Monday, December 26, 2022

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် (၅) နှစ်ထပ်မံချမှတ်

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းအား အင်းစိန်ထောင်တွင်း တရားရုံက အီလက်ထရောနစ် ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

ယခင် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံထားရသည့်အတွက် ယနေ့ ထပ်မံချမှတ်လိုက်သည့် (၅) နှစ်နှင့်ဆိုလျင် ထောင်ဒဏ် (၇) နှစ် ချမှတ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကမာရွတ်မီဒီယာတည်ထောင်သူ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်နှင့် ကိုဟံသာညိန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

” ဒီနေ့ ကိုဟံသာကို (၅) နှစ် ထပ်ချတယ်ပြောတယ်။ အရင် (၂)နှစ်နဲ့ဆိုတော့ ပေါင်း (၇) နှစ်ပေါ့။ သူကတော့ စိတ်ဓာတ်ခိုင်မာတဲ့သူလည်း ဖြစ်တယ်။ ရဲရင့်ပြတ်သားတဲ့သူလည်းဖြစ်တယ်ဆိုတော့ အကောင်းဆုံး ဖြတ်ကျော်သွားနိုင်မှာပါ။ ပြီးခဲ့တဲ့ လွတ်ငြိမ်းတုန်းကတောင် ပြန်ပါမလားဆိုတဲ့ မျှော်လင့်ချက်ရှိတာပါ့ ။ အခု ထပ်ချလိုက်ပြီဆိုတော့လည်း ပြောစရာစကား မရှိတော့ဘူးပေါ့နော်” ဟု ကိုဟံသာညိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုဟံသာညိန်းနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကို နစကက အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သော်လည်း ကိုဟံသာညိန်းကို ဆက်လက်ဖမ်းဆီးထားကာ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သ ည်။

ကိုဟံသာညိန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ထားပြီး ယနေ့ နံနက်ပိုင်းတွင် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ် (၅) နှစ် ထပ်မံ ချမှတ်ခဲ့ခြင်း ဖြ စ်သည်။


Popular

0 comments:

Post a Comment