Tuesday, December 27, 2022

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၆၀ ကျော်ရှိ လုပ်ငန်းပေါင်း ၇၀ ကျော် ခွင့်ပြု

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၀ ကျော်ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၆၁ ဒသမ ၃၈၇ သန်းအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန်အထိ နှစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၄၆၁ ဘီလျံ ခွင့်ပြုပေးခဲ့သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်ကို ခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။
အဆိုပါ ၃၄ နှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၁၄၅၀ ကျော်အထိ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၄ ရာခိုင်နှုန်းကျော်ရှိသည်။
ပုံစာ။ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်နေသည့် Daewoo Bus ကို တွေ့ရစဥ်(Photo-Daewoo Myanmar)

MTN

0 comments:

Post a Comment