Monday, December 26, 2022

နဂါးနန်းတော် ရွှေဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များလုယက်သူကို ဆိုင်ဝန်ထမ်းများက ဖမ်းဆီးနိုင်ခဲ့

ထို့နောက် အသင့်ပါလာသည့်သေနတ်ဖြင့် ရွှေဆိုင်ဝန်ထမ်းများအားခြိမ်းခြောက်ကာ အိတ်အတွင်းသို့ ရွှေထည်ပစ္စည်းများအားထည့်ခိုင်းရာ ဆိုင်ဝန်ထမ်းများက လုံးထွေးဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
"ရွှေဆိုင်ကဝန်ထမ်းတွေရဲ့သတ္တိကတော့ အရမ်းကောင်းတယ် သေနတ်နဲ့လူကိုလုံးထွေးပြီး ဖမ်းနေတုန်း အော်ပြီးအကူအညီလည်းတောင်းတဲ့အတွက် ဖြတ်သွားတဲ့လုံခြုံရေးအဖွဲ့တွေပါတဲ့ကားကချက်ခြင်းရပ်ပြီး ဝိုင်းဖမ်းခဲ့တာပါ"ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ အရက်ပုလင်းခွံ ၄ လုံးအားပူးကာတိပ်ဖြင့်ပတ်၍ နှစ်ပင်လိမ်ဝါယာကြိုးအား ဆားကစ်ပြားဖြင့်တပ်ပြီး အိတ်အမည်းဖြင့်အုပ်ထားသည့် မိုင်းအတုတစ်ခုနှင့်ဓားတစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား ဥပဒေအရထိရောက်စွာအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်၍အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Popular

0 comments:

Post a Comment