ရန်ကုန်မှာ လူဦးရေစာရင်း ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ကောက်မယ်လို့ဆို

မြေပြင် လူဦးရေစာရင်းကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်အိမ်ချင်းစီ စာရင်းကောက်ယူတဲ့လုပ်ငန်းကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။

တရုတ်ကို ငှက်ပျော်တင်ပို့မှာ ကျပ်ငွေအစား ယွမ်ငွေဖြင့် ပြောင်းလဲ စည်းကြပ်ကောက်ခံနေ

တရုတ်နိုင်ငံကို ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ငှက်ပျောတင်ပို့ရာမှာ ကျပ်ငွေနဲ့ စည်းကြပ်ကောက်ခံမှုအစား ယွမ်ငွေနဲ့ ပြောင်းလဲကောက်ခံနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ထုတ်ကုန်ပြပွဲ မန္တလေးတွင် ပြုလုပ်နေ

အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ထုတ်ကုန်ပြပွဲကို မန္တလေးတွင် ယနေ့မှစပြီး သုံးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် မြန်မာအပါ တရားမဝင် အလုပ်သမားများအတွက် အလုပ်ရှားပါးနေ

လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီးများနေသဖြင့် မြန်မာအပါအဝင်တရားမဝင် အလုပ်သမားများအတွက် အလုပ်အကိုင် ရှားပါးနေကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

EAO အနည်းဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော် ရောက်နေ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) အနည်း ဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၅) နှစ်ထပ်မံချမှတ်

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းအား အင်းစိန်ထောင်တွင်း တရားရုံက အီလက်ထရောနစ် ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား PDF အဖွဲ့ဝင်များက Drone ဖြင့် ဗုံးပစ်ချ၊သံဃာတော် ၁ ပါးပျံ လွန်တော်မူ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကျောက်စရစ်ကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းစုစီ နည်းပဒေကို ကြိုပြင်ဆင်ပြီး ရဲတပ်ဖွဲ့ ကို လုပ်ပိုင်ခွင့်ပိုပေး

စစ်အာဏာသိမ်းမှုအောက်မှာရှိနေပြီး လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု မရှိသလောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ပြင်ဆင်လိုက်ပါတယ်။

ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ် တက်ရောက်၊ ‌သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေး

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သလို သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင် ဖမ်းဆီးခံရ

မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီအကြောင်းကိုသိတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ရုရှား-မြန်မာ နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ရုရှားဒု-ရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN တို့တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နဂါးနန်းတော် ရွှေဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များလုယက်သူကို ဆိုင်ဝန်ထမ်းများက ဖမ်းဆီးနိုင်ခဲ့


အမျိုးသမီးဝန်ထမ်းများ ထုတ်ပယ်ရမည်ဟူသောအချက်ကိုဆွေးနွေးရန် ကုလအရာရှိများနှင့်အင်န်ဂျီအိုခေါင်းဆောင်များတွေ့ဆုံမည်

အမျိုးသမီးဝန်ထမ်းများ မထားရှိရဟူသောအမိန့်ကြောင့် ကုလထိပ်တန်းအရာရှိများနှင့် အာဖဂန်အတွင်းလုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် အင်န်ဂျီအိုများမှခေါင်းဆောင်များသည် ကဘူးလ်မြို့၌ တနင်္ဂနွေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

သနပ်ခါးအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တရားဝင်ဖြန့်ဖြူးရောင်းချဖို့စီစဉ်နေ

မြန်မာ့သနပ်ခါးကိုအခြေခံတဲ့ ဆေးဝါးတွေထုတ်လုပ်ကာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး တရားဝင်ဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက် ပြန်ဝယ်နေရတယ်လို့ ရွှေအသင်းပြော

ပြည်တွင်း ရွှေဈေးကွက်ထဲ ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက်ပြန်ဝယ်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။

YBSယာဉ် ၁၅ လိုင်းက ဘတ်စ်ကားတွေမှာ CCTVတွေတပ်ဆင်ပြီးလို့ YRTCထုတ်ပြန်

YBSယာဉ်လိုင်းတွေမှာ  ဖြစ်ပွားတဲ့အမှုအခင်းတွေနဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေရှိလာရင် တရားခံကိုအချိန်မှီဖော်ထုတ်နိုင်ဖို့နဲ့ ခရီးသည်တွေ လုံခြုံစိတ်ချစွာလိုက်ပါစီနင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ CCTVတွေတပ်ဖို့အထူးကြပ်မတ်လုပ်ဆောင်နေရာမှာ ယာဉ်လိုင်း၁၅လိုင်းမှာ တပ်ဆင်ထားပြီးဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ကနေ သိရပါတယ်။